သွဲ့ရတီဗိုလ်၊ ကမ္ဘောဇတိုင်း
.
လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ တန်ဖိုးမြှင့်စားသောက်ကုန်
ထုတ်လုပ်မှု နည်းပညာသင်တန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့နှင့်နှင့်
လဲချားမြို့နယ်တို့တွင် အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
"ဟဲဟိုးမှာဖွင့်မယ့်သင်တန်းက စက်တင်ဘာလ ၁၃ ရက်နေ့မှာဖွင့်ဖြစ်ပါမယ်။
လဲချားကတော့ လောလော ဆယ် ခဏဆိုင်းငံ့ထားပါတယ်။ သင်တန်းဖွင့်ဖို့အတွက် နည်းနည်းလေးအခက်အခဲရှိနေလို့ပါ။
သင်တန်းတက်မယ် ဆိုရင် ပတ်စ်ပို့ဓာတ်ပုံ ၂ ပုံပဲ လိုအပ်ပါတယ်။ စားသောက်ရေးကို ဌာနကနေ
စီစဉ်ပေးမှာပါ။ သင်တန်းဆင်း လက် မှတ်လည်း ပေးအပ်သွားမှာပါ။ ကျန်တာကတော့ အခကြေးငွေ တစ်စုံတစ်ရာ
ကောက်ခံခြင်း မရှိပါဘူး။ ဒီလို သင်တန်းတွေကို ပြည်နယ်အစိုးရရဲ့ လမ်းညွှန်မှုနဲ့အတူ စဉ်ဆက်မပြတ်
ဖွင့်လှစ်ပေးနေတာဖြစ်ပါတယ်။ ဒေသ တွေရဲ့ လိုအပ်ချက်နဲ့အညီ သူတို့ဒေသတွေနဲ့ ကိုက်ညီမယ့်
သင်တန်းတွေကို လိုက်လံပို့ချပေးနေတာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း
ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ကမ္ဘောဇ တိုင်းသို့ ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဟဲဟိုးမြို့တွင်
လူသုံးကုန်နှင့် အလှကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို စက်တင်ဘာလ ၁၃ ရက်မှစ၍ ၇ ရက်ကြာ
သင်တန်းဖွင့်လှစ် ပို့ချသွားမည် ဖြစ်ပြီး လဲချားမြို့တွင်လည်း တန်ဖိုးမြှင့် စားသောက်ကုန်
ထုတ်လုပ်မှုနည်းပညာသင်တန်းကို စက်တင်ဘာလ ၁၉ ရက်မှ စတင်၍ ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ခေါင်းလျှော်ရည်၊
အ၀တ်လျှော်ဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ ဆပ်ပြာရည်၊ ဆပ်ပြာဆီ၊ ပေါင်ဒါ၊ ဆပ်ပြာခဲ၊
Lotion စသည်နည်းပညာများကိုလည်းကောင်း၊ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင်
သစ်သီးဖျော်ရည်မျိုးစုံ၊ သစ်သီးယိုမျိုးစုံနှင့် သစ်သီးဝိုင်၊ သစ်သီးဆော့(စ်)ပြုလုပ်နည်းနှင့်
ဂျုံ၊ ဆန်ဖြင့်ပြုလုပ်သော ကိတ်မျိုးစုံ၊ ကွတ်ကီးအမျိုးမျိုး၊ နန်ကထိုင်၊ လျှာပေါ်ဝဲ၊
ငါးမုန့်ခြောက်၊ ကြက်သွန်ပေါင်းကြော်၊ တို့ဟူးပေါင်းကြော်တို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါသင်တန်းများသို့ အသက် ၁၆ နှစ်အထက် အလယ်တန်းအဆင့်ရှိသူ ကျား/မ
မရွေးတက်ရောက် နိုင်ပြီး သင်တန်းများမှ စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ကာ
လုပ်ငန်းထူထောင်ရန် လိုအပ်သည့်အကြံဥာဏ်နှင့် ကူညီပံ့ပိုးပေးမှုများလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။ အဆိုပါ သင်တန်းသို့ လျှောက်ထားလိုသူများအနေဖြင့် ၀၈၁-၂၀၆၈၂၉၊ ၀၉၄၂၀၇၃၀၁၃၀၊
၀၉၄၂၀၇၂၀၁၅၉၉၊ ၀၈၁၂၁၂၁၆၁၄ သို့ ဆက်သွယ်မေးမြန်းကာ လျှောက်ထားနိုင်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan