နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မကူးစက်နိုင်သော ရောဂါများ
ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်း ဆိုင်ရာ အသိပေးရှင်းလင်းခြင်းအခမ်းနားကို လားရှိုးမြို့
ပြည်နယ်ကျန်းမာရေးဦးစီးဌာနခန်းမတွင် စက်တင်ဘာ ၄ ရက်က ကျင်းပခဲ့ကြောင်း သိရှိရသည်။
.
.
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်
အခြားမိတ်ဖက် အဖွဲ့များ ပူးပေါင်းကာ မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားမှုအခြေနေ ဖြစ်ပွားစေသည့်
အကြောင်းရင်းများကို အသိပေးရှင်းလင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ပြည်သူလူထုအတွင်းမှာ မကူးစက်နိုင်တဲ့ ရောဂါများရဲ့ ဖြစ်ပွားသေဆုံးမှု
အန္တရာယ်ကြီးမားလာမှုနဲ့ပတ်သက်ပြီး ပြည်နယ်အတွင်းရှိ တာဝန်ရှိသူများနှင့် ပြည်သူများ
ပိုသိရှိ သတိမူလာစေရန်အတွက် ကျင်းပခြင်းဖြစ်ပါတယ်" ဟု ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး
ဦးကျော်သူဇော်က အမှာစကားပြောဆိုရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။
.
အဆိုပါ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ
အကောင်ထည်ဖော်ရာတွင် ပြည်နယ် အတွင်းရှိ တာဝန်ရှိပုဂ္ဂိုလ်များနှင့်
ပြည်သူများမှ ကျန်းမာရေးကဏ္ဍများ၏ ဆောင်ရွက်မှုများကို လိုအပ်သည့် နေရာများက ပံ့ပိုးပေးနိုင်ရန်နှင့်
ပြည်သူလူထုအတွင်း၌ မကူးစက်နိုင်သော ရောဂါများဖြစ်ပွားမှု၊ အရွယ် မတိုင်ခင် သေဆုံးမှုများ
လျော့နည်းကျဆင်းလာစေရေးအတွက် ရှင်းလင်းခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
.
"မကူးစက်နိုင်သော ရောဂါဆိုတာ လူတစ်ဦးမှ တစ်ဦး ရောဂါကူးစက်ခြင်းကြောင့်
မဟုတ်ဘဲ ကျန်းမာရေးနဲ့ မညီညွှတ်သော အစားအစာများ စာသောက်ခြင်း၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့
လူမှုဘဝတွေ နေထိုင်မှုတွေ ကြာရှည်စွာ စားသောက်နေထိုင်ထိတွေ့နေရခြင်းကြောင့်ဖြစ်ပေါ်လာတဲ့
ရောဂါအစုအဝေးကိုခေါ်ခြင်း ဖြစ်ပါတယ်"
ဟု ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ ဝင်းနိုင်က ပြောသည်။
ဟု ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ ဝင်းနိုင်က ပြောသည်။
.
မကူးစက်နိုင်သော အဓိကရောဂါများမှာ သွေးတိုးနှင့် နှလုံးသွေးကြောကျဉ်းရောဂါ၊
ဆီးချို၊ သွေးချိုရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ အခမ်းနားသို့ ဌာဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊
မြို့နယ်ဆရာဝန်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan