ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ မြို့နယ်၊ ယန်းခကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် စက်တင်ဘာလ ၈ ရက်နေ့က ပြုလုပ် သည့် အစည်းအဝေး
ဆုံးဖြတ်ချက်အရ ကျေးရွာများရှိ ကျွဲ၊ နွား သယ်ဆောင် ရောင်းချသူများနှင့် ထင်းမီးသွေး
လုပ် ငန်းရှင်များထံမှ ငွေကြေးကောက်ခံရန် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
.
.
ယင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ကျေးရွာများမှ ကျွဲ၊ နွား သယ် ဆောင်ရောင်းချသူများကို
အကောင်အ ကြီး၊အသေး သတ်မှတ်ချက် မထား ဘဲ တစ်ကောင်လျှင် ကျပ် ၅ဝဝဝ နှုန်း နှင့် ထင်းမီးသွေး
လုပ်ငန်း လုပ်ကိုင် သူများအား တစ်နှစ်လျှင် ကျပ် ၄ဝဝဝဝ ပေးသွင်းစေရန် ဆုံးဖြတ်ခဲ့ကြောင်း
သိ ရသည်။
ယင်းကဲ့သို့ ငွေကြေးကောက်ခံမှု နှင့် ပတ်သက်၍ ယန်းခကျေးရွာအုပ် စု
အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်လတ် က ''ကျွဲ၊ နွားကနေ ကောက်ခံရရှိတဲ့ ငွေကို ကျေးရွာတွေရဲ့
ဖွံ့ဖြိုးတိုးတက် ရေးအတွက် သုံးမှာ ဖြစ်ပါတယ်။ ထင်း မီးသွေးအတွက် ကောက်ခံတာကတော့ သစ်တော
ပြုန်တီးမှုကို ကာကွယ်ပေး ချင်လို့ ဖြစ်ပါတယ်။ အစည်းအဝေး မှတ်တမ်းနဲ့ သေချာလုပ်ထားပါတယ်''
ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျွဲ၊ နွားများအား တစ်ကောင် လျှင် ၅ဝဝဝ နှုန်းဖြင့် ကောက်ခံရာတွင်
သက်ဆိုင်ရာ ကျွဲ၊ နွားရောင်းချသည့် ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံ ငွေအတွက် ကျပ်
၁ဝဝဝ၊ ယန်းခအုပ် စု တစ်စုလုံး ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံ ငွေအတွက် ကျပ် ၂ဝဝဝ နှင့်
ကျေး ရွာတာဝန်ခံ သူကြီးနှင့် စာရေးအတွက် ကျပ် ၂ဝဝဝ ခွဲပေးရန် သဘောတူညီ ဆုံးဖြတ်ထားကြောင်း
သိရသည်။
.
ထိုကဲ့သို့ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးရုံးတွင် ချမှတ်ခဲ့သော
အစည်းအဝေးဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ယန်းခကျေးရွာအုပ်စုနေ ကျွဲ၊ နွား မွေး မြူရေးလုပ်ငန်း
လုပ်ကိုင်သူ ဦးအား ထူက ''ရွာမှာ စိုက်ပျိုးမွေးမြူရေး လုပ် ငန်းနဲ့ပဲ မိသားစုဘဝတွေ
ရပ်တည်နေ ရတာ ဖြစ်ပါတယ်။ အားလုံးက အဆင် ပြေနေကြတာ မဟုတ်ပါဘူး။ ပိုးမွှား ကြောင့်၊ ဈေးနှုန်းကျဆင်းမှုကြောင့်
ပျက်စီးမှုတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်အရင်းအနှီး၊ လုပ်အားနဲ့ မွေး မြူပြီး
ရောင်းချသယ်ဆောင်ရတဲ့ ကျွဲ၊ နွားတွေကို ငွေမကောက်သင့်ပါဘူး''ဟု ¤င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ပြော
သည်။
.
ကျိုင်းတုံမြို့၊ ဒုတိယပြည်နယ်အုပ် ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင်
အပတ်စဉ် ပြုလုပ်သည့် ဌာနဆိုင်ရာ များ၊ နိုင်ငံရေးပါတီများနှင့် လူမှုရေး အသင်းအဖွဲ့များ
ပါဝင်သည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးများတွင် ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က
ရပ်ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူများ နှင့် နိုင်ငံ့ဝန်ထမ်းများအား တရားမ ဝင်ငွေကြေး
ကောက်ခံခြင်း၊ လောင်းက စားလုပ်ငန်း၊ မူးယစ်ဆေးဝါး လုပ်ငန်း များနှင့် ကင်းရှင်းကြရန်
လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်ထားကြောင်း သိရ သည်။
.
ထို့အတူ ကျွဲ၊ နွား ဝယ်ယူရောင်းချ သယ်ဆောင်ခြင်းနှင့် ပတ်သက်၍ လည်း
ကျိုင်းတုံမြို့နယ် စည်ပင်သာယာ ရေး ကော်မတီမှ နှစ်စဉ် ကျွဲ၊ နွားဈေး ကောက်လေလံအား
တရားဝင် ရောင်း ချပေးထားကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ်တွင် ယန်းခကျေး ရွာအုပ်စု အပါအဝင် ရပ်ကွက် ၅
ရပ် ကွက်၊ ကျေးရွာအုပ်စု ၃၁ စု၊ ကျေး ရွာပေါင်း ၆၄၁ ရွာ ရှိကြောင်း သိရ သည်။
.
.
.
#KBZTai #Shan