ကျော်လင်းထွန်း (အချောင်းဦး)
.
.
သက်ရှိတိုင်းတွင် အကျင့်ကိုယ်စီ ရှိကြသည်။ သက်ရှိဟု ဆိုပါလျှင်
သစ်ပင် (plant) နှင့် သတ္တ ဝါ (animal)ပါဝင်သည်။ သစ်ပင်လည်း သူ့ပတ် ဝန်းကျင်နှင့် သင့်လျော်သော
သွင်ပြင်လက္ခာဏာ အကျင့် ရှိကြသည်။ သို့သော် သစ်ပင်သည် သတ္တ ဝါကဲ့သို့သော စိတ်ခံစားချက်
မရှိပါ။ သက်ရှိသတ္တ ဝါမှာမူ အဟိတ် တိရစ္ဆာန်ပင် ဖြစ်စေကာမူ စိတ် ခံစားချက် ရှိကြသည်။
သူတို့၏ ကျင်လည်ပေါက် ဖွားရာ ပတ်ဝန်းကျင်နှင့် ကျက်စားကြီးပြင်းရာ ပတ်ဝန်းကျင်တို့အပေါ်
မူတည်၍ အကျင့်စရိုက် များ ပြောင်းလဲတတ်ကြသည်။ စာရေးသူတို့ ငယ် စဉ်က သင်ယူသိခဲ့ရသော
''ကျေးညီနောင်''သည် သိမြင်ထင်ရှားဆုံးသော သာဓကပြ ပုံပြင်တစ်ပုဒ် ဖြစ်သည်။ အဟိတ် တိရစ္ဆာန်ပင်
ပတ်ဝန်းကျင်ပေါ် မူတည်၍ ဤမျှပြောင်းလဲတတ်ကြသော် စဉ်းစား ဆင်ခြင်နိုင်မှု အမြင့်မားဆုံးနှင့်
ဦးနှောက်အဖွံ့ဖြိုး ဆုံးသော 'လူသား'တို့မှာမူ မည်မျှပြောင်းလဲကြ မည်ကို စာဖတ်သူတို့
တွေးဆရှုမြင်နိုင်ပါ လိမ့်မည်။
စာရေးသူတို့ မြန်မာနိုင်ငံသည် ''ပြည်ထောင်စု''ဖြစ်သည်နှင့်အညီ တိုင်းရင်းသားလူမျိုးစုများ
အတူတကွ မှီတင်းနေထိုင်ခဲ့ကြပါသည်။ ရှေးသမိုင်းများအရ မွန်၊ ဟံသာဝတီ၊ အင်းဝ စသည် ဖြင့်
အချင်းချင်း စစ်တိုက်ခဲ့ကြ သော်လည်း အချိန် တန်၍ ပြည်ပမှ ကျူးကျော်လာသောအခါ ပြည် ထောင်စုဖွား
ညီအစ်ကို မောင်နှမများ စည်းလုံး ညီညွတ်စွာ တိုက်ထုတ်ခဲ့ကြပါသည်။ သို့သော် တစ်ချိန်က
ကိုလိုနီနယ်ချဲ့တို့၏ အကွက်ကျကျ သွေးခွဲခဲ့မှုကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသား
ညီအစ်ကိုအချင်းချင်း အမြင်စောင်း အထင်လွဲခဲ့မှု များမှာ ရင်နာစရာ ကောင်းလှသည်။ ထိုအကျင့်
ဆိုးတို့၏ အကျိုးဆက်များအဖြစ် ပြည်တွင်းစစ် အသွင်ဖြင့် အချင်းချင်း စည်းလုံးမှု ပြိုကွဲနေရ
သည်။ ဤသည်မှာ နယ်ချဲ့၏ ကိုလိုနီစနစ်နှင့် သွေးခွဲမှုကြောင့် ဖြစ်၍ မြန်မာတိုင်းရင်းသား
အ ချင်းချင်း အကျင့်ပျက်ခဲ့ရ၍ အကျင့်ဆိုးခဲ့ကြခြင်း ဖြစ်သည်။
.
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်မူ အာဏာ ယစ်မူးသူတစ်စု၏ တွေးခေါ်မြော်မြင်မှု
ကင်းမဲ့စွာ အတ္တကြီးမှုများ၏ အကျိုးဆက်များကြောင့် လက်ရှိစာရေးသူတို့၏ ပြည်ထောင်စုဖွား
ညီနောင်များ၊ လူရွယ် လူလတ်နှင့် လူငယ်အများစုမှာ ကြောက် စရာကောင်းလောက်အောင် အကျင့်ဆိုးနေကြ
လေပြီ။ အာဏာရှင် တစ်ဖွဲ့၏ စနစ်ကျကျ ဖျက် ဆီးပစ်ခဲ့သော ပညာရေးစနစ်၏ အကျိုးဆက်အဖြစ် ပညာတတ်
လူရွယ်လူလတ် အများစုနှင့် ပညာသင်ကြားနေကြဆဲ ကျောင်းသားကျောင်းသူ အများစု၏ အကျင့်စရိုက်တို့မှာ
လွန်စွာ ဆိုးရွားနေ လေပြီ။ အာဏာရှင်တို့သည် သူတို့၏ အာဏာ ရှင်စနစ်ကို ကျောင်းသားကျောင်းသူ၊
ပညာတတ် များက တော်လှန် ပစ်မည်ကို စိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့်ပင် ကျောင်းသားကျောင်းသူများ
မသိ၊ မတတ်အောင် ကျင့်သုံး ဆောင်ရွက်လာကြသည်။ သူတို့၏ ယုတ်မာမှုကို ပြည်သူအများ မသိအောင်
သတင်းအမှောင် ဖုံးခဲ့ကြသည်။ အာဏာရှင်တစ် စု၏ ဆွေမျိုးတပည့် တစ်သိုက် လာဘ်ပေးလာဘ် ယူ
ကောင်းစားနေခြင်းကို ပြည်သူများ မသိရ အောင်
လူမဆန်စွာသော စရိုက်လက္ခဏာတို့ဖြင့် တိုင်းပြည်ကို စိတ်ကြိုက်ခြယ်လှယ် အုပ်ချုပ်ကြ တော့သည်။
အကျိုးဆက်အနေဖြင့် နောင်အနာ ဂတ်၏ လူငယ်အများစုမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်၍ပင်
အကျင့်ဆိုးနေကြပါသည်။
.
ဤသို့ အုပ်ချုပ်နေခဲ့လျှင် ဤသို့ ဖြစ်လာ မည်ကို ရှေးပညာတတ် လူကြီးများက
တွေးနိုင် စဉ်းစားနိုင်ခဲ့၍ ပြည်ထောင်စုဖွား၊ သွေးချင်းများကို ချပြနိုင်ခဲ့ကြပါသည်။
ဆရာကြီး ပီမိုးနင်း၏ ''လူ ကြီးနှင့်လူငယ်'' ဆောင်းပါးကို ကျောင်းသုံးပြဌာန်း ချက်အဖြစ်
ကျောင်းသားလူငယ်များကို သွန်သင် ရင်း လူကြီးလူလတ်တို့ကိုပါ အချင်းချင်း ညီညွတ် ကြရန်
လမ်းညွှန်ခဲ့ပါသည်။ ဤသို့စာပေ အနုပ ညာဘက်မှ မီးမောင်းထိုးပြခဲ့ကြသကဲ့သို့ ဂီတအနု ပညာဘက်မှလည်း
မီးမောင်းထိုးပြခဲ့ကြပါသည်။ အထူးသဖြင့် ဂန္တဝင်ဂီတ စာဆိုကြီး ''ရွှေတိုင် ညွှန့်'' ရေးသားပြီး
အဆိုတော် ''စိန့်ဂျွန်းထွန်းရွှေ'' သီဆို၍ ပြည်သူလူထုကို လှုံ့ဆော်တိုက်တွန်းခဲ့ သည်။
''အကျင့်ဆိုး'' သီးချင်းမှာ လွန်စွာ အနု ပညာ မြောက်ပါသည်။ ထိုသီချင်း၏ ပထမအပိုဒ် ကို
အနည်းငယ် တင်ပြလိုပါသည်။
.
''အလုပ်လုပ်ရာဝယ် အစ၊ စကာရယ်
အဆုံးထိအောင်ပင် မကြံချင်တယ် အားလျော့ကာ ရယ် ပေါ့လျော့တာရယ် အဲဒါအကျင့်ဆိုးတယ် တစ်ယောက်က ဒီလို တစ်ယောက်က ဟိုလို
အမျိုးမျိုး အဖုံဖုံ ဂုဏ်ပြိုင်တယ် နည်းလမ်းအပို
တွေ စည်းကမ်းအပိုတွေ နှစ်တွေ ကုန်ခဲ့တယ်''
.
ဆရာကြီး ရွှေတိုင်ညွှန့်သည် နောင်ဖြစ်လာမည့် (ယနေ့ခေတ် ဖြစ်နေသည်။)များကို
ကြိုတင် သိနေပေလိမ့်မည်။ ဟုတ်လည်း ဟုတ်နေသည်။ ယနေ့ခေတ်တွင် လူရွယ်လူလတ်နှင့် လူငယ်အ
များစု၏ အကျင့်များသည် သီချင်းထဲက စာသား အတိုင်း ထပ်တူထပ်မျှ ဖြစ်နေသည်။ မောင် A နှင့်
ကို B နှစ်ယောက်နှင့်ပင် အဖွဲ့ (၃)ဖွဲ့ ကွဲ သွားသည်။ မောင် A နှင့် ကို B တို့က ပူးပေါင်း
တစ်ဖွဲ့၊ မောင် A ဦးဆောင်ပြီး တစ်ဖွဲ့၊ ကို B ဦး ဆောင်ပြီးတစ်ဖွဲ့ဟူ၍ (၃)ဖွဲ့ပင် ကွဲသွားပါသည်။ ပြီးလျှင် မဟုတ်သော၊ မရှိသော
ဂုဏ်ကိုပင် ကြံ ဖန်၍ ပြိုင်ကြသည်။
.
ဒုတိယ သီချင်းစာပိုဒ်က ပို၍ လေးနက်လှ ပြန်သည်။ ဖတ်ရှုခံစားပါလော့
စာရှုသူ။
.
''ငယ်သူက နည်းလွဲအမှားဆို အကြီးအကဲ များကို မရိုသေတယ် ရွယ်တူက အသင်းအပင် ဖွဲ့နှောင် အချင်းတည့်အောင် မပေါင်းကြတယ် ဒုတိယသီချင်းပိုဒ်က
ကျန်ပါသေးသည်။ ယနေ့ ခေတ်တွင် လူငယ်များကလည်း လူကြီးကို မလေး စား။ လူကြီးကလည်း လူငယ်တွေကို
တန်ဖိုးမ ထား။ ဒီကြားထဲမှ လူရွယ်၊ လူလတ်တို့မှာ ဟိုမ ရောက်၊ ဒီမရောက်လည်း မဟုတ်။ ဟိုရောက်နေ
သလိုလို (လူကြီးတစ်ပိုင်း) ဒီရောက်နေသလိုလို (လူငယ်တစ်ပိုင်း) ဖြစ်နေပြီး ယောင်ဝါးဝါးက
များ နေကြလေသည်။ တစ်ချိန်က စည်းလုံးညီညွတ်ခဲ့ ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား
လူကြီး ၊ လူလတ်၊ လူငယ်အပေါင်းတို့သည် သဘော ထားသေးသိမ်စွာဖြင့် သူများအပြစ်ကိုပင် ရှာဖွေ
ကဲ့ရဲ့ ရှုတ်ချသူက များလာသည်။ ''ကိုယ့်မျက်ချေး ကို ကိုယ်မမြင်ဘဲ သူများမျက်ချေးကိုပဲ
မြင်သူ'' များလာကြသည်။
.
''အကျင့်ဆိုး'' သီချင်းတစ်ပုဒ်လုံးမှာ အင်မ တန် ကောင်းလှပါ၏။ စာရေးဆရာကြီး
ဆရာချစ် ဦးညို သီဆိုဟောပြောမှု မှာ အလွန်ကောင်းပါ၏။ ဤ အကောင်းကို အားလုံး တင်ပြရသော်
စာဖတ် သူ ငြီးငွေ့မည်ကို စိုးရိမ်မိ၏ ကောင်းနိုးရာရာ၊ အ ကောင်းတကာ့ အကောင်းဆုံးကိုသာ
တင်ပြရေး သားရပါသည်။ သီချင်း၏ တစ်နေရာတွင်မူ
.
''အလိုက်မသိတာတွေရယ် ကိုယ့်အဖို့တော့ ကိုယ်သိတယ်
နောက်လူတော့ ပစ်ကာပယ် ဒီဉာဏ်မျိုး
အလွန်ဆိုးတယ် ''
.
ဆိုတဲ့ စာသားကို တွေ့ရပါသည်။ စာရေးသူ ရှင်းပြစရာ၊ ရေးစရာ မလိုလောက်အောင်ပင်
ရှင်း လင်းနေပါသည်။ ရှေးခေတ်က ရှေးပညာတတ် ကြီးများကဲ့သို့လည်း ပြည်သူ့နီတိ၊ လောက နီတိ
နားမလည်ကြ။ လောကီလောကုတ် စာပေလည်း မကျွမ်းကျင် မနှံ့စပ်ကြ။ ခေတ်မီကြသလား ဆို ပြန်တော့
အပေါ်ယံ (for show)သာလျှင် ခေတ် မီပြနေကြ၏။ ကမ္ဘာ့၏ up-to-date နိုင်ငံရေး၊ လူမှုရေးစသော
အများကောင်းကျိုးပြု အဖြစ်အ ပျက်၊ အပြောင်းအလဲ သိသူက အလွန်အင်မတန် နည်းလာပါသည်။ ထိုမျှမက
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍ စိတ်ထဲ မထားကြ။ မိမိကောင်း ရာကောင်းကြောင်း လမ်းညွှန်သူကိုပင်
ရန်သူသ ဖွယ် သဘောထားကာ အခွင့်သာလျှင် ပြန်လည် ပညာပြသည့်သဘော ရိုက်ချင်နှက်ချင်သည့်
လူ ငယ်များပင် ဤလူ့အသိုင်းအဝိုင်း၌ ဝမ်းနည်းစွာ တွေ့နေရပါသည်။
.
ဤရွေ့ဤမျှ စိုးထိတ်ဖွယ်ကောင်းသော အ ကျင့်ဆိုးများ ရှိနေကြသည်သူများကြောင့်
လူမှု ပတ်ဝန်းကျင်ကြီး ပျက်စီးခြင်းမလှ ပျက်စီးနေပါ သည်။ ဓာတုအစားအစာ၊ ဘိန်းဖြူ၊ ဆေးလိပ်စီး
ကရက်၊ အရက်၊ ဘီယာ၊ ဝိုင် မကောင်းသော အသောက်အစားများနှင့် KTV ကာရာအိုကေ၊ Bar နိုက်ကလပ်
စသော မကောင်းသော နေရာ များသည် ယနေ့ခေတ်တွင် မှိုလိုပေါနေပါသည်။ ခေတ်အသိပညာနှင့် နီတိအသိပညာ
ကင်းမဲ့လာ ကြသဖြင့် လူမှုဝန်းကျင်၊ သဘာဝဝန်းကျင်ကြီး ပျက်စီးနေသည်မှာ ရေးသားမကုန် ပြောမကုန်ပင်
ဖြစ်နေပါသည်။
.
အကျင့်ဆိုးများနှင့်အတူ အကျင့်တော့ ပျက် နေကြလေပြီ။ ဒီအတိုင်းဆက်နေလျှင်
မဖြစ်နိုင် တော့ပါ။ ပြည်ထောင်စုဖွား တိုင်းရင်းသားများအ နေဖြင့် ကမ္ဘာ့အလယ် မျက်နှာငယ်ရတော့မည်။
ထို့ကြောင့် ယခုမှစ၊ ယနေ့မှစ ပြုပြင်ရန်မှ တစ် ပါးအခြားမရှိတော့ပါ။ ''ပျက်အစဉ်၊ ပြင်ခဏ''ဆို
သော ဆိုရိုးစကားနှင့်အညီ ဝိုင်းဝန်းပြုပြင်ကြရ တော့မည်။
.
မိမိကစ လူငယ်များကို လမ်းညွှန်နိုင်အောင် လောကီ၊ လောကုတ် နှစ်ဖြာသော
ကောင်းကျိုး များစေမည့် စာများကို ဖတ်ရမည်။ ကောင်းသော အကျင့်၊ ဟုတ်သောအကြံ မှန်သောအယူ၊
ဖြူ သော နှလုံးဖြင့် ပတ်ဝန်းကျင်ကို ကောင်းကျိုးပြု နိုင်အောင် ကြိုးစားလုပ်ဆောင်ရတော့မည်။
ကျောင်းသားလူငယ်များကို ရင်ဝယ်အသိ ကိန်း အောင်းစေရန် ဓမ္မစကူးလ်၊ ယဉ်ကျေးလိမ္မာ စ သော
သင်တန်းများသို့ ပို့ဆောင်ရမည်။ ဤမျှမ က အိမ်တွင်နေ့စဉ် ဆွမ်းကပ်၊ သောက်တော်ရေ ကပ်၊
မေတ္တာပို့၊ အမျှဝေမှသည် ဆုတောင်းခြင်း။ ဝတ်ပြုခြင်းများ အချိန်မှန် ပြုလုပ်တတ်စေရန်
လေ့ ကျင့်ပေးရမည်။ လောကီကျော်စောမှုကို ဦးစားပေး ခဲ့ပါလျှင် ကိုယ်ကျင့် အသိတရားများ
ပျက်သုဉ်း နိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
.
.
.
#KBZTai #Shan