ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်၏ ခြိမ်းခြောက်မှု အန္တရာယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်၏ ခြိမ်းခြောက်မှု အန္တရာယ်


စိုင်းကျော်မောင်
.
.
ရာသီဥတု ပြောင်းလဲလာခြင်းသည် ယနေ့ လက်ရှိ မျိုးဆက်များနှင့် နောင်လာ လတ္တံ့သော မျိုးဆက်သစ်များ အတွက် စိန်ခေါ်မှု ခြိမ်းခြောက်မှု အန္တရာယ် ဖြစ်လာသကဲ့သို့ လူသားတိုင်း၏ လူ့ အခွင့်အရေးများ အပြည့်အဝ ရရှိခံစားနိုင်ရန်အတွက်လည်း ခြိမ်းခြောက်မှုတစ်ခုလည်း ဖြစ်ပေသည်။ ယနေ့ ကမ္ဘာကြီးတွင် လူ့အခွင့်အရေးကို နေရာဒေသတိုင်း၌ အလေးပေးကာ ပြောဆိုနေ ကြသကဲ့သို့ ရာသီဥတုပြောင်းလဲလာခြင်းကြောင့် လူ့အခွင့်အရေး များလည်း ထိခိုက်လာနိုင်မှုအတွက် အသိအမှတ်ပြုကာ ပြောဆိုလာကြပြီ ဖြစ်ကြောင်း ကို မော်လ်ဒိုက်နိုင်ငံ Male မြို့မှ Male Declaration ကြေညာချက်ကို ကြည့်ခြင်းအားဖြင့် လည်း ကောင်း၊ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် Resolution A/HRC/7/23 ကို ကြည့်ခြင်းအား ဖြင့်လည်းကောင်း သိရှိနိုင်မည် ဖြစ်သည်။
.
ထို့ပြင် ရာသီဥတု ပြောင်းလဲခြင်း၏ ခြိမ်း ခြောက်မှု အန္တရာယ်ကို အသိအမှတ်ပြုသည့် အနေဖြင့် ကမ္ဘာနှင့် လူသားများ၏ ငြိမ်းချမ်းသာယာ မှုတို့အတွက် ၂ဝ၃ဝ ပြည့်နှစ်အမီ အကောင်အ ထည်ဖော် ဆောင်ရွက်ရန် ကမ္ဘာ့ခေါင်းဆောင်များ၏ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ကာ ချမှတ် ခဲ့သည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ၁၇ ခု (17 SDGs Sustainable Development Goals) တွင် ရာသီဥတု ပြောင်းလဲလာခြင်းနှင့်ယင်း၏ အ ကျိုးသက်ရောက်မှုများကို အမြန်ဆုံး တိုက်ဖျက် သွားရန် ဟူ၍ ပန်းတိုင်တစ်ခုအဖြစ် ထည့်သွင်း ထားသည်ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်သည်။ ယင်းပန်းတိုင်သည် ၁၃ ခုမြောက် ပန်းတိုင်ပင် ဖြစ်သည်။
.
ရာသီဥတု ပြောင်းလဲလာခြင်းကြောင့် မည် သည့် လူ့အခွင့်အရေးများ ဆုံးရှုံးနစ်နာသွားရ သနည်း ဟူသည့် မေးခွန်းကို ဖြေဆိုရမည်ဆိုလျှင် ရာသီဥတုပြောင်းလဲလာခြင်းကြောင့် သဘာဝဘေး အန္တရာယ်ဆိုးများ (မုန်တိုင်းတိုက်ခတ်ခြင်း၊ အပူ လှိုင်း၊ အအေးလှိုင်းများ ဖြတ်သန်းခြင်း၊ နှင်းမုန် တိုင်း၊ သဲမုန်တိုင်းများ တိုက်ခတ်ခြင်းစသည်ဖြင့်) ပိုမို ဖြစ်တည်လာနိုင်ပြီး လူသားတိုင်း၏ အသက် ရှင်သန် ရပ်တည်ခွင့်အား ခြိမ်းခြောက်လာနိုင်ပါ သည်။ အဓိက အခြေခံလူ့အခွင့်အရေးဖြစ်သည့် အသက်ရှင်သန်ခွင့် (Right to life) ကို ခြိမ်း ခြောက်လာခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် ရာ သီဥတု ပြောင်းလဲလာခြင်းကြောင့် ဖြစ်ပေါ်လာ သည့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာ သဖြင့် လူသားများ၏ အသက်ရှင်သန်ရပ်တည်ခွင့် (Right to life) ဆုံးရှုံးခြင်း၊ နေအိမ်စည်းစိမ်များ ပျက်စီးခြင်း၊ လူနေမှုအဆင့်အတန်းများ လုံ လောက်မှု ကင်းမဲ့၍ အိုးအိမ်ပိုင်ဆိုင်မှု (Right to Adequate living standard, Rights to prosperitity) များ ပျက်စီးယိုယွင်းခြင်း၊ ပင်ကိုယ်မူလ ရေရှားပါးသည့် အရပ်ဒေသများတွင် မြေအောက် ရေများ ပိုမိုနည်းပါးပြီး ရေကောင်းရေသန့် သုံးစွဲ နိုင်မှု ပိုမိုခက်ခဲလာခြင်း အတွက် ရေရရှိခွင့် (Right to water) ထိခိုက်လာခြင်း၊ သန့်ရှင်းကောင်းမွန် သော ရေ ရရှိခွင့် ဆုံးရှုံးမှုကြောင့် ရေကြောင့်ဖြစ်သော ရောဂါဆိုးများ ခံစားရခြင်း၊ သဘာဝဘေး အန္တရာယ်များ၏ နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာများ ရရှိလာနိုင်ခြင်းနှင့် နောက်ဆက်တွဲ ဖြစ်ပေါ် လာသော ကူးဆက်ရောဂါများ ခံစားရချိန်တွင် ကျန်းမာရေး ချို့ယွင်းမှု ပြဿနာများ ဖြစ်ပေါ်လာ နိုင်ပြီး အချိန်နှင့် တစ်ပြေးညီ ကျန်းမာရေးစောင့် ရှောက်မှု ခံယူနိုင်ခွင့် (Right to health) များ ဆုံး ရှုံးနိုင်ခြင်းနှင့် အဆိုးရွားဆုံးသည် ထိခိုက်လွယ် သော အုပ်စုများ (အထူးသဖြင့် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့် သက် ကြီးရွယ်အိုများ)၏ ဖွံ့ဖြိုးတိုးတက်မှု (Right to developement) ကို အဓိက အဟန့်အတားဖြစ် လာစေနိုင်ခြင်းပင် ဖြစ်သည်။
.
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးရုံးမှ ပြဆိုထားသည်မှာ ရာသီဥတု ပြောင်း လဲခြင်းနှင့် လူ့အခွင့်အရေး ကဏ္ဍအတွက် အဓိ က တာဝန်ရှိသူသည် သက်ဆိုင်ရာ နိုင်ငံတော် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ယင်းတို့၏ ရာသီဥတု ပြောင်းလဲခြင်းနှင့် သက်ဆိုင်သည့် သ ဘောတူညီချက်များ၊ မူဝါဒများနှင့် ဆောင်ရွက်ပုံ နည်းစနစ်များ ဖြစ်သည်ဟု ဆိုထားသည်။ နိုင်ငံ တော် အစိုးရသည် ယင်းနိုင်ငံအတွင်းရှိ ပြည်သူ လူထုများ၏ လူ့အခွင့်အရေးများအား လေးစားရန် ကာကွယ်စောင့်ရှောက်ရန်နှင့် ဖြည့်ဆည်းပံ့ပိုးပေး ရန် အဓိက တာဝန်ရှိပါသည်။ သို့အတွက် နိုင်ငံတွင်း မှ တိုင်းသူပြည်သား၊ နိုင်ငံသားများ၏ လူ့အခွင့် အရေးကို ထိခိုက်လာနိုင်စေသည့် ရာသီဥတု ပြောင်းလဲခြင်းကို ဖြစ်တည်လာနိုင်သော အရေး အရာအားလုံးကို နိုင်ငံတော်မှ ကြိုတင်ကာကွယ် မှုကို ဆောင်ရွက်ထားရှိရမည် ဖြစ်သည်။ ဥပမာ ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချနိုင်သည့် နည်း လမ်းများကို ကျင့်သုံး ဆောင်ရွက်ခြင်း၊ သစ်တော သစ်ပင်များ ရေရှည်တည်တံ့ရေးအတွက် ပြုန်းတီး မသွားစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မလို လားအပ်သော ဆည်များကို တည်ဆောက်မှုမှ တားဆီးပိတ်ပင်ခြင်း စသည်တို့ကို နည်းလမ်းဥပ ဒေများဖြင့် အတည်ပြုကာ ထိန်းသိမ်းပေးရမည် ဖြစ်သည်။ ထို့ပြင် နိုင်ငံအတွင်း မှီတင်းနေထိုင် ကြသူ တိုင်းသူပြည်သားများအား သဘာဝဘေး အန္တရာယ်နှင့် စပ်လျဉ်းသည့် အသိပညာ ဗဟုသု တများ ရရှိစေရန်နှင့် သဘာဝဘေးအန္တရာယ် ရင် ဆိုင်ကြုံတွေ့ရပြီးချိန်တွင်လည်း မည်ကဲ့သို့ ပြုမူ နေထိုင်ကြရမည်ကို ကျင့်သားအရ ပြင်ဆင်ကြရ မည် ဖြစ်ပေသည်။ သို့အတွက် ပြည်သူလူထုအ တွင်း အသိပညာဗဟုသုတ ရရှိစေရေး အတွက် သဘာဝဘေးအန္တရာယ် အသိပညာပေး လုပ်ငန်း များကို စဉ်ဆက်မပြတ်ဘဲ ကျယ်ပြန့်စွာ ဆောင် ရွက်ပေးရန် လိုအပ်လှသည်။
.
၂ဝ၁၇ ခုနှစ် ဇွန်လ ၅ ရက်က ကျင်းပခဲ့ သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အ ခမ်းအနားတွင် သမ္မတဟောင်း ဦးထင်ကျော် ပြောကြားခဲ့သည့် အမှာစကားတွင် ကမ္ဘာကြီး အတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ ရာသီဥတု ပြောင်းလဲ မှု ဖြစ်စဉ်၏ ခြိမ်းခြောက်မှုပင် ဖြစ်ကြောင်း၊ မြန် မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ရာသီဥတု ပြောင်း လဲမှုဒဏ်ကို အများဆုံး ရင်ဆိုင်နေရသည့် နိုင်ငံ တစ်ခုဖြစ်ကြောင်း၊ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကာကွယ် တုံ့ပြန်နိုင်ရန် ကာလရှည် အမျိုးသား ရေး စီမံချက်များ ချမှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက် ရန် လိုအပ်သည်ကို အသိအမှတ် ပြုထားသည့်အပြင် ရာသီဥတု ပြောင်းလဲခြင်းဆိုင် ရာ အမျိုးသား မူဝါဒတစ်ရပ်ကို ထုတ်ပြန်နိုင်ရန် အတွက် ကျွမ်းကျင်ပုဂ္ဂိုလ်များအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းပါဝင် ညှိနှိုင်းဆောင်ရွက်နေ ကြောင်းဖြင့် ထည့်သွင်း မိန့်ကြားခဲ့သည်ကို ကြား သိလိုက်ရ၍ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်၏ ခြိမ်း ခြောက်မှု အန္တရာယ်ကို တုံ့ပြန်ကာကွယ်ပေးနိုင် မည့် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို ပြည်သူတစ်ဦးအနေဖြင့် အသိအမှတ်ပြုလိုက်ရပေသည်။
.
ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကာကွယ်တုံ့ ပြန်ရန် ကာလရှည် အမျိုးသားစီမံချက် ချမှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်ရာ၌ ပြည်သူ လူထုကို ဦးစားပေးပြီး ပြည်သူလူထု ဗဟိုပြု၊ လူ့ အခွင့်အရေးဗဟိုပြု၊ ချဉ်းကပ်ရေး လမ်းစဉ်ဖြင့် ဆောင်ရွက်ရမည် ဖြစ်သည်။ လူ့အခွင့်အရေး ဗဟိုပြု ချဉ်းကပ်မှု လမ်းစဉ်ဆိုင်ရာတွင် တာဝန် ယူမှု၊ တာဝန်ခံမှုတွင် ခွဲခြားမှု မရှိစေရေး၊ တရား မျှတမှု ရှိစေရေးနှင့် အထူးသဖြင့် သဘာဝဘေး ဒဏ် ခံစားရသည့် ပြည်သူများအတွက် ပြန်လည် ကုစားပေးနိုင်မှု ပွင့်လင်းမြင်သာမှုတို့အပြင် တာ ဝန်သိမှု တာဝန်ရှိမှုတို့ဖြင့်လည်း အကျွမ်းဝင်လှ သည်ကို သိရှိရန် လိုအပ်လှသည်။
.
ရာသီဥတု ပြောင်းလဲမှုဒဏ်အား ကာကွယ် တုံ့ပြန်နိုင်စေရန် အတွက် အစီအစဉ်များကို စည်း စနစ်ကျနစွာ ရေးဆွဲမည်သို့မဟုတ် မူဝါဒများ ချ မှတ်မည် ဆိုပါလျှင် နိုင်ငံအတွင်းရှိ နိုင်ငံသားများ လူ့အခွင့်အရေးများကို အပြည့်အဝ ရရှိခံစားနိုင် ရေးဆိုသည့် အချက်အား အဓိကရည်ရွယ်ချက် အဖြစ် ဦးစွာထားရှိကာ ဆောင်ရွက်ရမည် ဖြစ် သည်။ဤနေရာတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ ကဏ္ဍသည်လည်း အရေးပါသည့် နေရာ၌ ရှိနေ ပေသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ ၏ စီးပွားရေးလုပ်ငန်းများကြောင့် သဘာဝပတ် ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုမှ ကင်းလွတ်နိုင်စေရန် အထူးဂရုပြုကြရမည် ဖြစ်သကဲ့သို့ လူသားတို့၏ လူ့အခွင့်အရေးများကိုလည်း ထိပါးနှောင့်ယှက်မှု များမှ ကင်းဝေးနိုင်စေရန် အတွက် နိုင်ငံတော် အစိုးရမှ မူဝါဒများ ချမှတ်ကာကွယ်စောင့်ရှောက် ပေးရမည် ဖြစ်သည်။
.
ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကို တုံ့ပြန်ကာ ကွယ်ရေးဆိုင်ရာ ကြိုးပမ်းရေး အစီအစဉ်များအ တွက် နိုင်ငံတော် အစိုးရ၏ အားတစ်တည်းဖြင့်သာ ဆောင်ရွက်ရန် လုံးဝမဖြစ်နိုင်ပေ။ တိုင်းသူပြည် သားအားလုံးမှလည်း မိမိတာဝန်အသိစိတ်ဓာတ် စေတနာကောင်းဖြင့် ပါဝင်ကာ ပူးပေါင်းဆောင် ရွက်ကြရမည်ဖြစ်သည်။ မိမိတို့၏ အခွင့်အရေး များအား ထိခိုက်ဆုံးရှုံးမှု မဖြစ်စေရေး၊ အပြည့်အ ဝ ရရှိခံစားနိုင်ရေးတို့အတွက် မိမိတို့တွင်လည်း ဝတ္တရားကိုယ်စီ ကိုယ်ငှ ရှိကြရမည် ဖြစ်သည်။ သဘာဝဘေးအန္တရာယ် တို့များ မဖြစ်ပွားမီ ကြို တင်ပြင်ဆင်မှုများကို လူသားတိုင်းမှ အသိတရား ရှိရှိဖြင့် စီမံချက်များ ထားရှိကာ လုပ်ကိုင်ဆောင် ရွက်ထားကြရမည် ဖြစ်သကဲ့သို့ သဘာဝဘေး အန္တရာယ်များ ကြုံတွေ့ရင်ဆိုင်ရပြီးနောက်ပိုင်း တွင်လည်း တာဝန်ရှိ ပုဂ္ဂိုလ်များ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းကာ လက်ရှိ အနေ အထားသို့ ပြန်လည်ရရှိရန် ဆောင်ရွက်ကြရမည် ဖြစ်သည်။ ဖွံ့ဖြိုးမှု နောက်ကျသည့် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်နေပါကလည်း ဖွံ့ဖြိုးတိုးတက် ပြီး နိုင်ငံများ၏ နည်းပညာများ၊ ဘဏ္ဍာငွေအ ထောက်အပံ့များ လိုအပ်လာသည့်အလျှောက် အ ကူအညီများ ရယူသင့်ပေသည်။ သဘာဝ ပတ် ဝန်းကျင် ပျက်စီးဆုံးရှုံးမှုကြောင့် ရာသီဥတုများ ဖောက်ပြန်ကာ ပြောင်းလဲလာရခြင်း ဖြစ်ပြီး သ ဘာဝပတ်ဝန်းကျင် ပျက်စီးမှု၏ ၉ဝ ရာခိုင်နှုန်း သည် လူသားများ၏ အသိပညာ ဗဟုသုတနည်း ပါးမှု၊ ကိုယ်ကျိုးစီးပွားများအတွက် ရယူပိုင်ဆိုင်လို မှု၊ လောကသားများ၏ ပယောကများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည့်အတွက် လူအများက သာလျှင် စိတ်ကောင်းစေတနာမွန်ဖြင့်သာ ပြန် လည်၍ ပြုပြင်ထိန်းသိမ်း ကာကွယ်တည်ဆောက် ကြမည်ဆိုလျှင်ဖြင့် ရာသီဥတု ဖောက်ပြန်ပြောင်း လဲမှုကို ကာကွယ်နိုင်မည် ဖြစ်သကဲ့သို့ လူသားများ မှလည်း လူ့အခွင့်အရေးများ ဆုံးရှုံးခြင်းမှ ကင်း လွတ်သည် သာမက ပျော်ရွှင်ကြည်နူးစွာ နေ ထိုင်ကြရမည် ဖြစ်သည်။
.
ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ် ခြိမ်းခြောက် မှုသည် မိမိတို့နိုင်ငံတစ်နိုင်ငံတည်းနှင့် သက်ဆိုင် သည့် ခြိမ်းခြောက်မှု အန္တရာယ်ဆိုး မဟုတ်ဘဲ နိုင်ငံတိုင်း၊ ကမ္ဘာ့ရပ်ဝန်းဒေသတစ်ခုလုံးနှင့် သက် ဆိုင်သည့် ခြိမ်းခြောက်မှု စိန်ခေါ်မှု ဖြစ်စဉ်ကြီးပင် ဖြစ်သည်။ သို့အတွက် ယခု မျိုးဆက်နှင့် နောင် လာမည့် အနာဂတ် မျိုးဆက်သစ်များ အနေဖြင့် ရာသီဥတု ပြုပြင်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာ သည့် ဘေးအန္တရာယ် အဖုံဖုံတို့ကြောင့် ထိခိုက် ခံစားရမှုများ လျော့နည်းပပျောက်လာနိုင်စေရေး အတွက် ရာသီဥတု ပြောင်းလဲလာမှု ခြိမ်းခြောက် မှု ဟူသရွေ့ကို တုံ့ပြန်ကာကွယ် တိုက်ဖျက်နိုင် ရေးအတွက် နိုင်ငံသားတိုင်း ကြီးငယ်မဟူ၊ ကျား မမရွေးတို့မှ နိုင်ငံတော်အစိုးရ ပြည်သူလူထုတိုင်း မှ ဝိုင်းဝန်းကာ ပူးပေါင်းပြီး ပါဝင်ဆောင်ရွက်ကြ ပါစို့ဟု။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats