မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်အတွင်းမှ အမျိုးသား ၅ ဦးသည် တရုတ်နိုင်ငံအတွင်းအလုပ်
ရရှိရန် သွားရောက်စဉ် တရုတ်နိုင်ငံရဲတပ်ဖွဲ့မှ
ဖမ်းဆီးခံထားရမှုကို ရွှေလီအခြေစိုက် ရွေမြန်မာ အွန်လိုင်းပရဟိတအဖွဲ့မှ တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့
ဆက်သွယ်ကာ ကယ်ဆယ်ဆောင်ရွက်ခဲ့သဖြင့် စက်တင်ဘာ ၃ ရက်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိကာ
နေရပ်သို့ ပြန်ကြပြီဖြစ်ကြောင်း Golden Myanmar OnLine အဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးချမ်းမြေ့ထံက
သိရသည်။
.
.
"အွန်လိုင်းကနေ
တဆင့်အကူအညီတောင်းလာတဲ့အတွက် အရင်ဆုံး မြန်မာနိုင်ငံသား ဟုတ်မဟုတ် အတည်ပြုပြီး တရုတ်ရဲမှူးကို
နိုင်ငံသားစစ်မှန်ကြောင်း ပြောရတယ်။ ဒါတောင် အချုပ်မှာ ၂ လလောက် ကြာသွားတယ်။ ပြီးခဲ့တဲ့
၂၇ ရက် ကလွှတ်ပေးမယ်ဆိုပြီး မလွတ်လာလို့ ဖုန်းဆက်တော့မှ ၂ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တာ။
မူဆယ်မှာ တစ်ညအိပ်ပြီး တန့်ယန်းကို ပြန်ကြပါပြီ`ဟု ဦးချမ်းမြေ့က ပြောသည်။
အဆိုပါ အမျိုးသား
၅ ဦးမှာ ဂေါ်ရခါးလူမျိုးများဖြစ်သဖြင့် အခြားလူမျိုးများဟု ထင်မြင်ကာ တရုတ်နိုင်ငံရဲမှ
၎င်းတို့ ရောက်ရှိခဲ့သည့် ယူနန်ပြည်နယ်၊ လုံလင်မြို့အ၀င်တွင်ပင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊
လုံလင်မြို့မှာ ရွှေလီမှ ၁ ညအိပ်သွား ရသည့် အကွာအဝေးတွင်ရှိသည့်မြို့ဖြစ်ကာ ယင်းမြို့ရှိ
အဆက်အသွယ်ဖြင့် အလုပ်ရှာဖွေလုပ်ကိုင်ရန်သွားရောက်ကြခြင်း ဖြစ်ကြောင်း၊ အဖမ်းခံရပြီးနောက်
အွန်လိုင်းမှတဆင့် အကူအညီတောင်းခံနိုင်ခဲ့သဖြင့် ပြန်လည်လွတ်မြောက်လာရခြင်းဖြစ် ကြောင်း၊
၎င်းတို့အား လမ်းစရိတ်၊ စားစရိတ်အဖြစ် တရုတ်နိုင်ငံသုံး ယွမ်ငွေ ၁၀၀ ကို တရုတ်နိုင်ငံရဲတပ်ဖွဲ့က
ထောက်ပံ့ ပေးလိုက်ကြောင်း သိရှိရသည်။
.
၎င်းတို့အား
ရွှေလီမြို့ရှိ တရုတ်-မြန်မာချစ်ကြည်ရေးအသင်းအကူအညီဖြင့် လွတ်မြောက်ရေးလုပ်ဆောင်နိုင်ခဲ့ခြင်း
ဖြစ်ကာ မူဆယ်-ရွှေလီ စက်လှေဆိပ်မှ မြန်မာနိုင်ငံအတွင်း ပြန်လည်ခေါ်ယူလာခဲ့ရခြင်းဖြစ်သည်ဟု
သိရသည်။
.
ရွှေမြန်မာအွန်လိုင်းအသင်းမှ
တရုတ်နိုင်ငံအတွင်း အတိဒုက္ခရောက်နေသူ ၁၈ ဦးကို ကယ်ဆယ်နိုင်ခဲ့သလို အလုပ်ရုံများတွင်
လုပ်ခဆိုင်ရာ နစ်နာကြေးငွေရလိုမှုကိစ္စများကို ကူညီခဲ့ရာ၌ ယွမ်ငွေ သိန်းပေါင်း ၁၈၅၀ အထိရရှိနိုင်ရန်
စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့သို့
ရောင်းစားခံထားရသူ အမျိုးသမီးငယ်တစ်ဦး ကိုလည်း ကူညီကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။
.
.
.
#KBZTai
#Shan