နောင်ချိုမြို့အဝင်တွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် ခရီးသည်တစ်ဦးနှင့် မန္တလေးမှ မူးယစ် ဆေးဝါး လက်ခံမည့် သူကိုပါ ဆက်လက်ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်ချိုမြို့အဝင်တွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် ခရီးသည်တစ်ဦးနှင့် မန္တလေးမှ မူးယစ် ဆေးဝါး လက်ခံမည့် သူကိုပါ ဆက်လက်ဖမ်းဆီးရမိ


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အဝင်တွင် ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်တစ်ဦး၏ ခရီးဆောင်အိတ်အတွင်းမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ပြီး မန္တလေးမှ မူးယစ်ဆေးဝါး လက်ခံမည့်သူ တစ်ဦးကိုပါ ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း နောင်ချိုမြို့မရဲစခန်းမှ သိရှိရသည်။
.
.
နောင်ချိုမြို့၊ အမှတ် (၂၄) မူးယစ်တပ်ဖွဲ့စုလားရှိုး(နောင်ချိုလှုပ်ရှား)၊ စရဖ(နောင်ချို)တပ်ဖွဲ့ဝင်များသည် သတင်းအရ နောင်ချိုမြို့အဝင် မိုင်တိုင်အမှတ်(၈၀/၄)အနီးတွင် စက်တင်ဘာ ၁၂ ရက်၊ ညနေ ၄ နာရီခွဲခန့်က မူဆယ်မှလာသော ခရီးသည်တင်ယာဉ်တစ်စီးအား စစ်ဆေးရာ ခုံအမှတ် (၂၁)၊ (၂၂)တွင် ကွတ်ခိုင်မှ လိုက်ပါလာသူ ဇော်မင်းထွန်း (ခ) ကတုံး ထံမှ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
"သတင်းအရ စစ်ဆေးရင်းကနေ ဖမ်းမိတာပါ။ ကွင်းဆက်အနေနဲ့ မန္တလေးကနေ လက်ခံယူမယ့်သူကိုလည်း ဖမ်းမိထားပါတယ်" ဟု လားရှိုးအမှတ် ၂၄ မူးယစ်တပ်ဖွဲ့စုမှ ရဲအရာရှိတစ်ဦးက ပြောသည်။
.
အဆိုပါ ခရီးသည်၏ ခရီးဆောင်အိတ်အတွင်းမှ ဘိန်းဖြူဟုယူဆရသည့်အမှုန့်များထည့်ထားသော ရောင်စုံဆပ် ပြာခွက်စုစုပေါင်း ၂၈၆ ခွက်၊ အလေးချိန် ၃.၄၃၂ ဂရမ်အား သိမ်းဆည်းရမိခဲ့ပြီး ၎င်းအား စစ်ဆေးရာ အောင်ဇော်ဦး (ခ) ဇော်ဦးလေးမှ ကွတ်ခိုင်မှမန္တလေးသို့ ငွေပေး၍ သယ်ခိုင်းကြောင်း ပြောဆိုခဲ့သည်။
.
သို့ဖြစ်၍ မူးယစ်တပ်ဖွဲ့စုဝင်များသည် ခရီးသည်ယာဉ်ပေါ်တွင် အသွင်ယူ၍ ဆက်လက်လိုက်ပါခဲ့ပြီး ပစ္စည်း လက်ခံမည့်သူနှင့် တွေ့ဆုံမည့်နေရာအား အတည်ပြုချိတ်ဆက်မှုအရ ည ၈ နာရီခွဲခန့်တွင် မန္တလေးမြို့ရှိ ပြည်ကြီးမျက်ရှင်ကားဝန်းသို့ ရောက်ရှိစောင့်ဆိုင်းနေစဉ် အောင်ဇော်ဦး(ခ)ဇော်ဦးလေးအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ ၎င်းသည် အဆိုပါမူးယစ် ဆေးဝါးများကို ငွေပေးသယ်ဆောင်ခိုင်းကြောင်းပေါ်ပေါက်သဖြင့် ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
.
လက်ရှိတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာရပ် ကွက်နေ ဇော်မင်းထွန်း(ခ)ကတုံး(၃၈)နှစ်နှင့် မန္တလေးတွင်လက်ခံယူမည့်သူ နေရပ်တူ အောင်ဇော်ဦး(ခ)ဇော်ဦး လေး ၄၂ နှစ်တို့ ၂ ဦးအား နောင်ချိုမြို့မ ရဲစခန်းက မယ(ပ) ၆၂/၂၀၁၈၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ တို့ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats