လက်အောက်ရှိ ဝန်ထမ်းအား ဆဲဆို ကြိမ်းမောင်းခဲ့သည့် ပင်းတယမြို့နယ် လဝက ဦးစီးမှူးကို အရေးယူရန် စုံခုံဖွဲ့ ၍ စစ်ဆေးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လက်အောက်ရှိ ဝန်ထမ်းအား ဆဲဆို ကြိမ်းမောင်းခဲ့သည့် ပင်းတယမြို့နယ် လဝက ဦးစီးမှူးကို အရေးယူရန် စုံခုံဖွဲ့ ၍ စစ်ဆေးနေ



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
လက်အောက်ရှိ ဝန်ထမ်းတစ်ဦးအား ဆဲဆိုကြိမ်းမောင်းခဲ့သည့် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဌာန ဦးစီးမှူးကို အရေး ယူဆောင်ရွက်နိုင်ရန်အတွက် စက်တင် ဘာလ ၇ ရက်က စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စတင်စစ်ဆေးနေလျက်ရှိ ကြောင်း  သိရသည်။ 
.
.
''ကျွန်တော်တို့ကတော့ သူတို့ကို စစ်ဆေးမေးမြန်းထားပါတယ်။ အကြမ်း ဖျင်းအနေနဲ့ ကနဦး စစ်ဆေးထားပါ တယ်။ ဒီဦးစီးမှူးကို သေသေချာချာ စုံစုံလင်လင် သိရအောင် စုံခုံအဖွဲ့နဲ့ စစ်ဆေးနေပါတယ်။ အဲဒီစစ်ဆေးမှု ရလဒ်ပေါ် မူတည်ပြီး အရေးယူ ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ စုံခုံစစ်နေတဲ့ အချိန်အတွင်းမှာ တောင်ကြီးခရိုင်ရုံးမှာ တွဲဘက်အနေနဲ့ တာဝန်ပေးထားမယ်။ ပင်းတယမြို့နယ်ရုံးမှာတော့ သူ့ကို မ ထားတော့ဘူး။ ဦးစီးအရာရှိ တစ်ဦးကို ကျွန်တော်တို့အနေနဲ့ အရေးယူလို့ မရ ပါဘူး။ အရေးယူဖို့ကြတော့ ဝန်ကြီး ဌာနကပဲ အရေးယူလို့ရမှာဖြစ်ပါတယ်။ စစ်ဆေးမေးမြန်းမှု ရလဒ်တွေကို လုပ် ထုံးလုပ်နည်းအတိုင်း သက်ဆိုင်ရာကို တင်ပြသွားပါမယ်''ဟု ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဆိုင်ရာရုံးမှ  ဒုတိယညွှန်ကြားရေး မှူး ဦးမြတ်သွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပင်းတယမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးမှူးမှ လက်အောက်ရှိ ဝန်ထမ်း တစ်ဦးအား အော်ဟစ်ဆဲဆိုကြိမ်း မောင်းခြင်းများ ပြုလုပ်နေသည့် ရုပ်သံ ဖိုင်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့မှုများ ဖြစ် ပေါ်ခဲ့သည်။ ထို့အပြင် ရုပ်သံဖိုင်နှင့်အတူ ပင်းတယမြို့နယ်ဦးစီးမှူးနှင့် မူ ကြိုကျောင်းဆရာမတစ်ဦးတို့၏ ခိုးယူ ပေါင်းသင်းနေမှုကို ရပ်ကွက်နေပြည် သူများမှ ဝိုင်းဝန်းဖမ်းဆီးပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ တိုင်ကြား ခဲ့သဖြင့် ဝန်ခံကတိပြု လက်မှတ်ရေး ထိုးစေခဲ့သော်လည်း ထပ်မံပြုမူနေမှု အပေါ် လိုအပ်သလို ကြီးကြပ်ကွပ်ကဲ ပေးရန် ပင်းတယမြို့၊ ဆင်ခေါင်းရပ် ကွက်အုပ်ချုပ်ရေးမှူးမှ ပင်းတယမြို့နယ်အုပ်ချုပ်ရေးမှူးသို့ သြဂုတ်လ ၁ ရက်တွင် တင်ပြခဲ့သည့်စာမှာလည်း လူမှုကွန်ရက်တွင် ပြန့်နှံ့နေခဲ့သည်။
.
ယင်းကဲ့သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ တင်ပြစာနှင့် ပတ်သက်၍ ပင်းတယမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ကမ္ဘောဇ တိုင်းမှ ဆက်သွယ်မေးမြန်းတွင် ဖြစ် စဉ်အား သိရှိခြင်း မရှိကြောင်းနှင့် ဌာန ဆိုင်ရာ ဝန်ထမ်းဖြစ်သည့်အတွက် သက် ဆိုင်ရာဌာနနှင့်သာ သက်ဆိုင်ကြောင်းကိုသာ ဖြေကြားခဲ့သည်။
.
အဆိုပါ ဦးစီးမှူးကို ပင်းတယမြို့ နယ်ရုံးတွင် တာဝန်ပေးအပ်ခြင်း မပြုတော့ဘဲ လက်တလောတွင် စုံခုံအဖွဲ့ ၏ စစ်ဆေးမှုကိုခံယူလျက် တောင်ကြီး ခရိုင်ရုံး၌ ဦးစီးအရာရှိအဖြစ် တာဝန် ပေးအပ်ထားကြောင်း ရှမ်းပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ သိရသည်။
.
ပင်းတယမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနရုံးတွင် ရုံးဝန်ထမ်း စုစုပေါင်း ၁၁ ဦးခန့် တာဝန်ထမ်းဆောင်နေလျက် ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats