ပင်းတယတွင် လူငယ်တစ်ဦး ရေဆင်းချိုးစဉ် ရေနစ်သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်းတယတွင် လူငယ်တစ်ဦး ရေဆင်းချိုးစဉ် ရေနစ်သေဆုံး


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာတွင် စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းက လူငယ်တစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
.
.
"နစ်တာက နေ့လယ် ၂ နာရီိလောက်ကတည်းကပါ။ ညနေ ၅ နာရီလောက်မှ အလောင်းတွေ့တယ်"ဟု  ပင်းတယမြို့နေ စိုင်းလူလေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သေဆုံးသူမှာ ပင်းတယမြို့၊ အင်းပက်လက်ရွာနေ မောင်ဇော်မြင့်ထွန်း (၁၆)နှစ်ဖြစ်ပြီး မွန်းလွဲပိုင်း ၂ နာရီခန့်က ပုံမှန် ရေချိုးဆင်းရာမှ ရေနစ်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးသူ ရုပ်အလောင်းအား ညနေ ၅ နာရီခန့်တွင် ဆယ်ယူရရှိပြီး  ပင်းတယရဲစခန်းမှ သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats