ကြည်စိုး (တောင်ကြီး)
.
စာရေးဆရာကြီး ဦးအောင်သင်းကို ယခု မျိုးဆက်သစ်တို့ သိကြပါ့မလားလို့
ကျွန်တော် စိုးရိမ်မိပါတယ်။ ဆရာ ဦးအောင်သင်းက လွန်ခဲ့တဲ့ ၄ နှစ်၊ ၂၅-၁ဝ-၂ဝ၁၄ အသက်
၈ဝ ကျော်မှာ ကွယ်လွန်သွားရှာပါတယ်။ သူဟာ မြန်မာစာပေလောကအတွက် အစားထိုးမရတဲ့ စာပေသူရဲကောင်း၊
စာပေဝေဖန်ရေးဆရာ၊ လူ ငယ်တွေအတွက် မြေတောင်မြှောက်ပေးရေး သမားပါ။ လူငယ်တွေကို အလုပ်မကြိုးစား၊
စာရိတ္တမဏ္ဍိုင်တွေ ယိုင်လာ၊ စာတွေလည်း မဖတ်ကြလို့ လူငယ်တွေတိုးတက်စေချင်တဲ့ ဆန္ဒနဲ့
''မျိုးဆက်သစ်တို့၊ တိုးတက်ရစ်ဖို့''ဆို တဲ့ လူငယ်ပညာပေး ဆောင်းပါးတွေ၊ အခန်းဆက်ရေးခဲ့ပါတယ်။
.
.
ဆရာဟာ စာအရေးအသားကောင်းရုံတင်မက စာပေဟောပြောပွဲတွေမှာလည်း အဟောအပြော
အလွန်ကောင်းလွန်းတဲ့ အတွက် စာပေဟောပြောပွဲတွေမှာ လက်မလည်အောင် လိုက်လံဟောပြောရပါတယ်။
မြန်မာစာမှာ မဟာဝိဇ္ဇာ ကို ထူးထူးချွန်ချွန်အောင်မြင်သည့်အတွက် ရန် ကုန်တက္ကသိုလ်မြန်မာစာဌာနမှာ
ဆရာအဖြစ် အလုပ်ပြန်ရပါတယ်။ ဆရာစာသင်ရသော အခန်းတွင် ကျောင်းသားများ အပြည့်အလျှံတက် ရောက်ကြသည့်အတွက်
တချို့ကျောင်းသား ကျောင်းသူများမှာ အခန်းအပြင်ဘက်မှာ လာရောက်တက်ရောက်ပြီး နားထောင်တဲ့အတွက်
ရုံလျှံသွားရခြင်းဖြစ်ပါတယ်။ ဆရာနှင့်ကျွန်တော် ဟာ ရေစက်ဆုံဖူးပါတယ်။ ကျွန်တော်ရှမ်းပြည်
နယ်မြောက်ပိုင်း လားရှိုးဆေးရုံကြီးမှာ တာဝန် ထမ်းဆောင်ခဲ့ရတာ (၁၉၇၈)ကနေ(၁၉၈၂)ခုနှစ်
ထိပါ။ အဲဒီတုန်းက ဆေးရုံအုပ်ကြီးက စာပေကို အလွန်ချစ်၊ စာရေး ဆရာကို အလွန်လေး စားသော
စာရေးဆရာကြီး ဒေါက်တာကမ္ဘောဇခင်လှိုင်ပါ။ နှစ်စဉ်နှစ်တိုင်း စာရေးဆရာများကို ပင့်ဖိတ်ပြီး လားရှိုးမှာ စာပေဟောပြောပွဲတွေ ကျင်းပပေးခဲ့ပါတယ်။
ကျွန်တော်က စာပေဝါသ နာပါတဲ့လူဖြစ်တော့ ဆရာကြီးက စာရေးဆရာ တွေလာရင် ကျွန်တော့်ကိုပဲ
ဧည့်ခံခိုင်းတတ်ပါ တယ်။ ၁၉၈၁ ခုနှစ်မှာတော့ ဆရာမြသန်းတင့်၊ ဆရာအောင်သင်း၊ ဆရာချစ်ဦးညို၊
ကာတွန်း မြေဇာတို့အဖွဲ့ လားရှိုးကို စာပေဟောပြောပွဲလာ ခဲ့ကြပါတယ်။ လားရှိုးဟောပြောပွဲအပြီးမှာ
နယ် တွေမှာ ဟောပြောပွဲလည်းလုပ်ရင်း ကျွဲကူးရေ ပါအနေနှင့် ဆရာများ ဒေသန္တရ ဗဟုသုတရဖို့
အတွက် နမ္မတူ၊ သိန္နီ၊ ကွမ်းလုံ၊ ဟိုပန်၊ မူ ဆယ်၊ နမ့်ခမ်းနဲ့တရုတ်ပြည်ဘက်ကို လိုက်ပါ
ပို့ဆောင်ပေးဖို့ ကျွန်တော့်ကို တာဝန်ပေးခဲ့ပါ တယ်။
ကျွန်တော်လည်း ရေငတ်တုန်း ရေတွင်းထဲ ကျသလို ကျွန်တော်ကြည်ညိုလေးစားတဲ့
ဆရာများနှင့်ခရီးအတူ သွားရမှာမို့ အတော်ကျေ နပ်နေမိပါတယ်။ စာရေးဆရာကြီးတွေဟာ မာ နမရှိ၊
မကြီးကျယ် ခင်စရာကောင်းတာကြောင့် အတော်အကျွမ်းတဝင်ဖြစ်ပြီး ရင်းနှီးခဲ့ရပါတယ်။ သူတို့ဆီကလည်း
မှတ်သားစရာတွေလည်း အများကြီးကြားရပါတယ်။ ဆရာများက အဟော အပြောကောင်းသောကြောင့် နားထောင်ပြီးသား
ဖြစ်လည်း ထပ်နားထောင်ချင်စိတ် ဖြစ်ခဲ့ပါ တယ်။
.
ဆရာအောင်သင်းကတော့ လူငယ်တွေအဆင့်အတန်းမြင့်မားဖို့၊ စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ဖို့၊
ပညာတတ်အောင် ကြိုးစားဖို့ကို မပျင်းရအောင် ဥပမာများ၊ ရယ်စရာများ ထည့်ဟောနိုင်တဲ့အ တွက်
အတော်စိတ်ဝင်စားပြီး ပွဲကျကုန်ပါတယ်။ ဆရာအောင်သင်းက တစ်ပြည်လုံးပတ်ပြီး ဟောပြောခဲ့တာကြောင့်
ဆရာရဲ့ဟောပြောချက် ကက်ဆက်ခွေတွေလည်း တစ်ပြည်လုံးပျံ့ခဲ့ပါ တယ်။ ဆရာ့စာအုပ်တွေလည်း ရောင်းကောင်း
ခဲ့ပါတယ်။
.
ဆရာအောင်သင်းက လူငယ်တို့အတွက် ရည်စူးပြီး ဟောပြောခဲ့တာတွေကို မှတ်မိသမျှ
ပြန်လည်ဖောက်သည်ချ ပါအုံးမယ်။
.
အမှတ်မိဆုံးစကားကတော့ ''လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ်နာနာခိုင်းရတယ်ကွ၊
ငယ်တုန်းမှာ ကိုယ့်ကိုယ်ကိုယ် မခိုင်းရင် ကြီးလာရင် ကိုယ့်ကိုသူများခိုင်းတာ ခံသွားရလိမ့်မယ်၊အဲဒါ
သေချာသတိထားကြပါ''။
.
ဆရာအောင်သင်း သတိပေးသွားချင်တာက တော့ ''ငယ်စဉ်အခါ အသိပညာ၊ အတတ်ပညာ
ရှာတဲ့အခါမှ သေသေ ချာချာ ပင်ပင်ပန်းပန်းဇွဲ ကောင်းကောင်းနဲ့ ပညာရှာပါ။ ပညာတတ်ကြီး ဖြစ်မှ
အကြီးအကဲ ရာထူးနဲ့ရာထူးငယ်သော ဝန်ထမ်းများကို အမိန့်ပေးခိုင်းစေနိုင်ပါမယ်။ ငယ်ငယ်က
မကြိုးစားခဲ့ရင် ပညာရှိသူ၏ ဝန် ထမ်းဖြစ်ပြီး သူများ ခိုင်းတာတွေ လုပ်နေရမယ်လို့ ဆိုလိုတာဖြစ်တယ်''နောက်ဆရာက
ကျောင်းသားတွေကို ပြောသွားတဲ့ မှတ်သားစရာ တစ်ခုက ''ဟေ့ သစ်သားထဲကို သံတစ်ချောင်းရိုက်ထည့်ကြည့်လိုက်စမ်း၊
သစ်သားထဲကို သံချောင်းဝင်သွားတာကို တွေ့ရမယ်၊ အဲဒါ ထက် ဆန့်ထွက်တွေးရင် အမာထဲကို အပျော့က
နေရာဖယ်ပေးလိုက်ရတာကို မြင်ရမယ်၊ မင်းတို့ လည်း စိတ်မမာရင် စိတ်မကြံ့ခိုင်ရင် သူများကို
နေရာဖယ်ပေးလိုက်ရလိမ့်မယ်။''ကိုယ်ကသံတုံးဖြစ်နေရင်တော့ ရိုက်လိုက်တဲ့ သံချောင်းကွေးသွားမယ်၊
သံတုံးကပြောလိမ့်မယ်။ ''ဆောရီး မင်းက ငါ့ထက်ပျော့တဲ့အတွက် နေရာဖယ်မပေးနိုင်ဘူး''လို့
ခပ်တည်တည်ကြီး ပြောပြီး ခါးထောက်ကြည့်နေလိမ့်မယ်၊ အဲဒီလို ပဲ ကျောင်းသားတွေ စာသင်နှစ်အစပိုင်းမှာ
အထူးသဖြင့် ဆယ်တန်းမှာပေါ့၊ ငါတော့ နှစ်စမှာ တစ်နေ့စာတစ်နေ့ မှန်မှန်လေးကျက်သွားရင်
ဂုဏ်ထူးအများကြီးနဲ့ အိုကေပဲဆိုပြီး မောင်းတင် ထားကြတာပဲ။ နှစ်အစပိုင်းတော့ သူငယ်ချင်း
တွေက မြူဆွယ်ပြီး စတိတ်ရှိုးပွဲကောင်းတယ် ကွ၊ စိုင်းစိုင်းခမ်းလှိုင်၊ အာဇာနည်၊ နီနီခင်ဇော်၊
ချမ်းချမ်းတို့ကွ၊ တစ်ခါတလေမှကြုံတာ စာတွေ ခဏထားလိုက်စမ်းပါကွာဆိုတာနဲ့ ပါသွားပြန်
ရော၊ နှစ်လယ်လည်း ရောက်ပြန်ရော ဘောလုံးပွဲ ကောင်းတာနဲ့ ရုပ်ရှင်ကောင်းတာနဲ့ ပျက်ပြန်
ရော၊ ခုခေတ်မှာ င်္ခေနဘသသု ကလည်း စာ ကျက်အတော်ပျက်ပါတယ်။ နှစ်ကုန်ပိုင်းလည်း ရောက်ရော
စာကအလျင်မမီတော့ဘူး။ ကျက် ဖတ်စရာတွေက မနိုင်တော့ဘူး။ အဲဒီတော့ တစ်ကြိုတွေ ခန့်မှန်းတွေနဲ့
လုံးချာလိုက်ပြီး ကျ တဲ့လူကကျ၊ ကပ်အောင်တဲ့သူကကပ်အောင် ပြီး၊ ကြီးတော့ သူများခိုင်းတာခံသွားရတယ်။
တော်တော်သင်ခန်းစာယူစရာကောင်းလှတယ်။
.
မိန်းကလေးငယ်တွေအတွက် ဆရာအောင် သင်း ဆုံးမထားတာရှိသေးတယ်။ မိန်းကလေးတွေ
ယောက်ျားယူရင် ထမီဝယ်တာလောက်တောင် ဂရုမစိုက်ဘူးတဲ့။ ထမီတစ်ထည်သွား ဝယ်ရင်တောင် ထမီဆင်ကို
အဝေးကကြည့် လိုက်၊ အနီးကကြည့်လိုက်၊ အသားစမ်းကြည့်လိုက်၊ ခန္ဓာကိုယ်မှာကပ်ကြည့်လိုက်
သူငယ်ချင်းကို ကပ်ခိုင်းပြီးကြည့်လိုက်နဲ့ အချိန်အတော်ကုန်ခံတာပဲ။ ဟော ယူမယ့်ယောက်ျားရွေး
တဲ့အခါ အဲလောက်တောင်မစဉ်းစား၊ အချိန်မ ယူတော့ဘူး၊ ရုပ်ချောတာ၊ အပြောကောင်းတာနဲ့ ယူလိုက်တာ
နောက်ဆုံး ဆေးဘဲ၊ ရှပ်ဘဲ၊ တာဝန်ယူချင်တဲ့စိတ်မရှိတဲ့လူနဲ့ကြုံရင် ဒုက္ခရောက်ရတဲ့ မိန်းကလေးတွေ
တစ်ပြုံတစ်ခေါင်းကြီးတဲ့။
.
နောက်တစ်ခါရှိသေးတယ်။ အနုပညာ မြောက်တာတွေ၊ အလင်္ကာမြောက်တာတွေကို
ခံစားမှုလွန်ကဲပြီး ဒုက္ခရောက်တာ ရှိသေးတယ် တဲ့။ ဥပမာ-မာမာအေးရဲ့ သီချင်းလိုပဲ ''သံသရာဆွဲဆန့်လို့
ဘယ်လောက်ပင်ရှည်ရှည်၊ ချစ်သူရင်ခွင်ကြား နားနားနေနေ --- ချစ်သူရင် ခွင်သည်သာ ငြိမ်းချမ်းသာယာသောနယ်မြေ''
ဆိုတာကို စိတ်ကူးအိပ်မက်မက်၊ ကြည်နူး၊ ကျောင်းမပြီးသေးဘဲ ယောက်ျားနောက်လိုက် ပြေးပြီး
ဒုက္ခရောက်တဲ့လူတွေ တစ်ပုံကြီးတဲ့။
.
ဆရာက ဟောပြောပွဲတွေမှာ ဟောသွား တာရှိသေးတယ်။ ဆိုရိုးစကားတစ်ခု ကိုးကား
ပြီး ဆုံးမတယ်။
၁။ ''လူမိုက်တို့မည်သည်
တစ်ကြိမ်မှားပြီး မှ မှားမှန်းသိကြကုန်၏''
၂။ ''လူလိမ္မာတို့သည်ကား
သူများ၏ အ မှားများကို သင်္ခန်းစာယူတတ်ကြပြီး၊
၃။ အလွန်မိုက်မဲသောသူတို့မှာကား
မိမိ မှားသည်ကိုပင် မှားမှန်းမသိ ဆက်၍ မိုက်ကြ ကုန်၏''တဲ့။
.
ကဲ တစ်ခါမှားလို့ လူမိုက်ဖြစ်ကြပြီးပြီ ထပ် မှားတယ်ဆိုရင်တော့ ကိုယ့်အမှားကို
မသိတဲ့ ပိုပြီးမိုက်တဲ့သူတွေ ဖြစ်ချင်ကြသလား တပည့် တို့တဲ့ စဉ်းစားဆင်ခြင်စရာတွေ ဆရာထားခဲ့ပါ
တယ်။
.
ဆရာက ပညာ၊ နည်းပညာတွေ တန်ဖိုး ထားကြိုးစားဖို့ မှာသွားသေးတယ်။ ဥပမာအနေ
နဲ့ တို့ တိုင်းပြည်မှာကွာ ရေနံဓာတ်ငွေ့အိုင်ကြီး ရှိတယ်။ တို့တစ်တွေက ဒီရေနံအိုင်ကြီးပေါ်မှာ
ထိုင်ပြီး ဘာမှ မလုပ်တတ်ဘူး။ ရေနံထုတ်တတ် တဲ့ နည်းပညာအသစ်လည်းမရှိ၊ ပစ္စည်းကိရိယာ လည်းမရှိဘူး။
အစကတည်းက ပညာကမတတ် ခဲ့တော့ အရင်းအနှီးလည်းမရှိဘူး။ ဒီတော့ ပညာတတ်တဲ့လူတွေကိုပဲ အားကိုးပြီး
လာတူး ခိုင်းရတာပေါ့။ အဲဒီတော့ ပညာမတတ်တဲ့ တို့ မြန်မာတွေက သခင်မျိုးဟေ့ တို့ဗမာလို့
မ အော်နိုင်ဘဲ ''ကူလီမျိုးဟေ့ တို့ မြန်မာ''ဆိုပြီး ''ပေါက်တူးတွေထမ်းပြီး နိုင်ငံခြား ကုမ္ပဏီက ခိုင်းတာကို
ခံရတာပေါ့''။ ဘယ်လောက်ပညာ ယူစရာကောင်းလိုက်သလဲ။
.
အေး မင်းတို့တိုင်းပြည်တိုးတက်ဖို့ဆိုတာ မင်းတို့ကစ တိုးတက်ဖို့လိုပါတယ်။
မင်းတို့ အ ဖေ၊ အမေက တိုက်ပေါ်မှာနေနိုင်ပြီး မင်းတို့ကျ သစ်သားအိမ်၊ မင်းတို့သားသမီးကျ
တဲကုတ် အိမ်ဖြစ်သွားရင် မဟုတ်သေးဘူး။ မင်းတို့က မင်းတို့ အဖေ၊ အမေထက် နိမ့်ကျသွားလို့
မ ဖြစ်ဘူး၊ မင်းတို့သား၊ သမီးကျ နန်းတော်နဲ့နေ နိုင်အောင် သား၊ သမီးတွေကို မြေတောင်
မြှောက်ပေးမှ၊ စာကြိုးစားခိုင်းမှ တို့တိုင်းပြည်က တိုးတက်လာမှာပေါ့။ ဒါမှ တို့တိုင်းပြည်လည်း
သူများတိုင်းပြည်ကို ရင်ပေါင်တန်းနိုင်မှာပေါ့။
.
ဆရာ့ ဟောပြောချက်တွေကို လူငယ်တွေ ပညာမျက်စိနဲ့ တစိမ့်စိမ့်တွေးပြီး
ဆင်ခြင်ကြရင် အလွန်ကောင်းမှာပဲ။ အခုတော့ တို့နိုင်ငံက ကူလီတင်ပို့တဲ့ နိုင်ငံအဆင့်ရောက်နေပြီ။
။
.
.
.
#KBZTai #Shan