လားရှိုးမြို့တွင် မျက်စိဝေဒနာရှင် ၁ဝဝဝ အား အခမဲ့စမ်းသပ် ကုသပေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့တွင် မျက်စိဝေဒနာရှင် ၁ဝဝဝ အား အခမဲ့စမ်းသပ် ကုသပေးမည်


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ တိပိဋာစက္ခုပါလဖောင်ဒေးရှင်း က ပထမဆုံးအကြိမ် မျက်စိနှင့် ပတ် သက်သော ဝေဒနာရှင်များအား အခမဲ့ စမ်းသပ် ကုသပေးခြင်းကို စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
.
.
တိပိဋာစက္ခုပါလဖောင်ဒေးရှင်း၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မ တီနှင့် လားရှိုးမြို့ရှိပရဟိတအသင်းများ ပူးပေါင်းကာ မျက်စိဝေဒနာရှင်များအား အထူးကုဆရာဝန်ကြီးများနှင့် ၃ ရက် တိုင် ခွဲစိတ်ကုသပေးသွားမည်ဖြစ် ကြောင်း သိရသည်။
.
''စက်တင်ဘာ ၂၁ ရက်ကနေ ၂၃ ရက်ထိ အခမဲ့ကုပေးသွားမှာ ဖြစ် ပါတယ်။ အထူးကုဆရာဝန် ၁ဝ ဦး နဲ့စမ်းသပ်ကုသပေးသွားမှာပါ''ဟု အ ဆိုပါ အစီအစဉ်တွင် ပူးပေါင်းလုပ် ဆောင်မည့် ဦးစိုင်းထွန်းတင်က ပြော သည်။
.
ဖောင်ဒေးရှင်းအနေဖြင့် မျက်စိဝေဒနာရှင်များအား အခြားနေရာများ တွင်လည်း အခမဲ့ကုသပေးခဲ့ပြီး လက်ရှိ တွင် လားရှိုးမြို့၌ ပထမဆုံးအကြိမ် ကုသပေးခြင်းဖြစ်ကာ မွေးရာပါမှလွဲ၍ အကြောင်းအမျိုးမျိုးကြောင့် မျက်စိ ကွယ် သွားသောဝေဒနာရှင်များ၊ ပြသ ပြီးသူများ၊ မျက်မှန်ပါဝါဖြင့် အမြင်အာ ရုံပြန်လည်ရရှိသူများကိုလည်း မျက်မှန် များ အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
''အရင်ကတော့ သီပေါမှာ လာကု ပေးတာတွေရှိလို့ သီပေါထိသွားကုရ တာပေါ့။ အခုလို လာရောက်ကုသပေး တဲ့ သူတွေရှိတော့ မျက်စိဝေဒနာရှင် တွေအတွက် အများကြီးအကျိုး ဖြစ် သွားတာပေါ့။ သီပေါကျတော့ပို့မယ့် သူရှိမှ သွားလို့ဖြစ်တာလေ။ အခုကျ တော့ သုံးဘီးလေးငှားသွားလည်း အဆင်ပြေပါတယ်''ဟု လားရှိုးမြို့နေ ဦးသက်ရှည်ကပြောသည်။
.
သွားလာရေးအတွက်ကိုလည်း ကမ္ဘောဇနာရေးနှင့် လူမှုကူညီရေး အသင်းနှင့် အခြားပရဟိတ အသင်း များက ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်းသိရသည်။
.
လားရှိုးပြည်သူ့ဆေးရုံကြီးတွင် လူ ဦးရေ ၁ဝဝဝ ခန့်အား စမ်းသပ်ကုသ ပေးမည်ဖြစ်သဖြင့် ကုသမှုခံယူရန် အတွက် ကြက်ခြေနီရုံးနှင့် နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ တွင် အမည်စာရင်း ပေးပို့နိုင်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats