နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-မူဆယ်သွားပြည်ထောင်စုလမ်းမကြီး
ကွတ်ခိုင်နှင့် မူဆယ်ကြား ရှုခင်းသာ လမ်းပိုင်းရှိ ရေနုတ်မြောင်း ကျိုးပေါက်ကာပြိုလဲမည်ကို
ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများ စိုးရိမ်နေရကြောင်း သိရှိရသည်။
.
.
မူဆယ်-ကွတ်ခိုင်လမ်းပိုင်း မိုင်တိုင်အမှတ် ၂၃၄/၄-၅ ကြားရှိ ရေနုတ်မြောင်း
(Culvert)မှာ အက်ကွဲနေခြင်း ကြောင့် ခရီးသွားပြည်သူများသွားလာရာတွင် စိုးရိမ်မှုများရှိနေရကြောင်း
သိရသည်။
"တွေ့နေတာကြာပါပြီ။ တဖြည်းဖြည်းနဲ့ အက်ရာက ကြီးလာတယ်။ ပြိုကျရင်
ချောက်ထဲကို ကျမှာ၊ ကားကြီးတွေနဲ့ ခရီးသည်တင် လေအိတ်တွေရော အားလုံးအတွက်စိုးရိမ်ရလို့
ပြောတာပါ။ ကျန်တာတော့ ဘာရည်ရွယ်ချက်မှ မရှိပါဘူး"ဟု ကားလေးယာဉ်မောင်း ကိုဇေယျာစိုးက
ပြောသည်။
.
အဆိုပါ ပြည်ထောင်စုလမ်းမကြီးတွင် လမ်းချဲ့ခြင်း၊ လမ်းပြုပြင်ခြင်းများပြုလုပ်နေခြင်းကြောင့်
မိုးရွာချိန်များတွင် မြေပြိုခြင်းမှ လမ်းပေါ်ရောက်ကာ လမ်းချောခြင်းများဖြစ်ပွားနေကြောင်း၊
ယခုတွင်လည်း မြေသာများပါ အက်လိုက်နေကြောင်း ၎င်းက ဆိုသည်။
.
"ဟုတ်ကဲ့ ကျွန်တော်တို့က ရှု့ခင်းသာလမ်းအမြန်ပွင့်အောင်ဆောင်ရွက်ခဲ့တာပါ။
အခုပြန်ပြီးတော့ လိုက်လုပ် နေပါတယ်။ ဖို့မြေတွေဖြစ်လို့
မြေကျွန်တာတွေဖြစ်တတ်ပါတယ်"ဟု အိုရီယမ်တယ်ဟိုင်းဝေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
.
အဆိုပါ ပြည်ထောင်စုလမ်းမကြီးအား လေးလမ်းသွားခင်းနေခြင်းကြောင့်
အချိုးကွေ့နေရာများတွင် နံရံများအား ဖောက်လုပ်ကာ မြေဖို့ခြင်းများ၊ ပြန်လည်ပြုပြင်ခြင်းများအား
လိုက်လံဆောင်ရွက်နေကြောင်း ၎င်းက သုံးသပ်ပြောသည်။
.
.
.
#KBZTai #Shan