ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန် မြို့နယ်၊ ခိုလမ်မြို့၊ မက်မွန်လောင်းကျေး
ရွာရှိ တိုင်းရင်းသားများအား လူသားစား သူများဟု လူမှုကွန်ရက်တွင် ရေးသား ကာ ရုပ်သံလွှင့်တင်ခဲ့သူ
Yuri Miko အကောင့်ပိုင်ရှင်အား ခိုလမ်နယ်မြေရဲစ ခန်းတွင် (ပ)၂၇/၂ဝ၁၈၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ၆၆(ဃ)ဖြင့်
အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
.
.
Facebook လူမှုကွန်ရက်စာမျက် နှာတွင် Yuri Miko အကောင့်ဖြင့် Live
လွှင့်ပြောဆိုခဲ့သူမှာ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသအတွင်း နေထိုင်လျက်ရှိ သော ဒေါ်ခင်မေထွန်းဆိုသူဖြစ်ကြောင်း
သိရှိရပြီး ¤င်းအနေဖြင့် ကိုယ်တိုင်လာ ရောက် ဖြေရှင်းပေးရန်နှင့် ၎င်းအား ကူညီစုံစမ်းဖမ်းဆီးပေးရန်၊
တွေ့ရှိသူ မိဘ ပြည်သူများအနေဖြင့် ခိုလမ်နယ်မြေ ရဲ စခန်းဖုန်း ဝ၈၁-၈၂ဝ၈၂ နှင့် နမ့်စန်မြို့
နယ်ရဲတပ်ဖွဲ့မှူးရုံးဖုန်း ဝ၈၁-၈ဝဝ၃ဝ သို့ ဆက်သွယ် သတင်းပေးပို့ရန် မေတ္တာ ရပ်ခံကြောင်း
နမ့်စန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ကြေညာထားသည်ဟု သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ နယ်၊ ခိုလမ်မြို့၊ မက်မွန်လောင်းကျေး
ရွာတွင် နေထိုင်ကြသည့် တအာင်း (ပလောင်) တိုင်းရင်းသား/တိုင်းရင်းသူ အ ချို့သည် ညပိုင်းအချိန်တွင်
သွားလာနေ သည်ကို Yuri Miko အကောင့်အမည်ဖြင့် လူမှုကွန်ရက်(Facebook)သုံးစွဲသူ အမျိုးသမီးက
ဖုန်းကင်မရာဖြင့် ရိုက်ကူး ကာ သရဲ၊ သဘက်၊ ကြပ်၊ လူသားစား သည့် မျိုးနွယ်စုများဟု ပြောဆိုရေးသား၍
သြဂုတ်လ ၁၈ ရက်၊ ညပိုင်းက လူ မှုကွန်ရက်ပေါ်တွင်ူငလန လွှင့်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မန်တုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်နန်းမိုးက အဆိုပါ ရုပ်သံအား လူမှုကွန်ရက်ပေါ်တွင် Live လွှင့်တင်ခဲ့ သည့် အမျိုးသမီးအား
တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာ အရေးယူပေး ရန် နိုင်ငံတော်သမ္မတနှင့် လွှတ်တော် ဥက္ကဌများ
အပါအဝင် သက်ဆိုင်ရာဌာနများသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
.
ခိုလမ်နယ်မြေရဲစခန်းတွင် ဆက် သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်
အရေးယူခံရသည့် Yuri Miko အ ကောင့်ပိုင်ရှင် ဒေါ်ခင်မေထွန်းက ''ကျွန်မ ညမိုးချုပ်မှာ
ခရီးသွားနေရင်းနဲ့ လမ်း ဘေးမှာ တစ်ခါမှမတွေ့ဖူးတဲ့ပုံစံနဲ့ တွေ့ရ တာကို ထူးဆန်းနေတာနဲ့
ဖုန်းနဲ့ရိုက်ပြီး အမှတ်တမဲ့ ပြောလိုက်မိတာဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့
သ ဘောထားမရှိပါဘူး။ ကျွန်မနဲ့ မိသားစု အိမ်စီးကားနဲ့ ခရီးသွားရင်းကနေခုလောက် အထိ ဖြစ်သွားတာကို
စိတ်မကောင်းဖြစ်ရပါတယ်''ဟု ကမ္ဘောဇတိုင်းသို့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့သည်။
.
ခိုလမ်မြို့၊ ဟိုနောင်ကျေးရွာအုပ်စု၊ မက်မွန်လောင်းကျေးရွာတွင်
နေထိုင်ကြ သော ပလောင်တိုင်းရင်းသား လူငယ် မောင်မယ်များသည် လသာသည့် ညဦး ပိုင်းအချိန်များတွင်
လူငယ်သဘာဝဖြင့် လမ်းလျှောက်လည်ပတ်၍ လူပျို၊ အပျို စကားပြောဆိုခြင်း၊ သီချင်းသီဆိုခြင်း၊
နား ထောင်ခြင်း စသည့် ဓလေ့ထုံးစံများရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့်
အသက်မွေးဝမ်းကျောင်း နေထိုင်လျက်ရှိ သည့် တိုင်းရင်းသားမျိုးနွယ်စုများဖြစ် ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan