ကိုတူး (အေးသာယာ)
.
.
ဘေးအပေါင်းရန်အသွယ် အန္တရာယ်အလီ လီမှ လွတ်ကင်းရပါစေကြောင်း ဆုတောင်းမပြည့်
ခဲ့ရရှာသည့် ကျွန်တော်တို့ နိုင်ငံပြည်သူတွေကို သနားမိပါသည်။ မတောင်းဘဲ ပေးသည့် ဆုကို
ရခဲ့ကြသည်။ ဒုက္ခသုက္ခဟူသမျှတို့နှင့် နှစ်စဉ်ကြုံ တွေ့ရပါလို၏ဟူ၍များ ဆုတောင်းမှားခဲ့လေသ
လား မသိ၊ယခုလည်း ရေဘေးဆိုသော ဒုက္ခဆိုး ကြီးက အလုံးအရင်းဖြင့် ကလူကျီစယ် လာပြန် ချေပြီ။
အိမ်ရှေ့ပူလျှင် အိမ်နောက်မချမ်းသလို ပြည်သူတို့ ဒုက္ခတောမှာ မျှောနေရတော့ အစိုးရ နှင့်
ကျန်ပြည်သူများပါ နေမထိ ထိုင်မသာဖြစ်ကြ ရသည်။ တတ်နိုင်သမျှ ဖေးမကူညီထောက်ပံ့ဖို့ လုံးပမ်းနေကြရပြီ၊
လဲနေသူကို တွဲထူပေးဖို့ အား ငယ်သူကို အားပေးဖို့ နိုးကြားတက်ကြွသော အသိစိတ်က ပြည်သူတိုင်းနီးပါးမှာ
ရှိကြသည်။ အရေးကြီးနေသည့် ယခုလို အချိန်မျိုးမှာ မထင်မှတ်ဘဲ ကြားလိုက်ရသည့် သတင်းတစ်ခုကြောင့်
စိတ်ထဲမှာ မတင်မကျ ဖြစ်ခဲ့ရသည်။ တစ်လောက ထင်ရှားသော အဖွဲ့အစည်းတစ်ခုမှ ရေဘေးကယ် ဆယ်ရေးအတွက်
အလှူခံခွင့် တောင်းခံသည်ဟု သိရ၏။ သို့သော်လည်း ယင်းကိစ္စကို သက်ဆိုင်ရာ တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ ခွင့်မပြုနိုင် ကြောင်း ပြန်ကြားခဲ့သည့် သတင်းဖြစ်၏။ မည်သည့်အတွက် ခွင့်မပြုနိုင်တာလဲ
ဘာကြောင့်လဲ ဆိုသည့် မေးခွန်းတွေ တစ်သီကြီးထွက်ပေါ်လာခဲ့သည်။ လက်ရှိအစိုးရ ဘာလုပ်လုပ်
အကောင်းမမြင်တတ်သူ အချို့ကတော့ ဒုက္ခရောက်နေသူတွေ အပေါ် ကိုယ်ချင်းစာစိတ် မရှိဘူး၊ ပြည်သူနှင့်အတူဆိုတာ
ဒါလားစသည်ဖြင့် ပြစ်တင်ဝေဖန်နေကြမှာ ဖြစ်သည်။ ပြဿနာတစ်ခုကို အပေါ်ယံ အမြင်တစ်ခုတည်းဖြင့်
တစ်ဖက်သတ်ကြည့်ပြီး ဆုံးဖြတ်၍ မရနိုင်ပါ။ အဓိက အကြောင်းရင်းကို မြင်အောင် ကြည့်ပြီး
ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင် သုံးသပ်ဖို့ လိုပါသည်။ အာဏာရှင် အစိုးရများ သည်ပင် မိမိပြည်သူတို့
ဒုက္ခရောက်နေလျှင် လက်ပိုက်ကြည့်မနေဘဲ ကူညီကယ်ဆယ်သေး သည်။ ယခုအစိုးရသည် ပြည်သူက တရားဝင်
ရွေးချယ်ထားသည့် ပြည်သူ့အစိုးရဖြစ်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်မှာ ဖြစ်သည်။
လိုအပ်သည့် ကယ်ဆယ်ရေး အစီအမံများ ရေးဆွဲပြီး စနစ်တကျ ဆောင်ရွက်နေသည်ကိုလည်း တွေ့မြင်ကြားသိနေရပါသည်။
ယခုလို အလှူခံခွင့် ပိတ်ပင်ရခြင်း၏ အကြောင်းရင်းကိုထဲ ထဲဝင်ဝင် လေ့လာသည့်အခါ အစိုးရအဖွဲ့မမှားဟု
မြင်သည်။ ဘာကြောင့်လဲဆိုလျှင် စဉ်းစား ကြည့်ပါ၊ ဘယ်နေရာမှာ ဘာဖြစ်လို့ ဒုက္ခရောက် နေကြပြီတဲ့ဆိုလျှင်
လှူချင်တန်းချင်သူတွေက ပိုက်ဆံအိတ် တပြင်ပြင်၊ ဖြစ်ပွားရာဒေသနှင့် နီးစပ်သူတွေက ကိုယ်တိုင်ကိုယ်ကျ
သွားရောက်လှူဒါန်းနိုင်သော်လည်း ဝေးလံသည့် ဒေသနေ ပြည်သူများကတော့ တကူးတက အပင်ပမ်းခံပြီး
သွားရောက်လှူဒါန်းပေးမည့် အသင်းအဖွဲ့နှင့် အလှူခံ အဖွဲ့တွေကို မျှော်ကြသည်။ ဘယ်နေရာမှာ
အလှူခံဖွင့်ထားသလဲဟု အချင်းချင်း မေးမြန်းကြသည်။ စုံစမ်းကြသည်။ အလှူခံခွင့် ပိတ်ပင်ရခြင်း၏
အကြောင်းအရာတွင် ဒီအချက်က အဓိကပါသည်။ ပြည်သူက စေတနာ၊ သဒ္ဓါတရားထက် သန်စွာဖြင့် ယုံကြည်ပြီး
ထည့်ဝင်လှူဒါန်းသည့် ငွေကြေးနှင့် ပစ္စည်းများ အလဟဿ မဖြစ်စေရေး အတွက် ကြပ်မတ်ရခြင်း
ဖြစ်၏။ အလှူခံခွင့်တင် ပြလာသည့် အဖွဲ့အစည်းလိုမျိုး၊ တော်တည့်မှန်ကန်စွာဖြင့် ကိုယ်ကျိုးမပါဘဲ
ဆောင်ရွက်မည့် အသင်းအဖွဲ့လိုမျိုးက အလှူခံလျှင် ထိရောက်စွာ ကူ ညီပံ့ပိုးနိုင်မည်ကို
အစိုးရအဖွဲ့က မသိမဟုတ်။ သိပါသည်။ သို့သော် ယင်းအဖွဲ့များကို ခွင့်ပြုလိုက်သည်နှင့်
ငွေဖလားတစ်လုံး၊ ဖြတ်ပိုင်းတစ်အုပ်၊ ဗီနှိုင်းတစ်စဖြင့် တွေ့ရာလူ ဆွဲခေါ်ပြီး ပေါ်ထွက်
လာမည့် ခါတော်မီအဖွဲ့များက ရှိသေးသည်။ ယင်း တို့ကိုလည်း အလှူခံခွင့်ပေးပါမှ အစိုးရဘက်က
တရားမျှတရာ ရောက်မှာ ဖြစ်သည်။ ထိုသို့သော ခါတော်မီအဖွဲ့များ၏ သမာဓိနှင့် ကိုယ်ခံစွမ်းအား
ကို မည်သည့်ရပ်ရွာ လူကြီးက ရာနှုန်းပြည့် ထောက်ခံပါမည်နည်း။ နောင်ခါလာ နောင်ခါဈေး ဟု
သဘောပိုက်၍ ရသည့်ကိစ္စ မဟုတ်၊ နောက် ဆက်တွဲ ပေါ်ပေါက်လာမည့် ပြဿနာတွေကို ဖြေ ရှင်းရင်း
အချိန်ကုန်မည့်အစား တစ်ခါတည်း အ မုန်းခံပြီး တစ်ခန်းရပ်စေခဲ့ခြင်းက အကောင်းဆုံး ဖြစ်သည်။
တောမီးလောင်၍ တောကြောင်လက် ခမောင်း ခတ်မဖြစ်ရအောင် မလောင်မီက တား လိုက်ခြင်း ဖြစ်သည်။
ကျွန်တော်တို့ မြန်မာလူမျိုးများသည် အလှူအတန်းတွင် ပျော်မွေ့ကြသည်။
မရှိလို့ မလှူမဖြစ် ရအောင် တတ်နိုင်သမျှ လှူဒါန်းကြသည်။ တစ် မူးရှိလျှင် တစ်ပဲလှူကြသည်။
ငယ်စဉ်တောင်ကျေး ကလေးဘဝအရွယ် ကတည်းက လှူတတ်တန်တတ် ဘာသာတရားကိုင်းရှိုင်း တတ်အောင် လူကြီးမိဘနှင့်
ဆရာသမားများက ဦးဆောင်လမ်းပြခဲ့ကြသည်။ ရဟန်းသံဃာတွေ့လျှင် ဦးချကန်တော့ ရမည်။ ဆွမ်းခဲဘွယ်
ဝတ္ထုငွေတစ်ခုခု လှူဒါန်းရ မည် ဆိုသည့် အသိက ကြီးပြင်းလာသည်ထိ ရင်ထဲမှာ အမြစ်တွယ်ခိုင်မာနေတတ်သည်။
အလှူ အတန်း ရက်ရောသည့်အတွက်လည်း Golden Land အဖြစ် မြန်မာကို ကမ္ဘာက ပို၍ သိကြခြင်း
ဖြစ်၏။ သို့သော်လည်း အလှူအတန်းနှင့် ပတ်သက်သည့် အားနည်းချက်တစ်ခု ရှိနေတာကို တော့ သတိမထားမိကြပေ။
ယင်းမှာ ဘာပဲဖြစ်ဖြစ် လှူလိုက်ရတာ အမြတ်ပဲ လှူနေရလျှင် ပြီးရော စိတ်ဖြင့် အလှူခံ ပုဂ္ဂိုလ်နှင့်
အဖွဲ့အစည်းတို့ကို မကြည့်၊ ကိုယ်က သဒ္ဓါတရားထက်သန်စွာဖြင့် ဘုရား၊ တရား၊ သံဃာကို ရည်မှန်းပြီး
လှူဒါန်း ခြင်းဖြစ်သည်။ အလှူခံ သူတို့ ဘာသုံးသုံး ကိုယ် နှင့်မဆိုင် ဆိုသည့် အတွေးက
ဗုဒ္ဓဘာသာဝင်တိုင်း နီးပါးမှာ ရှိကြသည်။ နည်းသည်များသည်ကို ပဓာနမထား၊ လှူဒါန်းမှု အစုစုကို
''နိဗ္ဗာန် ပစ္စယော ဟောတု'' အဖြစ်သာ နှလုံးသွင်းကြ၏။ သည်အချက်များက ဘာသာသာသနာကို ခုတုံး
လုပ်ပြီး ကိုယ်ကျိုးရှာလိုသူတွေအတွက် စားကျက် မြေ တစ်ခု၊ ဈေးကွက်တစ်ခုသဖွယ် ဖြစ်စေခဲ့သည်။
ကျွန်တော်တို့ လူမျိုးကလည်း ခက်သည်၊ အပြင် ပမ်း ဥပဓိရုပ်နှင့် အပေါ်ယံ အဝတ်အစားတို့ကို
ကြည့်ပြီး လူတစ်ဦး တစ်ယောက်ကို အထင်ကြီး ခြင်း အထင်သေးခြင်းတို့ ဖြစ်လေ့ရှိ၏။ အဝတ်
အစား စုတ်စုတ်ပြတ်ပြတ်နှင့် ကိုယ်လက်အင်္ဂါ ချို့ ယွင်းနေသူ၊ ခြေလက်တွေမှာ ပတ္တီးအထပ်ထပ်ဖြင့်
ခွက်တစ်လုံး ကိုင်ထားသည့် သူတောင်းစားလို လူ၊ သည်လိုမျိုးဆိုလျှင် ငါးဆယ်၊ တစ်ရာ လှူ
တန်းဖို့ မဆိုထားနှင့် မျက်နှာပင် လွှဲသွားတတ်ကြ သည်။ အဝတ်အစား တောက်တောက်ပြောင်ပြောင်နှင့်
ဥပဓိရုပ် ကောင်းကောင်းဆိုလျှင် ဘာသာသာသ နာအတွက် အလှူခံများ ပိုမိုများပြားလာသည်။ စေတီတည်ရန်
ကျောင်းဆောက်ရန် ဘုရားကြီး ပြုပြင်ရန် အစရှိသည့် မြောက်များလှစွာသော ခေါင်းစဉ်များဖြင့်
ဝေဝေဆာဆာ ရှိလှသည်။ နေရာ ဒေသတစ်ခုတည်းသာ မဟုတ် မြို့ရွာဒေသအနှံ့ မှာ အလှူခံတစ်မျိုး
မဟုတ် တစ်မျိုး ရှိသည်။ အလှူခံ သမျှ ခေါင်းစဉ်တိုင်းကို ကြည့်လျှင် ဘာ သာသာသနာနှင့်
စပ်လျဉ်းသည့် အကြောင်းအ ရာများချည်း ဖြစ်သည်။ ''စေတနာ သဒ္ဓါတရား နည်းများမဆို ပါဝင်လှူဒါန်းကြပါရန်
နိဗ္ဗာန်အကျိုး မျှော်၍ နှိုးဆော်အပ်ပါသည်''ဟူသော အသံတွေ က အလှူခံတိုင်းလိုလို မှာကြားနေရတတ်သည်။
နိဗ္ဗာန်ကို ရောက်မရောက် မသေချာသော်လည်း လတ်တလောအားဖြင့်တော့ လှူဒါန်းမှု အစုစုအ တွက်
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းရည်က အမြတ်ပဲ ဟု သဘောထားပြီး လှူတန်းနေကြသည်။
.
ဘုရားပြင် ကျောင်းဆောက်စေတီတည် စသည့်သာသနိကဆိုင်ရာ လုပ်ငန်းများသည်
ဘာသာရေး၊ သာသနာရေးအတွက် လိုအပ်သည်မှာ မှန်ပါသည်။ အလှူရှင်တစ်ဦး တစ်ဖွဲ့တည်းဖြင့် ပြီး
မြောက်ခဲ့ပါလျှင် အဆင်ပြေသည်။ ထိုသို့မဟုတ် ဘဲ လုပ်ငန်းတစ်ပိုင်းတစ်စဖြင့် အပြီးမသတ်နိုင်
သည့် သာသနိက အဆောက်အဦများအတွက် ခုနှစ်ရက်သားသမီးများထံမှ အလှူခံကြရသည်။ လူ အသွားအလာ၊
ယာဉ်အသွားအလာများသည့်လမ်း မတစ်ဘက်တစ်ချက်မှာ ငွေဖလားကိုယ်စီဖြင့် အလှူခံနေသူတို့ရှိ၏။
ယင်းသို့ အလှူခံခြင်းမှာ ကာလအပိုင်းအခြားတစ်ခုတည်းသာမဟုတ်ဘဲ နှစ်ရှည်လများဖြစ်နေတာတွေ့ရသည်။
နှစ်တွေသာ ပြောင်းသွားသည်အလှူခံနေသည့် လူတွေကမပြောင်း၊ ကန်ထရိုက်စနစ်ဖြင့် အလှူခံနေသည်
လားဟု ထင်ရလောက်သည်။ သက်ဆိုင်ရာသာ သနိက အဆောက်အဦ ပြီးစီးလျှင်၊ သတ်မှတ်ငွေ ကြေးပြည့်စုံလျှင်
အလှူခံခြင်းကို ရပ်နားသင့်၏။ ယခုတော့ ဆောက်လို့မပြီး ကျောင်းတော်ကြီးဖြစ် နေပြီ။ ဤသည်မှာ
ဒေသအတွင်းမှ အလှူခံအချို့ ၏ အနေအထားဖြစ်သည်။ ဘာသာ သာသနာ အတွင်းမှ အလှူခံအချို့၏ အနေအထားဖြစ်သည်။
ဘာသာ၊ သာသနာအတွက် ပရဟိတစိတ်အပြည့် ဖြင့် အကျိုးဆောင်သည့် နိဗ္ဗာန်ဆော်စစ်စစ်များ ဖြစ်လျှင်
အလှူခံသူရော၊ လှူဒါန်းသူများပါ ကု သိုလ်တိုးပွားစေနိုင်ပါသည်။
.
သည့်အပြင် အမြင်မတော်ဆင်တော်နှင့် ခလောက်သဖွယ်ဖြစ်နေသည့် အလှူခံအဖွဲ့အချို့လည်း
ရှိသေးသည်။ မြို့ရွာဒေသအနှံ့အပြားကို မော်တော်ယာဉ်တစ်ဦးဖြင့် လှည့်လည်အလှူခံနေ သည့်အဖွဲ့များဖြစ်၏။
မည်မျှအထိ ပေါများသနည်း ဆိုလျှင် ရပ်ကွက်အတွင်း တစ်လမ်းတည်းမှာပင် တစ်ခါတစ်ရံ နှစ်ဖွဲ့သုံးဖွဲ့ဆုံနေတတ်သည်။
တချို့ အဖွဲ့က မော်တော်ယာဉ်ဘေးတစ်ဖက်စီမှာ ဗွီနိုင်း ပိုစတာတွေ ချိတ်ဆွဲထားသော်လည်း
အချို့အဖွဲ့ တွေက ဘာမျှ တပ်ဆင်ထားတာမရှိ၊ ချိတ်ဆွဲ ထားသည့် ဗွီနိုင်းပိုစတာတွင် မည်သည့်မြို့ရွာဒေသ
မှ ဘုန်းကြီးကျောင်းဆောက်လုပ်ရန် ပြုပြင်မွမ်းမံ ရန် စေတီသစ်တည်ရန် စသည်ဖြင့် ဖော်ပြထား
သည်။
.
ဘာသာ သာသနာအကျိုးအတွက် ဝေးလံ သောဒေသမှ ပင်တကူးတကလာရောက် အလှူ ခံသူများဖြစ်၍
ချီးကျူးထိုက်သူများဟု ထင်စရာ ရှိပါသည်။ သို့သော် သည်မျှဝေးကွာလှသည့် ခရီး လမ်းတစ်လျှောက်
ထိုလူစုအတွက် ခရီးစရိတ်၊ တည်းခိုစားသောက်စရိတ်နှင့် အထွေထွေစရိတ် တို့ကို တစ်ဦးချင်း
အိတ်စိုက်သုံးပြီး အလှူခံပေးနေ ခြင်းတော့ မဖြစ်နိုင်ပါ။ သည်သို့ဆိုလျှင် နယ်လှည့် အလှူခံရငွေများထဲမှသာ
သုံးစွဲရမှာ သေချာနေ သည်။ ဗွီနိုင်းပိုစတာမှာ ဖော်ပြထားသည့်အတိုင်း အမှန်ဖြစ်သည်ဆိုပါလျှင်
''ဘုရားတစ်မတ် ငါ တစ်ကျပ်''ဖြစ်နေပြီ၊ အကယ်၍ ယင်းသာသနိက အဆောက်အဦးများ အမှန်တကယ်မရှိခဲ့ပါမူ
အ လှူခံရငွေများ အားလုံးသည် ''ဘုရားနှင့်မဆိုင် ငါ အပိုင်း''ငွေများဖြစ်မှာ မလွဲပေ။
ယင်းနယ် လှည့်အလှူခံအဖွဲ့များ မည်မျှအထိ ကြိုးစားပမ်း စားရှိသနည်းဆိုလျှင် ရပ်ရွာတွင်း
လမ်းကြိုလမ်း ကြားမချန် အိမ်ပေါက်စေ့ အနှံ့ဝင်သည်။ အိမ်ရှင် ကို ခွင့်မတောင်းဘဲ အိမ်ဝန်းထဲအထိ
ရဲတင်းစွာ ဝင်ရောက်အလှူခံသူလည်းရှိ၏။ သည်လိုအခြေ အနေများကြောင့်လည်း အချို့အိမ်ခြံဝင်းများတွင်
''ရပ်ဝေးအလှူခံများ သည်းခံပါ''ဟု ယဉ်ကျေးစွာ တားမြစ်ထားခြင်းဖြစ်သည်။
.
အလှူခံသည့် လူပုဂ္ဂိုလ်များသည် ယဉ်ကျေး သိမ်မွေ့သည့် ဟန်ပန်အမူအရာတော့
ရှိသင့်ပါသည်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာမယဉ်ကျေး သူများ ရှိသလို အချို့ဆိုလျှင် သရုပ်ဆောင်မင်း
သမီးအလား ထင်မှားရသည့် အရုပ်မျက်နှာ၊ ပန်း မျက်နှာမျိုး ဝတ်စားပြင်ဆင်ထား၏။ ဒါလားအလှူ
ခံဟု မေးယူရလောက်သည်။ သူတို့အချင်းချင်း စလိုက် နောက်လိုက်ဖြင့် အလှူခံရင်း နယ်လှည့်
ပျော်ပွဲစားပါ တစ်ပါတည်း ထွက်လာသည်ထင်ရ ၏။ လှူဒါန်းသူတွေဘက်ကလည်း နိဗ္ဗာန်ကိုသာ မြန်မြန်ရောက်ဖို့
စိတ်စောနေကြသည်ထင်၏။ အလှူခံသည့် သာသနိက အဆောက်အဦများ ရှိ မရှိမသိ၊ အမှန်တကယ်ပြုပြင်တည်ဆောက်ရန်
ဟုတ်မဟုတ်လည်း မမေးမြန်း၊ အလှူခံသိမ်းလျှင် ခြင်းကြီး ခြင်းငယ်အသွယ်သွယ်ဖြင့် စားသောက်
ဖွယ်ရာများ ဝယ်ခြမ်းပြီး ပြန်ကြသည်။ သည်လို အချင်းအရာတွေက ဘာသာ၊ သာသနာအတွက် အကျိုးဆောင်နေတာလား၊ မိမိတို့ ကိုယ်ကျိုးအ တွက်
ဘာသာ၊ သာသနာကို ခုတုံးလုပ်ပြီး စီး ပွားရှာနေတာလားဆိုတာ သံသယဝင်စရာဖြစ်နေ သည်။ ဘာသာရေး၊
သာသနာရေးကို အကြောင်း ပြပြီး စီးပွားဖြစ် အလှူခံအတုအယောင်များရှိ နေ ခြင်းက သာသနာပျက်စီးကြောင်းကို
ဦးတည်နေ သည်။ သက်ဆိုင်ရာ အရပ်ဒေသမှ အခြားမြို့ရွာ များသို့(အမှန်တကယ်လိုအပ်ချက်အရ)လှည့်လည်
အလှူခံမှဖြစ်မည်ဆိုလျှင် ခိုင်လုံသော စာရွက်စာ တန်းများ၊ အထောက်အထားများ ပြည့်စုံစွာပါသင့်
၏။ မူလနေထိုင်ရာ မြို့နယ်၊ ခရိုင်နှင့် ပြည်နယ် တိုင်းဒေသကြီး အဆင့်ဆင့် သံဃနာယကအဖွဲ့
အုပ်ချုပ်ရေးအဖွဲ့တို့၏ တရားဝင်ခွင့်ပြုချက်၊ ထောက်ခံချက်(မူရင်း)များ လိုအပ်သည်။ ထို့အပြင်
အလှူခံတစ်ထောက်ရပ်နားမည့် ရောက်ရှိရာ ဒေ သမှ ရပ်/ကျေး သံဃနာယကအဖွဲ့နှင့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့တို့ကိုပါ
သတင်းပို့ပြီး ဆက်လက် ဆောင်ရွက်သင့်ပါသည်။ မိမိရပ်ရွာဒေသအတွင်း ရောက်ရှိလာသည့် နယ်လှည့်အလှူခံအဖွဲ့များ၏
ခိုင်မာမှုကိုလည်း ဒေသခံအုပ်ချုပ်ရေးအဖွဲ့များ အ နေဖြင့် လိုအပ်သလို စိစစ်ဆောင်ရွက်ဖို့လိုပါမည်။
ဘာသာ၊ သာသနာအတွက် အလှူခံနေတာပဲဟူ သည့်အပေါ်ယံအမြင့်ဖြင့် လျစ်လျူရှုနေပါလျှင် သွယ်ဝိုက်သောနည်းဖြင့်
အားပေးကူညီသလိုဖြစ် စေနိုင်ပါသည်။ ခြံစည်းရိုးကို အပြင်လူက ရိုက်ချိုး ဖျက်ဆီးဖို့ခက်ခဲသော်လည်း
အတွင်းမှ ခြစားနေ လျှင် ခြအုံနှင့်တူသော အတုအယောင်အလှူခံ ဈေးကွက်ကို ဖြိုဖျက်ကြရပါမည်။
ယခုတော့ အ လှူရှင် ခုနစ်ရက်သားသမီးများ နိဗ္ဗာန်မရောက်မီ အတုအယောင် အလှူခံလုပ်စားသူများကတော့
လောကနိဗ္ဗာန်မှာ ပျော်နေမှာ သေချာပါသည်။
.
.
.
#KBZTai #Shan