ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
လာမည့် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် တောင်ကြီးမြို့ တော်
တန်ဆောင်တိုင်ပွဲတော်၊ မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မီးပုံးပျံအဖွဲ့များ
စာရင်းကို အောက် တိုဘာလ ၁ ရက်မှ စတင်၍ နိုဝင် ဘာလ ၂ ရက်ထိ လက်ခံသွားမည် ဖြစ်သည်ဟု သိရသည်။
.
.
ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များအသင်း၏ လုပ်ငန်းညှိနှိုင်းအ
စည်းအဝေးကို စက်တင်ဘာလ ၂၃ ရက်က တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်
ပြုလုပ်ခဲ့ရာ အစည်းအဝေး အပြီးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
'' ပြိုင်ပွဲဝင် အသင်းတွေကို အောက်တိုဘာလ ၁ ရက်မှာ စာရင်း စ ကောက်သွားပါမယ်။
နိုဝင်ဘာလ ၂ ရက်မှာ စာရင်းပိတ်မှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၄ ရက်မှာ မဲနှိုက်ပါမယ်။ ပြိုင်ပွဲကတော့
နိုဝင်ဘာ ၁၅ ရက်က နေ ၂၂ ရက်အထိ ဖြစ်ပါတယ်။ ၂၃ ရက်မှာတော့ ဆုပေးပွဲ ကျင်းပမှာပါ။ ပြိုင်ပွဲဝင်
အသင်းအရေအတွက်က တော့ မနှစ်ကထက် များလာနိုင်ပါ တယ်။ အရင်နှစ်က ပြိုင်ပွဲဝင်အဖွဲ့ တွေထဲက
နားသွားတာတွေ ရှိသလို အသစ်တိုးလာတဲ့ အဖွဲ့တွေလည်း အများကြီး ရှိပါတယ်။'' ဟု ဒေါက် တာ
သန်းဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အောက်တိုဘာလ ၁ ရက်မှ ၅ ရက် အထိ တောင်ကြီးမြို့၊
ကန်ရှေ့ရပ် ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် အောက် တိုဘာလ ၆ ရက်မှ နိုဝင်ဘာလ ၂ ရက်အထိ
ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံ ပညာရှင်များအသင်း ဥက္ကဌ ဒေါက် တာ သန်းဝင်း၏ နေအိမ်တွင်
စာရင်း ပေးသွင်းနိုင်မည် ဖြစ်ကာ ညမီးကြီး မီးပုံးပျံ ပြိုင်ပွဲဝင်အသင်းများ အနေ ဖြင့်
ရပ်ကွက်ကိုယ်စားပြု ယှဉ်ပြိုင် လျှင် သက်ဆိုင်ရာ ရပ်ကွက်ထောက် ခံစာနှင့် ကုမ္ပဏီကိုယ်စားပြု
ယှဉ်ပြိုင် လျှင် ကုမ္ပဏီ၏ ထောက်ခံစာတို့ကို တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အစည်းအဝေးတွင် အသက်အရွယ် ကြီးရင့်၍ အနားယူသွားသည့် မီးပုံးပျံ
အမှတ်ပေး ဒိုင်အဖွဲ့များနေရာတွင် တတ်ကျွမ်းနားလည်သည့် ပညာရှင် မျိုးဆက်သစ်လူငယ်များဖြင့်
အစားထိုးကာ မီးပုံးပျံအမှတ်ပေးဒိုင်အဖွဲ့ကို အဖွဲ့ဝင် ၅ဝ ဦးဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း
သိရသည်။
.
ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကို
တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းတွင် အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ
ကျင်းပခဲ့ပြီး မီးပုံးပျံပြိုင်ပွဲတွင် ညမီး ကြီး မီးပုံးပျံ ၈၈ လုံး၊ စိန်နားပန် မီး
ပုံးပျံ ၃၉ လုံး အပါအဝင် မီးပုံးပျံ စုစု ပေါင်း ၃၉၃ လုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည်။
ညမီးကြီး ပထမဆုကို မြို့မ ရပ်ကွက်မှ သွေးသစ်မီး၊ ဒုတိယဆု ကို ရေအေးကွင်းရပ်ကွက်မှ ကားပွဲ
စားအိုမီးနှင့် တတိယဆုကို အေးသာ ယာမှ ရောင်စုံလူငယ်မီး တို့က ရရှိ ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan