နောင်ချိုတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သိန်းကျော် ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်ချိုတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သိန်းကျော် ဖမ်းဆီးရမိ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)  နောင်ချိုမြို့အ၀င်၊ မန္တလေး-မူဆယ်ပြည်ထောင်စုကားလမ်းပေါ်တွင် မော်တော်ယာဉ် တစ်စီး ပေါ်တွင် သိုဝှက်ယူလာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သိန်းကျော်၊ ဒေသပေါက်ဈေး ကျပ်သိန်းပေါင်း ငါးသောင်းကျော်ကို စက်တင်ဘာလ ၆ ရက်နံက်ပိုင်းက ဖမ်းဆီးရမိကြောင်း နောင်ချိုမြို့မရဲစခန်းမှ သိရှိရသည်။
.
.
စရဖ(နောင်ချို)မှ တကက  ဟိန်းလင်းဇော်နှင့် အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်စောထင်လင်းတို့ဦးဆောင်သည့် ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၆ ရက်နံနက် ၆ နာရီခန့်တွင် နောင်ချိုမြို့အ၀င် ၊ မိုင်တိုင်အမှတ်(၈၀/၄)အနီး၊ မူဆယ်-မန္တလေးပြည်ထောင်စုကားလမ်းပေါ်တွင် သတင်းအရစောင့်ဆိုင်းနေစဉ် ကွတ်ခိုင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မန္တလေး၊ ပြည်ကြီးပျော်ဘွယ်မြို့နေ  နေဦးမောင် (ခ) ကျားကြီး(၃၄)နှစ်မောင်းနှင်ပြီး အောင်မြေသာဇံမြို့နယ်နေသိန်းဆွေ(ခ) မောင်မောင်သိန်း(၃၄)နှစ် လိုက်ပါလာသည့် REVO အမျိုးအားအဖြူရောင်ယာဉ်အားရပ်တန့်စစ်ဆေးရာ  ယာဉ်အတွင်းကြမ်း ခင်းနှင့်ဘေးဘောင်များအတွင်း သိုဝှက်ထည့်သွင်းလာသည့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၅၄၁၀၀၀ ပြား၊ အလေးချိန် ၄၅၇ ဒသမ ၃၈ ကီလိုဂရမ်ခန့်၊ ဒေသပေါက်ဈေး တစ်ပြားလျှင်၂၀၀၀ ကျပ်နှုန်းဖြင့် ကျပ်သိန်းပေါင်း ၅၀၈၂၀၀၀၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ အဆိုပါ မူးယစ်ဆေးဝါးများကိုသယ်ဆောင်လာသူ နေဦးမောင်(ခ)ကျားကြီှးနှင့် သိန်းဆွေ (ခ)မောင်မောင်သိန်း တို့အား နောင်ချိုမြို့မရဲစခန်းမှ မယ(ပ)၆၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats