ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ အနေဖြင့် အမှတ်ကန့်သတ်ချက်မရှိဘဲ ဆေးတက္ကသိုလ် တက်ရောက်ခွင့် လျှောက်ထားနိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ အနေဖြင့် အမှတ်ကန့်သတ်ချက်မရှိဘဲ ဆေးတက္ကသိုလ် တက်ရောက်ခွင့် လျှောက်ထားနိုင်


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံအတွင်းရှိ ဒေသစရိတ် ခံစားခွင့်ရှိသော သွားလာရန် ခက်ခဲ သည့် ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တက္ကသိုလ်ဝင် တန်း အောင်မြင်သူများသည်အမှတ် ကန့်သတ်ချက် မရှိဘဲ ဆေးတက္ကသိုလ် တက်ရောက်ခွင့် လျှောက်ထား နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စက်တင်ဘာလ ၅ ရက်က ထုတ်ပြန်ချက်အရ သိရသည်။
.
.
''အထူးအခွင့်အရေးပေးတာက ပြည်ထောင်စု ဝန်ကြီးရုံးက ပေးတာ ပါ။ ပြည်နယ်အစိုးရက ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး။ ကျောင်းသား ရွေးတာလည်း ပြည်ထောင်စုကပဲ ရွေးတာပါ။ မနှစ်ကတော့ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနဲ့ ပအိုဝ်းကိုယ်ပိုင် အုပ် ချုပ်ခွင့်ရဒေသတော့ ပါသွားတယ်။ ကျန်တဲ့ဒေသတော့ မပါဘူး။ သူတို့ သတ်မှတ်ချက်ကလည်း ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသနဲ့ ဝေးလံခေါင်းပါးတဲ့ ဒေသတွေလေ။ နောက်တစ်ခုက အဲဒီ ဒေသမှာ ၃ နှစ် ဆက်တိုက်နေပြီးမှ သူ့သတ်မှတ်ချက်နဲ့ ညီတာပေါ့။ သူ တို့ ကန့်သတ်ချက်တချို့တွေက ကျွန် တော်တို့ဒေသနဲ့ကြတော့ တချို့ဟာ တွေက သဟဇာတ မဖြစ်တာတွေ ရှိပါတယ်။ ရှမ်းပြည်နယ်မှာက တကယ့် ကို ဝေးလံခေါင်းပါးတဲ့ ဒေသတွေက အများကြီး ရှိနေတယ်လေ။ မိုင်းယန်း တို့၊ ကျေးသီးတို့၊ မိုင်းရှူးတို့လို ဝေး လံခေါင်းပါးတဲ့ ဒေသတွေ ရှိတယ်။ အဲဒါကြောင့် အဲဒီဒေသတွေက က လေးတွေကိုလည်း ကန့်သတ်ချက်တစ် ခုနဲ့ တက်ရောက်ခွင့် ပေးစေချင်ပါ တယ်''ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက် တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။
.
အဆိုပါ ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆေးတက္ကသိုလ်သို့ လျှောက်ထားမည့် သူများသည် ဒေသစရိတ် ခံစားခွင့်ရှိ သည့် သွားလာရန် ခက်ခဲသော ဒေ သများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေ သများ၌ ၈ တန်း၊ ၉ တန်း၊ ၁ဝ တန်း ကို ဆက်တိုက် ပညာသင်ကြားခဲ့သူ ဖြစ်ပြီး ယင်းဒေသများရှိ စာစစ်ဌာန များ၌ ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင် မြင်သူ ဖြစ်ရမည်ဖြစ်ကာ အထူးအခွင့် အရေးအဖြစ် ဆေးတက္ကသိုလ် တက် ရောက်ခွင့် ရရှိသူများသည် ဘွဲ့ရရှိပြီး ပါက အဆိုပါ ဒေသများတွင် အနည်း ဆုံး ၅ နှစ် မပျက်မကွက် တာဝန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း ဖော် ပြထားသည်။
.
''ဒီလိုမျိုးဖြစ်ဖို့ အစည်းအဝေး တိုင်းလိုလို ကျွန်တော်တို့ တောင်းဆို ခဲ့ပါတယ်။ ဒါကို ပြည်မမှာနေတဲ့ လူ တချို့က တစ်မျိုး မြင်ချင် မြင်နိုင် တယ်။ ဒါပေမဲ့ သိပ္ပံဘာသာတွဲနဲ့ အောင်ထားရမယ်၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသမှာ အောင်ရမယ်။ ဒါတွေ ပါတယ်။ ပြည်မက ဂုဏ်ထူးများများ ပါဖို့ ကြိုးစားနေချိန်မှာ တိုင်းရင်းသား ဒေသမှာက အောင်ဖို့တောင် မနည်း ကြိုးစားရတာဗျ။ ဒီလို အခွင့်အရေး ပေးမှပဲ တစ်ကယ်ဝေးလံ ခေါင်ဖျားတဲ့ တိုင်းရင်းသားဒေသနေရာမှာ ကျန်းမာ ရေးစောင့်ရှောက်မှုတွေ ရလာမယ်။ ကိုယ့်လူမျိုး ဆရာဝန်ဖြစ်လာပြီဆိုရင် ဘာသာစကားအနေနဲ့ ပြောပြောဆက် သွယ်မှု အနေနဲ့ ပြောပြော ပိုကောင်း တယ်လေ''ဟု ပအိုဝ်းဒေသ ကျန်းမာ ရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ အဖွဲ့ လက်ထောက်ဒါရိုက်တာ ခွန်စည် သူမှ ပြောကြားခဲ့သည်။
.
ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက် လွှာများကို ယခု စက်တင်ဘာလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကျန်း မာရေး လူ့စွမ်းအား အရင်းအမြစ် ဦး စီးဌာနသို့ ပေးပို့လျှောက်ထားရမည် ဖြစ်ကာ လျှောက်ထားသူများ၏ လျှောက်လွှာများနှင့် အမှတ်စာရင်းများ ကို စိစစ်၍ ဆေးတက္ကသိုလ်သို့ တက် ရောက်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရ သည်။
.
မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းနှင့် ဒေသ ၆ ခု ရှိပြီး ရှမ်း ပြည်နယ်တွင် ပါဝင်သည့် တိုင်းနှင့်ဒေ သများမှာ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေ သ၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသတို့ဖြစ်ကာ နာဂကိုယ်ပိုင် အုပ် ချုပ်ခွင့်ရဒေသမှာ စစ်ကိုင်းတိုင်းဒေသ ကြီးတွင် ပါဝင်သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats