ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်မည်



နန်းနန်း၊ ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အ စည်းအဝေးကို တောင်ကြီးမြို့ရှိ ပြည် နယ်လွှတ်တော် အစည်းအဝေးခန်းမ တွင် စက်တင်ဘာလ ၁၇ ရက်တွင် စတင်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
.
.
လွှတ်တော်အစည်းအဝေး တက်ရောက်နိုင်ရေးအတွက် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြားထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
.
'' စက်တင်ဘာလ ၁၇ ရက်၊ တနင်္လာနေ့၊ နံနက် ၁ဝ နာရီမှာ ပြု  လုပ်မှာ ဖြစ်ပါတယ်။ အစည်းအဝေးက ပုံမှန်ကတော့ ၃/၄ ရက်ပါပဲ။ ဒုတိယ အကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်''ဟု ရှမ်း ပြည်နယ်လွှတ်တော်ရုံးမှ ဦးစီးအရာရှိ ဦးစိုးထိုက်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ထို့အတူ အစည်းအဝေးတွင် ဆွေးနွေးမည့်အကြောင်းအရာများမှာ အခမ်းအနား အစီအစဉ် မထွက်သေး သည့်အတွက် ပြော၍ မရသေးကြောင်း ရှမ်းပြည်နယ်လွှတ်တော်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာက ပြောကြားခဲ့သည်။
.
ပြီးခဲ့သည့် ဒုတိယအကြိမ် ရှမ်း ပြည်နယ်လွှတ်တော် ဒသမပုံမှန် အစည်းအဝေးကို မေလ ၂၈ ရက်မှ ၃၁ ရက်ထိ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ၂၉ ဦးမှ မေးခွန်း ၆၈ ခု မေးမြန်းခြင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြေကြားခြင်း၊ ရသုံးမှန်း ခြေ ငွေစာရင်းအား ဆွေးနွေးခြင်း၊ ရှမ်းပြည်နယ် လမ်းများတံတားများ ဥပဒေ (မူကြမ်း)အား တင်သွင်းခြင်း၊ ရှမ်းပြည်နယ်၏ ၂ဝ၁၈ ခုနှစ် အသေး စားချေးငွေ လုပ်ငန်း ဥပဒေ (မူကြမ်း) အား ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ထို့အပြင် အရေးပေါ် အစည်းအဝေး (၁/၂ဝ၁၈)ကိုလည်း ဇွန်လ ၁၈ ရက်က ပြုလုပ်ခဲ့ပြီး ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာ ဝန်ပေးအပ်ခြင်း ခံရသည့် တပ်မတော် သား ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဗိုလ်မှူးကြီး လှဦးက ကတိ သစ္စာပြုခြင်း၊ ကတိသစ္စာပြုလွှာပေါ် တွင် လက်မှတ်ရေးထိုးခြင်း၊ ရှမ်းပြည်နယ် အပန်းဖြေစခန်း၊ တိရစ္ဆာန်ဥယျာဉ် နှင့် ရုက္ခဗေဒဥယျာဉ် ဥပဒေ (မူကြမ်း) အား တင်သွင်းခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် လွှတ်တော်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စု စုပေါင်း ၁၄၃ ဦး ရှိပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၃၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အ ဖွဲ့ချုပ်မှ ၂၈ ဦး၊ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်မှ ၂၅ ဦး၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှ ၆ ဦး၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၂ ဦး၊ ဝ ဒီ မိုကရက်တစ်ပါတီမှ ၂ ဦး၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရစ်တစ်ပါတီမှ ၁ ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ် ရေးပါတီမှ ၁ ဦး၊ ဝ အမျိုးသား စည်း လုံးညီညွတ်ရေးပါတီမှ ၁ ဦး၊ အာခါ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီမှ ၁ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၃၆ ဦးတို့ ပါဝင်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats