ညီၫြတ္မွ်တ အာဟာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညီၫြတ္မွ်တ အာဟာရ



ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
.
အကြောင်းလေးဖြာ
.
လူတို့အတွက် အသက်ရှင်ဖို့၊ ရှည်ဖို့အ ကြောင်းတရား လေးပါးအပေါ်၌ မူတည်၏။ ယင်းအကြောင်းလေးဖြာမှာ (၁)ကံ၊ (၂)စိတ်၊ (၃)ဥတုနှင့် (၄)အာဟာရ တို့ဖြစ်ကြောင်း ဓမ္မ ကျမ်းစာများ၌ ဖော်ပြထားသည်။ ဗုဒ္ဓဘုရားရှင် ဟောကြားမြတ်တရားဖြစ်၍ ဗုဒ္ဓဘာသာဝင်များ ဖန်တစ်ရာတေအောင်ပင် ကြားဖူးနားဝဖြစ်နေ ကြ၏။ လိုက်နာကျင့်သုံးကြပါသလားဟုမေးလျှင် ကျန်းမာနေသေးသရွေ့၊ အသက်ရှင်နေ သေးသရွေ့တော့ ပေါ့ပေါ့တန်တန်သာ လျှင် ထားတတ်ကြသည်။ ကျန်းမာရေးထိခိုက် လောက်အောင် အသက်အန္တရာယ် နီးကပ် လောက်အောင်ကြုံတွေ့ကြရသောအခါတွင် အ ထိတ်တလန့်ဖြစ်ကြ၊ ပေါ့လျော့ခဲ့ကြသည်များကို ဂရုပြုမိကြပြီ။ ထိုအချိန်၌ အတော်လေးနောက် ကျနေပြီမို့ နှောင်းနောင်တဖြစ်ကြရ၏။
.
ဒေသနာစဉ်အတိုင်း ကံအကြောင်းကို အ နည်းငယ်ရေးပြချင်၏။ ကံနှင့်ပတ်သက်၍ ဦး စွာ ကံကောင်းကံဆိုးစကားကို နှုတ်ဖျားက မကြာခဏ တဖွဖွမြည်တမ်းတတ်ကြသော် လည်း လေးလေးနက်နက်မတွေးခေါ်မိတတ်ကြ ပါ။ အချို့အစွန်း ရောက်သူတို့ ကံကိုပင်မယုံချင် ကြပါ။ ကံသည် ကမ္မဟူသော ပါဠိစကားမှ မြန် မာမှုပြုထားခြင်းဖြစ်ပြီး အတိတ်အကြောင်းကံ နှင့် ပစ္စုပ္ပန်လက်ရှိကံဆိုပြီးနှစ်ပိုင်း ခွဲခြားနိုင် သည်။ အကြောင်းမှာကံဆိုသောကမ္မ၏အဓိ ပ္ပာယ်မှာ ပြုလုပ်ခြင်းဖြစ်နေ၍ပါ။ အတိတ်သံ သရာ ဘဝအဆက် ဆက်မှာ ပြုလုပ်ခဲ့ကြပြီး သည့် ရှေးရှေးကံကိုပြုပြင်၍မရ နိုင်တော့ပါ။ လက်ရှိဘဝ၌မူ ကံကောင်းအောင်လည်း ပြု နိုင်၏။ ကံဆိုးအောင်လည်း ပြုနိုင်၏။ မိမိသည် မိမိဘဝအရှင်သခင် ဖြစ်သောကြောင့်တည်း။
.
ဥတုဆိုသည်ကား ရာသီဥတု၊ ခန္ဓာကိုယ်အ ပူအအေးဥတုဟူ၍ နှစ်မျိုးကွဲပြားနိုင်၏။ သဘာ ဝ ပြင်ပရာသီဥတု၊ မြန်မာနိုင်ငံအဖို့ နွေ၊ မိုး၊ ဆောင်း သုံးရာသီအလိုက် ပူခြင်း၊ စိုစွတ် ခြင်း၊ အေးခြင်းလေးလစီရှိရာ၌ သူ့ရာသီ၊ သူ့ သဘာဝအလိုက် ဝတ်စားတတ်ကြရပါမည်။ ခန္ဓာကိုယ်တွင်း ဥတုမှာ တစ်ဦးချင်းစီနှင့် သက်ဆိုင်၍ ကိုယ်အပူဓာတ်များသူ၊ အအေး စာပိုစားပေးကာ၊ ကိုယ်အအေးဓာတ်လွန်သူ အပူစာပိုစားပေးခြင်းဖြင့် ဥသ္မာဆိုသော ကိုယ် ငွေ့၊ တစ်နည်း သက်စောင့်တေဇောဓာတ်ကို ထိန်းညှိပေးနိုင်ပါက များစွာအကျိုးရှိ၊ ကျန်း မာသက်ရှည်နိုင်၏။ ကံနှင့်ဥတုသည် လိမ္မာ ပါးနပ်သလို စောင့်ရှောက်နိုင်ပါ၏။ အရေးကြီး သည်မှာ''စိတ်''ဖြစ်၏။ စိတ်ကို ဖမ်းရခက်၊ ထိန်းရခက်၊ ပြုပြင်ရခက်၍ ကိုင်တွယ်ရအလွန် ခက်ခဲတတ်ပါသည်။ စိတ်ထားတတ်ဖို့ဆို သည်ကား တရားဓမ္မလိုက်စားပါမှ ဖြစ်နိုင် ကောင်း၍ ခက်လှသည်ဆိုရခြင်းပါ။ စိတ်သည် နှလုံးအိမ်၌ တည်သည်ဆို၏။ အသိဥာဏ်သည် ဦးနှောက်၌ တည်၏။ ယင်းတို့ကလည်း အချင်း ချင်း အပြန်အလှန် မှီခိုနေကြပြန်၏။ စိတ္တေန နိယျတိလောကော စိတ်သည် လောကကြီးကို ဦးဆောင်စီရင်၏ဟုပင်ဆိုကြ၏။ စိတ်သာရှင် စောဘုရားဟောဆိုစကား အရှိသားပင်။ စိတ် မထားတတ်လျှင် စိတ်ညစ်စိတ် ဆင်းရဲမည်။ ရူးသွပ်သွားမည်။ တရားပြည့်ဝသော စိတ်သည် ဒုက္ခသောကနှင်ထုတ်မည်။
.
အာဟာရ
.
''သဗ္ဗေသတ္တာအာဟာရ တိဌိကာ''ဟူ၍ ဘုရားဟောတရားကို ဆရာတော်ကြီးများ ပြန် လည်ဟောကြားလေ့ရှိ၏။ နာမ်နှင့်ရုပ်အစုံရှိကုန် သော သက်ရှိသတ္တဝါ မှန်သမျှတို့သည်အစာပေါ် မှာ မူတည်၍ အသက်ရှင်၏၊ ရှည်၏ဟု အနက် အဓိပ္ပာယ်ရပါသည်။ စားဝတ်နေရေးတည်းဟူ သော အရေးသုံးပါးအနက်မှာ''စား''ကိုရှေ့တန်း တင်၍ပြရခြင်း၌ အစားအစာသည် မည်မျှအရေး ကြီးကြောင်း ပြသရာရောက်နေ၏။ မနက်မိုး သောက်အလင်းရောက်သည်နှင့် ကျွန်တော်တို့ ၏ ဟာနေ၊ ဆာနေသော ဝမ်းဗိုက်ကိုဖြည့်ဆည်း ပေးဖို့ စဉ်းစားကြရပြီစီမံကြရပါပြီ။ ''ကောက် ညှင်းပေါင်းပဲပြုတ်''ဆိုသောခေါင်းရွက်ဈေး သည်များ တကြော်ကြော်အော်၍ ရပ်ကွက် ထဲ၌ လှည့်လည်ရောင်းချနေကြပြီး သူ့ဖောက် သည်၊ ကိုယ့်ဖောက်သည်အားပေး ဝယ်ယူ စားသောက်ကြရပြီ။ နံပြားပဲပြုတ်အီကြာကွေး အကြော်စုံ ဈေးသည်များလည်း စက်ဘီးနှင့် တစ်သွယ်၊ လှည်းဖြင့်တစ်မျိုး၊ ခြေကျင်လျှောက် ကာ တစ်ဖုံ နံနက်စာအတွက် အော်ဟစ်လှည့် လည်ရောင်းချကြပြီ။ ဈေးသည်မည်မျှပင်များ များ ရောင်း၍မကုန်ဟူ၍မရှိ။ နံနက် ၈ နာရီမ တိုင်မီ ခါလီဖြင့် အသီးသီးအိမ်ပြန်ကြပြီ။
.
လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင်တို့ တိုဟူးနွေးဆိုင်၊ ဆီချက်ခေါက်ဆွဲ၊ ထမင်းကြော် ပေါက်စီ၊ ပလာတာ၊ ထပ်တစ်ရာ ဆိုင်တွေမှာ လည်း သူ့ဖောက်သည်နှင့် သူအပြည့်။ ပါဆယ် ထုပ်ဝယ်ပြန်ကြသေူတွေလည်း အနန္တ။ ခေတ် ဘယ်လိုကျပ်ကျပ်၊ ငွေတွင်းဘယ်လိုပင်နက် နက်။ စားသောက်ဖွယ်ရောင်းချသော ဆိုင်ကြီး ဆိုင်ငယ်တွေ အမြဲတမ်းအလုပ်ဖြစ်နေကြ၏။ ရှေးခေတ်နှင့် နှိုင်းစာလျှင် အလွယ်တကူပြီးစီး နိုင်သည့် Ready Made အဆင်သင့် စားသုံးနိုင်သည့် စားစရာအထုပ်တွေ မည်မျှခေတ်စားများ  ပြားလာသည်ဖြစ်စေ၊ စားသောက်ဆိုင်များက တော့မူ အမြဲတမ်း ပန်းပန်လျက်၊ မြတ်စွန်းလျက် ရှိကြ၏။ စည်းစနစ်ကျကျနှင့် ခြစ်ခြစ်ခြုတ်ခြုတ် စီစီစစ်စစ် စီမံတတ်ပါက ထက်ဝက်ကျော် မြတ် စွန်းနိုင်၏။ စိစစ်မှုနည်းပါးပြီး လက်ဖွာသည့် ရောင်းဆိုင်ပင် အနည်းဆုံးသုံးပုံတစ်ပုံ၊ လေး ဆယ်ရာခိုင်နှုန်းလောက် အမြတ်ကျန်တတ်ပါသ တဲ့။ ကံမလိုက်လွန်း၍ အရောင်းပါးသူတောင် အိမ်စားစရိတ်တော့ ကျေ၏တဲ့။ ကဲ အစားအ သောက် အာဟာရမည်မျှအရေးကြီး၍ မည်မျှ အဝယ်လိုက်ပါသနည်း။

.
အချိန်တန်၍ အစာမသွင်းနိုင်လျှင် ဝမ်း ဗိုက်က တဂွီဂွီအချက်ပြပါပြီ။ အချိန်များစွာမှ လွန်သွားက အစာအိမ်နာ၊ လေပူထ ဆန္ဒပြပါ တော့၏။ ဝမ်းသမုဒ္ဒရာ အူဂင်္ဂါက ဆာလှသည် မျှော်လှပြီဆိုသော ဦးပုည၏ စာဖွဲ့ဟန်သည် အမှန်ပင်ဖြစ်၏။ သမုဒ္ဒရာ တစ်ဝမ်းတစ်ထွာ ရယ်လို့ ဆိုကြခြင်း၌ သမုဒ္ဒရာတွင်းသို့ မြစ်ကြီး ငါးသွယ် မြစ်ငယ်ငါးရာမှ ရေတို့အဆက်မပြတ် ဝင်ရောက်နေပါသော်လည်း ပြည့်လျှံသွားပြီဟူ ၍ မရှိ။ အမြဲလက်ခံနေနိုင်ဘိသကဲ့သို့ ကျွန် တော်တို့၏ ဝမ်းတစ်ထွာကလည်း အစားအ သောက် စားကာသွပ်သွင်းပေး၍ မပြီးစီးနိုင် တော့ပြီမဟုတ်ပါလား။
.
ညီညွတ်မျှတ
.
ကျွန်တော့်ဆောင်းပါးခေါင်းစီးကြီး တင် ထားသည်က ''ညီညွတ်မျှတအာဟာရ''ဖြစ်ရာ မည်သည်ကို ညီညွတ်၍ မည်သည်ကို မညီ ညွတ်ဟု ဆိုလိုပါသနည်း။ ဝမ်းဗိုက်ဆာလောင် လာတိုင်း တွေ့ကရာဖြည့်ဆည်းပေးစားသောက် ပေး၍ မဖြစ်တော့ပါ။ မိမိနှင့် မသင့်မြတ်သော အစားအစာ၊ ကျန်းမာရေးအတွက် တန်ဖိုးနည်း ပါးသော အ စားအစာ၊ ပေါပေါများများရတိုင်း စားပိုးနင့်အောင် အဝအပြဲစား၍လည်း မဖြစ် သေးပါ။ ကျန်းမာရေးအတွက် ဆေးပညာရှု ထောင့်မှ ပြောရပါကညီညွတ်မျှတသော အာ ဟာရဖြစ်ဖို့ အရေးကြီးလှ၏။ အင်္ဂလိပ်လို     “Balance Diet” ဟုဆိုသည်။ မြန်မာမှုပြု သောအခါ မူရင်း ဘာသာစကားကဲ့သို့ ပြည့်ဝ လေးနက်သည့် ဝေါဟာရဖြင့်ဖော်ပြနိုင်ဖို့ ခက် ခဲတတ်စမြဲပါ။ Balance Diet ဆိုသော စာနှစ်လုံး၏ ဝဏ္ဏလေးသံတွင်း သန့်ရှင်းသော၊ လတ်ဆတ်သော၊ အာဟာရတန်ဖိုးရှိသော၊ က စီဓာတ်၊ အသားဓာတ်၊ ဆီဓာတ်၊ သက်စောင့် ဗီတာမင်ဓာတ်၊ သတ္ထုဓာတ်နှင့် ရေတို့ပြည့်စုံ လုံလောက်မျှတစွာ အချိုးအစားညီညီပါဝင်သော ကျန်းမာရေးနှင့်ညီညွတ်မည့် စားသောက်ဖွယ် ဟူ၍ ရှည်ရှည်ဝေးဝေးကြီး ဖော်ပြပါမှသာ နီးနီး စပ်စပ်ရှိမည်။ အစားအသောက်များ၌ အခြေခံ ပါရှိသည့် ကစီဓာတ်ကို ကာဘိုဟိုက်ဒရိတ် (Carbohydrate)အသားဓာတ်ကို ပရိုတင်း(Protine)၊ဆီဓာတ်ကို ဖက်(Fat)တို့အရေးကြီး၏။ ဟင်းသီးဟင်းရွက်နှင့်တကွ အသီးအနှံ၊ အစေ့ အဆံတို့ကိုလည်း စားပေးဖို့ အရေးကြီးပြန်၏။ ရေဆိုတာကတော့ မပါမဖြစ်ပါ။ ရေအသက်တစ် မနက်ဟုဆိုသည်ဟုတ်။ Water Therapy ရေ ကုထုံးတောင်ရှိလိုက်သေးသည်။
.
ကျန်းမာရေးနှင့်ပြည့်စုံအောင် အသက်ရှင် သန်နိုင်အောင် အသက်လည်း ရှည်ရှည်နေရ အောင်ဆိုသည်ကား အာဟာရသည် မည်မျှအ ရေးကြီးပါသနည်း။ ဂရုအထူးစိုက်ဖို့လိုအပ်၏။ ''မိမိစားသော အစားအစာသည် သန့်ရှင်းလတ် ဆတ်ရဲ့လား၊ အချိုးအစားညီမျှတပါရဲ့လား၊ အာဟာရတန်ဖိုးကော ရှိပါရဲ့လား''စသည်အား ဖြင့် စိစစ်ဖို့ ချင့်ချိန်ဖို့ လိုအပ်လာ၏။ မိမိကြိုက် နှစ်သက်လှသည့် အစားအစာကို အလွန်အကျွံ အများကြီးစား၍ မဖြစ်သေးပေ။ အကြောင်းမှာ မိမိကြိုက်နှစ်သက်လှ၍ အမြဲတမ်းများများစား သုံးနေပါက သူ့ကြောင့်ပင် ရောဂါရရှိစေတော့မှာ သေချာပါ၏။ သာဓကအားဖြင့် အချိုကြိုက်လွန်း သူ သွေးချိုဆီးချိုဖြစ်တော့မည်။ အငန်ကြိုက် လွန်း၍ ဆားတိမ်တိမ်၊ ငါးပိငါးခြောက်စသည် အမြဲများများစားလွန်းက သွေးတိုးတော့မည်။ ဝက်ကိုလည်းကြိုက်၏။ အဆီတုံး၊ အခေါက်တို့ ကိုသာ ရွေးစားဖန်များက ဆူဖြိုးပြီး သွေးကြော အဆီပိတ်ပြီး နှလုံးရောဂါဝင်တော့မည်။ ဤအ ခြေခံကို နားလည်ပြီး တန်ဆေးလွန်ဘေးဟူ သော အဆိုကို သတိရခါဆင်ခြင်နိုင်မှ တန်ရုံ ကျပါမည်။ စားရေးသောက်တာ၌ Óာဏ်ဦးစီးရ မည်။ သတိကပ်ထားရမည်။ ခြိုးခြံသည်းခံရ မည်။ မသင့်သည်ကို ရှောင်ကြဉ်ရမည်။ သင့် သည်ကိုသာ မကြိုက်လည်း ဆောင်ရစားရပါ လိမ့်မည်။ သို့သော် ပြည့်စုံမျှတအာဟာရကို စားပေးနိုင်က မုချအသက်ရှင်မည်၊ ရှည်မည်။
.
အခြေခံကျ
.
ကျွန်တော်တို့ မြန်မာနိုင်ငံနှင့် အရှေ့တောင် အာရှနိုင်ငံများသည် စိုက်ပျိုးရေးကို အဓိကထား သော လူမျိုးများ နေထိုင်သည့် တိုင်းပြည်များ ဖြစ်ကြ၏။ အခြေခံအစားအစှာအစေူန င်္သသိ မှာ ဆန်စပါးဖြစ်၏။ မုန့်ပဲသရေစာများကို ဗိုက် ကားအောင်ပင် စားထားသည်ဖြစ်စေ၊ ထမင်း တစ်လုတ်တစ်ဆုပ်မှ မစားလိုက်ရလျှင် မတင်း တိမ်နိုင်တတ်ကြပါ။ ထမင်းတစ်ဆုပ်တောင် တစ်လုံးတက်နိုင်သည်ဟု ဘိုးဘွားများက ပြော တတ်လှ၏။ ထမင်းကို အားပြုစားသော ဓလေ့ ထုံးစံကြီးက ဤရွေ့ဤမျှလွှမ်းမိုးခံကြရပါ သည်။ ရေနည်းပါး၍ ရာသီဥတုကလည်း အခြေ အနေမပေး၍ ဂျုံပြောင်းစသည်တို့ကိုသာ စိုက်ပျိုးနိုင်သော ဒေသအချို့ရှိ၏။ ဆန်နှင့်အ လားတူစွာ ယင်းတို့သည်လည်း ကစီဓာတ် ဖြစ်ပါသည်။
.
အသားဓာတ်(Protine)ကို အသင့်အတင့်၊ အဆီ ဓာတ်ပါလေရုံ၊ ဟင်းသီးဟင်းရွက်များများ စားသုံးရုံမျှနှင့် ပြည့်စုံမျှတသော အာဟာရဖြစ် နိုင်ပါပြီ။ သားကြီးငါးကြီးက ဈေးမြင့်တက်နေ၍ ပွဲဟင်းများလို နေ့စဉ်ချက်မစားနိုင်သော်လည်း ဝမ်းနည်းစရာမရှိပါ။ အသားဓာတ်ကို ပုစွန်တုပ် ကြီး စားနိုင်မှ မဟုတ်ပါ။ ငါးကြင်းငါးရံ့ငါးခူ စ သည် စားနိုင်မှ မဟုတ်ပါ။ ပုစွန်သားဖွဲ၊ ငါးသားဖွဲ မျှ စားနိုင်ကလည်း အသားဓာတ်ရရှိပါ၏။ ကြက် အမဲဝက်ဆိတ်စားနိုင်မှ မဟုတ်ပါ။ ဒုတိယသား ဓာတ် Second Grade Protein  ကိုပဲ အဆင့် အမျိုးမျိုးမှ ရရှိနိုင်ပါ၏။ သတ်သတ် လွတ်စားသူများအတွက် ငါးသားဆီမဟုတ်ဘဲ ပဲဆီနှမ်းဆီအသီးအရွက်ဆီ Margarine ကို သုံးနိုင်၏။ ထမင်းစားပြီး အရည်ရွှမ်းသီး၊ အရည်ရွှမ်းဥ (စိမ်းစားဥ)စားပေးသင့်၏။ ပေါ ပေါများများ အလွယ်တကူရရှိနိုင်သော ဖီး ကြမ်းငှက်ပျော(ငှက်ပျော်ချဉ်)တစ်လုံးစားပေး က များစွာကျန်းမာအသက် ရှည်ပါကြောင်း သိရပါသည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်၌ ဟင်းသီးဟင်းရွက်၊ အသီးအနှံ တွေရှိပါ၏။ ကြိုက်တတ်ဖို့၊ စားတတ်ဖို့နှင့် စားဖြစ်ဖို့က ပို၍အရေးကြီး၏။ ဟင်းသီးဟင်း ရွက်နှင့် အသီးအနှံ၊ ရာသီပေါ်တို့ကိုစားဖြစ်လျှင် ဗီ တာမင်တို့ ဓာတ်သတ္ထု Vitamins and Minerals တို့ကို အလျှံပယ်ရရှိစေပြီးဖြစ်ပါသည်။ ကဲ တတ်နိုင်သည့်အင်အားနှင့် အလွယ်ပေါများ စွာ ရရှိနိုင်သည့်အစားအစာကို ပြည့်စုံမျှတစွာ စားပေးတတ်လျှင် သက်ရှင်မည်၊ သက်ရှည် မည်။ ကျန်းမာရေးနှင့်ပြည့်စုံကာ ဆေးခန်း ဆေး ရုံသို့ အိမ်ဦးကြမ်းပြင်လို မကူးသန်းရ၍ပိုစိတ် ချမ်းသာမည်။ ငွေကုန်ကြေးကျအလွန်ပင်သက် သာမည်။

.
စက်တင်ဘာ ၂၈ ရက်နေ့၊ ရန်ကုန်တက္က သိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပဖြစ်ခဲ့ သည့် လူငယ်စကားဝိုင်း၊ ရသစာပေအကြောင်း ဆွေးနွေးစဉ် နိုင်ငံတော်အတိုင်ပင်ခံကြီးက အ ချစ်နှင့်ဘာသာရေးအကြောင်း ကဗျာများ စပ် ကြသည်။ အစားအသောက်အကြောင်း ဘာ ကြောင့်ကဗျာမစပ်ကြပါသနည်းဟု ထည့်မေး ဆွေးနွေးသွားကြောင်း ဖတ်လိုက်ကြရသည်လေ။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats