နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် မြို့နယ်၊ မိုင်းယု ၁ဝ၅ မိုင်အုပ်စု၊
မန့် မော်ကျေးရွာအတွင်း နှစ်ပေါင်း ၂ဝ ကျော် နေထိုင်လာသူများ၏ မြေနေ ရာအား မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ပိုင်မြေနေ ရာဟုဆိုကာ ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
.
.
မူဆယ်မြို့နယ်၊ မိုင်းယု ၁ဝ၅ မိုင် အုပ်စုရှိ မန့်မော်ကျေးရွာပိုင်မြေ
နေရာ တွင် နေထိုင်သူများကို မြေဂရန် မရှိ ဟုဆိုကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖယ် ရှားပေးရန်
အမိန့်စာ ထုတ်ပြန်ထား ကြောင်း သိရသည်။
''ကျွန်မတို့က ၁၉၉၅ ခုနှစ် လောက်ကစပြီး နေထိုင်လာတာပါ။ အ ခုကျတော့မှ
ရဲဌာနပိုင်မြေဆိုပြီး လာ ဖယ်ခိုင်းနေတော့ အဆင်မပြေ ဖြစ်ရပါ တယ်။ ဘယ်သွားနေရမလဲ မသိဘူး။
မဖယ်ရင် တရားစွဲပြီး ထောင်ချမယ် လို့ ပြောတယ်''ဟု မန့်မော်ကျေးရွာ မှ ဒေါ်ရွှေအေးက ပြောသည်။
.
အဆိုပါ မြေနေရာသည် ယခင် ဘိုးဘွားများ ကျောက်ထုတ်၊ တောင် ယာလုပ်ကာ
နေထိုင်ခဲ့ခြင်း ဖြစ်ကာ ယခုနေထိုင်သူများမှာ လက်ဆင့်ပြီး ဆက်လက်နေထိုင်လာကြသူများ ဖြစ်
သည့်အပြင် အချို့မှာလည်း ငွေကျပ် ၂ဝဝဝဝ ဖြင့် ဝယ်ယူကာ နေထိုင်သူ များ ဖြစ်ကြောင်း သိရသည်။
.
''ကျွန်တော်က စာချုပ်နဲ့ ဝယ်ယူ ပြီးတော့ နေထိုင်လာတာပါ။ ၂ဝဝ၆ ခုနှစ်တုန်းကလည်း
နယ်စပ်ကုန်သွယ် ရေးဇုန်ဆိုပြီး လာဖယ်ခိုင်းပါသေးတယ်။ ကုန်သွယ်ရေးဇုန်ကို မေးကြည့်တော့
သိမ်းထားတာ မရှိဘူးလို့ ပြောပါတယ်။ ဒါကြောင့် ဆက်ပြီး နေထိုင်လာတာပါ။ အဲဒီအချိန်ကလည်း
ရဲစခန်းမြေဆိုတာ မပါဘူး။ အခုမှ ရဲဌာနမြေဆိုပြီး လာ ဖယ်ခိုင်းတာပါ။ ဖယ်ပေးဖို့က မဖြစ်နိုင်
ပါဘူး''ဟု မန့်မော်ကျေးရွာမှ ဦးမောင်မောင်က ပြောသည်။
.
အဆိုပါ မြေကိစ္စနှင့် ပတ်သက် ၍ မူဆယ်မြို့မ ရဲစခန်းသို့ မေးမြန်း
ရာတွင် ညွှန်ကြားချက်အတိုင်း ဆောင် ရွက်ရခြင်းဖြစ်ပြီး တရားဝင် ရဲဌာနချုပ် ပိုင် ၁ဝ၅
မိုင် ရဲစခန်း မြေနေရာဖြစ် ကာ ၂ဝ၁၁ ခုနှစ်က မြေဂရန် ရရှိ ထားခြင်း ဖြစ်ကြောင်း မူဆယ်မြို့မ
ရဲ စခန်းမှ ဒုစခန်းမှူး ရဲအုပ်မျိုးထွန်းလွင် က ပြောသည်။
.
အဆိုပါ မြေနေရာတွင် နေထိုင် သူများအား အောက်တိုဘာ ၃ဝ ရက် နောက်ဆုံးထား
ဖယ်ရှားပေးရန် ရဲတပ် ဖွဲ့မှ စာထုတ်ထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan