မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
Path အဖွဲ့မှ ကျွမ်းကျင်ပညာရှင် ဗီယက်နမ်နိုင်ငံသား Mr. Vu Min
Hogh နှင့်အဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံး တည်ထောင်ထားသည့် ပင်းတယမြို့နယ်၏ Needle
Pit ကူး စက်ရောဂါ မပြန့်ပွားစေရေးဆေး ထိုးအပ်ဖျက်ကာ မြေကျင်းသို့ စွန့် ပစ်သည့်စနစ်များအား
စစ်ဆေး အကြံပေးရန် စက်တင်ဘာလ ၂ဝ ရက် က ရောက်ရှိလာခဲ့ကြောင်း ပင်းတယမြို့နယ် ဆရာဝန်ကြီး
ဒေါက်တာ သန်းမင်းထွဋ်ထံမှ သိရသည်။
.
.
''သူကတော့ စနစ်တွေကို စစ်ဆေးကြည့်ရှုပြီး အထပ်ထပ်အခါခါ ချီးကျူးသွားခဲ့ပါတယ်။
မှတ်တမ်းမှာလည်း ဖော်ပြရေးသားခဲ့ပါတယ်။ ပင်းတယမှာ မြန်မာနိုင်ငံရဲ့ ပထမ ဆုံး ဆေးလိပ်ကင်းစင်ဒေသ
ရွှေဥမင်ရှိသလို အခု မြန်မာနိုင်ငံရဲ့ ပထမဆုံး Needle Pit Project ရှိပါတယ်။ နောက်မကြာခင်မှာ
မြန်မာ နိုင်ငံရဲ့ ပထမဆုံး One-stop
Crisis Center-OSCC ဖြစ်သော Single Mother
တွေကို စောင့်ရှောက်မှု တွေ၊ စွန်ပစ်ခံကလေးတွေ၊ အိမ်တွင်း အကြမ်းဖက်ခံရသူတွေကို ကူညီ
ဆောင်ရွက်ပေးမယ့် အစီအစဉ်ကို နေပြည်တော်နဲ့ ပင်းတယမှာ ပထ မဆုံး အနေနဲ့ ပြုလုပ်သွား
မှာဖြစ် ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး Disabled Friendly City အနေနဲ့ မ သန်မစွမ်းသူများ
အဆင်ပြေပြေ သွားလာနိုင်မယ့် ဒေသအဖြစ် ပင်း တယကို အောက်တိုဘာမှာ စတင် လုပ်ဆောင်သွားဖို့ရှိပါတယ်။
အသေး စိတ်ကိုတော့ စတင်လုပ် ကိုင်တဲ့အချိန်မှ ပြောပေးပါမယ်''ဟု ဒေါက်တာသန်းမင်းထွဋ်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
ကူးစက် ရောဂါ ပါရှိသည့် ဆေးထိုးအပ်များမှာ အမှိုက်သိမ်း ဆည်းသူများ၊
အမှိုက်ကောက် သူများ၊ မူးယစ်ဆေး အကြောထဲသို့ ထိုးသွင်းသူ Injecting User များထံ သို့
ကူးစက်နိုင်စွမ်းရှိနေရာ လုံခြုံ စိတ်ချစွာ လျှော့ချသည့် စွန့်ပစ် စနစ်အနေဖြင့် သုံးစွဲပြီးဆေး
ထိုး အပ်များကို Cutter ဖြင့် ဖြတ်ကာ ကျင်းထဲသို့ တစ်ပါတည်း အလိုအ လျောက် စွန့်ပစ်သည့်
စနစ်ဖြစ်ကြောင်း၊ ကျင်းမှာ အနည်းဆုံး ၅ ပေနက်ပြီး ဘေးပတ်လည်တွင် အန္တရာယ်လျော့ပါးစေသည့်
အကာအ ရံများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ ပင်းတယမြို့နယ်တွင် ပင်းတယ၊ ကျုံး၊
ပွေးလှ၊ မိုင်းအင်၊ တောင်ရွှေပုထိုး၊ မိုင်းလီ၊ တောင်ပေါ် ကျေး၊ အင်းတပ်၊ ရွာပြား၊ ညောင်
ကောက် ၁ဝ နေရာ၌ အဆိုပါ စနစ် အား တည်ဆောက်ထားပြီး
စနစ်တ ကျ သုံးစွဲလျက်ရှိကြောင်း ဆရာဝန် ကြီးဒေါက်တာ သန်းမင်းထွဋ်မှဆက် လက်ပြော ကြားခဲ့သည်။
.
ထို့အပြင် Path အဖွဲ့သည် ပင်းတယမြို့နယ်အတွင်း စွန့်ပစ် ခံ ကလေးသူငယ်များ၊
အိမ်တွင်း အကြမ်းဖက်ခံရသူများကို စောင့် ရှောက်သည့်စနစ်နှင့် မသန်စွမ်းသူ များအတွက်
အဆင်ပြေစွာ သွားလာ နိုင်သည့် မြို့အဖြစ် တည်ထောင် သွားမည် ဖြစ်ကြောင်း သိရသည်။
.
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းမင်းထွဋ်မှာ ပင်းတယ၏ မီးအိမ်ရှင်ဟု
တင်စားခံရသူ ဆရာဝန်ကြီး ဖြစ်ကာ ရာထူးတိုး ပြောင်းရွှေ့ ရမည့်အစား တိုင်းရင်းသားများ
အတွက် စိတ်စေတနာ ဘဝအပြည့်အဝဖြင့် လုပ်ဆောင် ပေးနေသည့် ဆရာဝန်တစ်ဦးဖြစ်ပြီး ၎င်းလက်ထက်
တွင် ပင်းတယရှိ ၂၅ ခုတင်ဆံ့ ဆေး ရုံမှ ခုတင် ၅ဝ အဆင့်သို့ တိုးမြှင့် နိုင်ခဲ့ပြီး
ကျေးရွာပေါင်း ၁၃၈ ရွာ မှ လူငယ်များနှင့် အရန်သားဖွား သင်တန်း၊ စေတနာ့ဝန်ထမ်း တီဘီ
သင်တန်း၊ ငှက်ဖျားသင်တန်း၊ HIV သင်တန်း၊ သားဆက်ခြားသင်တန်း၊ ရှေးဦးသူနာပြု သင်တန်းများအပြင်
သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲ ရေး သင်တန်းများကို လူထုအကျိုး အတွက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း
သိရသည်။
.
.
.
#KBZTai #Shan