ဟိုပုံးမြို့ရှိ လွတ်လပ်ရေးကျောက်တိုင် နေရာပြောင်းရွှေ့ စိုက်ထူမည့် ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်နှင့် ဒေသခံအချို့မှ သမ္မတထံသို့ ကန့်ကွက်စာ ပေးပို့ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့ရှိ လွတ်လပ်ရေးကျောက်တိုင် နေရာပြောင်းရွှေ့ စိုက်ထူမည့် ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်နှင့် ဒေသခံအချို့မှ သမ္မတထံသို့ ကန့်ကွက်စာ ပေးပို့ထား


နန်းဝင်းရီ၊ ကမ္ဘောတိုင်း
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပ အိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ လွတ်လပ်ရေးကျောက် တိုင်အား နေရာပြောင်းရွှေ့ စိုက်ထူ ကာ ယင်းကျောက်တိုင်ကွင်းအား အ ဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ကော်မတီဝင် ဦးစိုးမြင့်ဆွေနှင့် ဒေသ ခံအချို့မှ သြဂုတ်လ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူများ ထံသို့ ကန့်ကွက်စာ ပေးပို့တင်ပြထား ကြောင်း သိရသည်။
.


.
''ကျောက်တိုင် ရွှေ့ပြောင်းဖို့ ကိစ္စ နဲ့ ပတ်သက်လို့တော့ ရပ်မိရပ်ဖတွေ စုပြီး နိုင်ငံတော်သမ္မတဆီကို ကန့်ကွက် စာ တင်ထားပါတယ်။ ရင်ပြင်ကို အ ဆင့်မြှင့်တင်တာကတော့ ပြောစရာ မ ရှိပါဘူး။ လွတ်လပ်ရေး ကျောက်တိုင် ကို ရွှေ့ပြောင်းတာကျတော့ ပွင့်လင်း မြင်သာဖို့နဲ့ လူထုဆန္ဒ ပါဝင်ဖို့လည်း လိုအပ်ပါတယ်။ လူထုတွေရဲ့ ဆန္ဒက တော့ ဒါကို မရွှေ့စေချင်ပါဘူး။မူလ နေရာမှာပဲ ပြုပြင် မွမ်းမံစေချင် ကြပါတယ်။ ရွှေ့ဖို့လည်း မလိုအပ် ဘူးလို့ ယူဆပါတယ်။ ဒါကြောင့် ရပ်မိ ရပ်ဖ ၈ ဦး စုပေါင်းပြီး လက်မှတ် ရေးထိုး တင်ပြခဲ့တာပါ။ နိုင်ငံတော် သမ္မတအပြင်၊ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသဦးစီး ဥက္ကဌနဲ့ ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူးတို့ကို ပေးပို့ တင်ပြခဲ့ ပါတယ်။ စာတင်ပြီးတဲ့နောက် ဒေ သဦးစီး ဥက္ကဌ ဦးခွန်စံလွင်နဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီ မှာ ဥက္ကဌကြီးကလည်း အကောင်းဆုံး ဖြစ်အောင် စဉ်းစားကြမယ်လို့ ပြော လာပါတယ်။ အခုထိတော့ ပြောင်းရွှေ့ ဖို့ကိစ္စ ဘာမှဆောင်ရွက်တာ မရှိသေး ပါဘူး။ အားလုံး စိတ် ချမ်းချမ်းသာသာနဲ့ အဆင်ပြေဖို့ပဲ ဆန္ဒရှိပါတယ်''ဟု ကန့် ကွက်စာ လက်မှတ်ရေးထိုး တင်ပြ ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မ တီဝင် ဦးစိုင်းမြင့်ဆွေက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါ လွတ်လပ်ရေးကျောက် တိုင် ပြောင်းရွှေ့ စိုက်ထူရန်အတွက် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိ သူများက ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့)တွင် လက်ရှိ ကျောက်တိုင်အနီး တောင်ဘက်မြေ ကွက်လပ်၌ ပန္နက်ရိုက်ခြင်း၊ အမွှေးနံ့ သာရည်များ ပက်ဖြန်းခြင်းတို့ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
.
''ကန့်ကွက်တာနဲ့ ပတ်သက်လို့ ကတော့ ဒေသဦးစီး ဥက္ကဌကနေ ရှမ်း ပြည်နယ် အစိုးရကို တင်ပြထားပါ တယ်။ လောလောဆယ်မှာတော့ ပြောင်းရွှေ့ဖြစ်၊ မဖြစ်ဆိုတာ ပြောလို့ မရသေးပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကနေ ပြီးတော့ အကောင်အ ထည်ဖော် ဆောင်ရွက်နေတာပါ။ ရှမ်း ပြည်နယ် အစိုးရအဖွဲ့က ကျပ်သိန်း ၁၅ဝ ထောက်ပံ့ပေးထားပါတယ်။ မ တည် အလှူငွေတော့ မရှိပါဘူး။ ရန်ပုံ ငွေ ရှာဖွေရေးကို အရပ်သားတွေကပဲ လုပ်ဆောင်နေတာ ဖြစ်ပါတယ်''ဟု ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်း တင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ကျောက်တိုင် ရွှေ့ ပြောင်းခြင်းနှင့် ရင်ပြင်အဆင့်မြှင့်တင် ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ကျောက်တိုင်ကွင်းအနီး နေထိုင်သူ တစ်ဦးကလည်း ''ဘာလုပ် မယ်ဆိုတာ ပြည်သူတွေကို ဘာမှ မ ပြောသေးဘူး။ ပြည်သူတွေက ဘာ လုပ်လို့ လုပ်မှန်းကို မသိဘူး။ အဲဒီမြေ ကြီးတွေ လာပုံထားတာကို ဘယ်သူ က ဘာလုပ်မယ်ဆိုတာ အခုချိန်အထိ ကို ဘာမှမသိရသေးပါဘူး။ သူတို့က တော့ ကောင်းအောင် လုပ်ပေးမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ခုလိုမျိုး လမ်းမ ပေါ်မှာ ဈေးရောင်းစားနေတဲ့ သူတွေအ တွက်တော့ နည်းနည်း အခက်အခဲ ရှိ သွားမှာပါ။ ကစားကွင်းကြီး လုပ်လိုက် တယ်၊ ပိတ်လိုက်တယ်ဆိုရင် ဒီကလူ တွေက ဘယ်ကိုရွှေ့လို့ ရွှေ့ရမှန်း မ သိဘူး''ဟု ၄င်း၏ အမြင်ကို ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ယင်းလွတ်လပ်ရေးကျောက်တိုင် ကွင်းတွင် ပေ (၁၄ဝ ထ  ၇၂)အကျယ်ရှိ ဘောလုံးကွင်း၊ ဘော်လီဘောကွင်း၊ ပိုက်ကျော်ခြင်းကွင်း၊ ဇာတ်စင်နှင့် အားကစား ပြုလုပ်နိုင်သည့် ပစ္စည်းများ ထားရှိဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ဘိလပ်မြေ ကွန်ကရစ်ခင်း၍ ပန်းပင် များကို အလှစိုက်ပျိုးထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကျောက်တိုင်ကွင်း အ ဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက် ရန်အတွက် ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ မေလ ၂၃ ရက်မှ စတင်၍ ကွင်းအ တွင်းရှိ ကားဂိတ်များ၊ ယာယီဈေးဆိုင် ခန်းများကို ဖယ်ရှားကာ မြေဖို့၊ မြေညှိ လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats