တောင်ကြီး-အေးသာယာ အတက်/အဆင်းလမ်း၌ မိုးရေများနှင့်အတူ ရွှံ့ များ ရောပါစီးဆင်းနေသည့်အတွက် အန္တရာယ် ဖြစ်ပေါ်လာနိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး-အေးသာယာ အတက်/အဆင်းလမ်း၌ မိုးရေများနှင့်အတူ ရွှံ့ များ ရောပါစီးဆင်းနေသည့်အတွက် အန္တရာယ် ဖြစ်ပေါ်လာနိုင်



သွဲ့ရတီဗိုလ်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-အေးသာယာ အတက်/ အဆင်း လမ်းမပေါ်၌ မိုးသည်းထန်စွာ ရွာသွန်းသည့် အချိန်တွင် မိုးရေများနှင့် အတူ တောင်ကမ်းပါးနံရံမှ ပြိုကျလာ သည့် ရွှံ့မြေများရောပါ စီးဆင်းနေသည့် အတွက် ယာဉ်နှင့်ခရီးသွားများအ တွက် အန္တရာယ်ဖြစ်လာနိုင်သဖြင့် ဒေသခံပြည်သူများမှ စိုးရိမ်မှုများ ဖြစ် ပေါ်နေကြောင်း သိရသည်။ 
.
.
''ကျွန်တော်တို့က နေ့တိုင်း အေး သာယာကနေ တောင်ကြီးကို အ တက်/အဆင်းလုပ်ပြီး အလုပ်သွား နေရပါတယ်။ ရာသီဥတုသာယာတဲ့ အခါမှာ အဆင်ပြေနေပေမယ့် ခုလို မိုးရာသီ၊ မိုးသည်းသည်းထန်ထန် ရွာသွန်းတဲ့အခါတွေမှာ တောင်ကျ ချောင်းရေတွေနဲ့အတူ တောင်းကမ်း ပါးယံက မြေပျော့တွေက ပြိုကျလာ ပြီးတော့ မိုးရေနဲ့ရွှံ့ရေတွေရောပြီး ကား လမ်းပေါ်မှာ စီးဆင်းနေပါတယ်။ ကျွန် တော်တို့ သွားလာရတဲ့အခါ တော် တော် သတိထားနေရပါတယ်။''ဟု အေးသာယာမြို့၊ ရပ်ကွက်(၈)မှ ကို မောင်မောင်က ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။ 
.
အဆိုပါ တောင်ကြီး-အေးသာယာ အတက်အဆင်း လမ်းမပေါ်၌ မိုးသည်း ထန်စွာ ရွာသွန်းသည့်အခါတွင် မြေ ပြိုကျမှုများ ဖြစ်ပွားလျက်ရှိပြီး မိုးရေ များနှင့်အတူ ရွှံ့များပါရောပါ စီးဆင်း နေသည့်အတွက် သက်ဆိုင်ရာ တာ ဝန်ရှိသူများမှ အမြန်ဆုံးထိန်းသိမ်း ဆောင်ရွက်ပေးစေလိုသည်ဟု ကိုမောင် မောင်က ဆက်လက်ပြောကြားခဲ့ သည်။
.
''လမ်းပေါ်ကို ရွှံ့ရေတွေက တော် တော်ကို ဖြတ်စီးဆင်းနေပါတယ်။ ကားကြီး၊ ကားငယ်တွေတောင် အ တော်ကို သတိထား မောင်းနေရတဲ့ အခြေအနေပါ။ ဆိုင်ကယ်စီးသမား တွေအနေနဲ့ အရမ်းကိုဂရုစိုက်ရတဲ့ အနေအထားပါ။ နေ့ဆိုရင်တော့ သိပ် ပြီး မစိုးရိမ်ရပေမယ့် ညပိုင်းဆိုရင် တော်တော်သတိထား မောင်းနှင်နေရ တဲ့ အခြေအနေဖြစ်နေပါတယ်။ ဒါ တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ က ထိန်းသိမ်းဆောင်ရွက်ပေးဖို့ လို အပ်နေပါတယ်၊ မဖြစ်ခင် ကြိုတင်ကာ ကွယ်တာက အကောင်းဆုံးပါပဲ''ဟု ကုန်တင်ယာဉ်မောင်းဖြစ်သူ ဦးမင်းစိုးမှ ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ လမ်းမပေါ်တွင် မိုးရေ များနှင့်အတူ ရွှံ့များပါ ရောပါစီးဆင်း နေခြင်းနှင့် ပတ်သက်၍ တောင်ကြီးခရိုင် လမ်းဦးစီးဌာနသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းခဲ့ရာ ''အခုက မိုး တွင်းကာလဖြစ်တဲ့အတွက် မြေပျော့ တဲ့နေရာတွေမှာ မြေပြိုတတ်ပါတယ်။ အဲဒါတွေအတွက်ကိုလည်း တောင်ပေါ် ဒေသ လမ်းဆောက်လုပ်ရေး ကုမ္ပဏီ အနေနဲ့ လမ်းထိန်းသိမ်းရေးလုပ်ငန်း တွေကို ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ခါတလေတော့ ဖြစ်တတ်ပါတယ်။ လုပ်ငန်းချိန်ပြင်ပ ပြိုကျနေတာမျိုးတို့၊ ရေမြောင်း ပိတ်သွားတာမျိုးတို့တော့ ရှိ တတ်ပါတယ်။ လမ်းပိတ်သွားတာ မျိုး တော့ မရှိပါဘူး။ ဒါတွေကို လမ်းဦးစီး ဌာနကလည်း အမြဲတမ်းစောင့်ကြပ် ကြည့်ရှုပေးလျက်ရှိပါတယ်။ နောက်ပြီးြဥွှ အစည်းအဝေးဆိုတာကို လစဉ် ခေါ်ပြီးတော့ သူတို့ဆောင်ရွက်ရန်၊ အား နည်းနေတဲ့ ဆောင်ရွက်ချက်တွေကို ပိုမို လုပ်ဆောင်ဖို့ ညွှန်ကြားထားတာတွေ ရှိပါတယ်''ဟု လက်ထောက်ညွှန်ကြား ရေးမှူး(မြို့ပြ)ဦးမျိုးလွင်က ကမ္ဘောဇ တိုင်းသို့ ပြောကြားခဲ့သည်။
.
တောင်ကြီးမြို့နှင့် အေးသာယာမြို့ သည် ၁၂ မိုင်ခန့် ကွာဝေးပြီး အတက် လမ်း၊ အဆင်းလမ်းအဖြစ် သီးခြားစီ ထားရှိသော တောင်ပေါ်လမ်းတစ်ခုဖြစ်သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats