စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ တောင်ခြေလမ်းတွင်
စက်တင်ဘာလ ၂ ရက်၊ ညပိုင်းက သဲကျင်းတူးနေစဉ် သဲတောင်မြေပြိုကျ၍ လူ ၁ ဦး သေဆုံးခဲ့ကြောင်း
တောင်ကြီးမြို့မရဲစခန်းမှ သိရသည်။
.
.
"စက်တင်ဘာ ၂ ရက်၊ ညပိုင်းက သေဆုံးခဲ့တာ ဖြစ်တယ်။ အဲဒါကိုလည်း
ကျွန်တော်တို့ စစ်ဆေးဆောင်ရွက်လျက် ရှိပါတယ်။ အဓိကကတော့ သဲကျင်းတူးရင်းနဲ့ သေတာဖြစ်တယ်"
ဟု တောင်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ယင်းကဲ့သို့ သဲတောင်မြေပြိုကျသည်ကို အခြားသူများက ဝိုင်းဝန်းအော်ဟစ်ခဲ့သော်လည်း
သေဆုံးသူမှာ နားနှစ်ဖက်၌ နားကြပ်တပ်ဆင်ပြီး သီချင်းနားထောင်ကာ လုပ်ကိုင်နေသည့်အတွက်
မကြားဘဲ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
သဲတောင်မြေပြိုကျမှုကြောင့် စိုင်းကိုဦးတွင် နာခေါင်းသွေးထွက်၊
မျက်နှာနှင့် ဝဲဘက်ပေါင်တို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍
ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန်အတွက် တောင်ကြီးမြို့မ ရဲစခန်းတွင်
သေမှုသေခင်းအမှတ်စဉ် ၂၃/၂၀၁၈ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan