တာချီလိတ်မြို့၌ မူးယစ်ဆေးဝါးရောင်းချသူနှင့် သယ်ဆောင်သူတို့အား ကွင်းဆက်ဖြင့်ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်မြို့၌ မူးယစ်ဆေးဝါးရောင်းချသူနှင့် သယ်ဆောင်သူတို့အား ကွင်းဆက်ဖြင့်ဖမ်းမိ



မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(အတွင်း)ရွာနှင့် မိုင်းယွန်းစက်သုံးဆီ ဆိုင်အနီး၊ ဗိုလ်ချုပ်လမ်းမပေါ်၌ စက်တင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းက မူးယစ်ဆေးဝါး ရောင်းချသူနှင့်  ဝယ်ယူသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ထံမှ ၁၉ ဒသမ ၂၃ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်နှင့် ဆေးခြောက်များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ ရဲအုပ်ဝင်းထွန်း ဦးစီးပြီး ရဲအုပ် စောခိုင်နှင့် ရဲတပ် ကြပ်ကြီး ကျော်ဝင်းထွန်းတို့သည် သက်သေများနှင့်အတူ စက်တင်ဘာ ၇ ရက်နေ့လည် ၁ နာရီတွင် တာချီလိတ်မြို့၊ မိုင်းယွန်းစက်သုံးဆီဆိုင်အနီး၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ဝိန်းကျောက် ရပ်ကွက်၊ တော်ကော့(အတွင်း)ရွာဘက်မှ ပါဆပ်ရပ်ကွက်ဘက်သို့ သန်စင်ဦး(ခ)အစိုင်း မောင်းနှင်လာသည့် Wave-I(110) အမျိုးအစား ဖြူနီကြားရောင်ဆိုင်ကယ်အား ရပ်တန့်စစ် ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ အနက်ရောက်အိတ်ငယ်ဖြင့် ထည့်ထားပြီး ပလပ်စတစ်ကပ်ခွာအိတ်အသေးဖြင့် ထည့်လျက် WY စာတမ်းပါ ပန်းရောင်း စိတ်ကြွ ရူးသွပ်ဆေးပြား ၄၁ ပြား၊ အလေးချိန် ၄ ဒသမ ၁ ဂရမ်ခန့်နှင့် ပလပ်စတစ်အိတ်အသေးဖြင့် ထည့်လျက်အိုက်စ်ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ့အလေးချိန် ၁ ဒသမ ၅ ဂရမ်ခန့်အား တွေ့ရှိသဖြင့် ဆိုင်ကယ်နှင်အတူ သက်သေများရှေ့ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
.
သန့်ဇင်ဦး(ခ)အစိုင်း၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအား တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(အတွင်း)ရွာ၊ အမှတ်(၇၈) တိုက်ခန်းငှါး၊ အခန်းအမှတ် (၆)တွင်ငှါးရမ်းနေ နန်းအင်ခမ်းထံမှ ဝယ်ယူရရှိကြောင်း သိရသဖြင့် ဆက်လက်ပြီး ၎င်းငှါးရမ်းနေထိုင်သော တော်ကော့(အတွင်း) ရွာရှိ အခန်းအား ဝင်ရောက်ရှာဖွေရာ အခန်းအတွင်း၌ နန်းအင်ခမ်းနှင့်အတူ နန်းခမ်းကျန်အား တွေ့ရှိပြီး ဆက်လက် ရှာဖွေရာ နန်းအင်ခမ်းအိပ်သည့် အိပ်ခန်းခြေရင်း ကြမ်းပြင် ပေါ်ရှိ ပိုက်ဆံအိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်းနှင့် နီညိုရောင် စိတ်ကြွဆေးပြား ၁၁၅၃ ပြား၊ အလေးချိန် ၁၁၅ ဒသမ ၃ ဂရမ်ခန့်၊ အိုက်အဖြူရောင် ပုံဆောင်ခဲအ လေးချိန် ၃၅ ဂရမ်နှင့် ဆေးခြောက် အညိုရောင် အရိုး၊ အရွက်ခြောက်အလေးချိန် ၈ ဂရမ်ခန့် အားလည်းကောင်း၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည် ခဲပြာလိပ် တစ်ခု၊ ပိုက်တပ်လျက် ပလပ်စတစ်ဘူး ၃ ဘူးအားလည်းကောင်း၊ နန်းခမ်းကျန် တင်ပါးအောက်တွင် သိုဝှက်ဖိထိုင်ထားသည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား၂၅ ပြား၊ အလေးချိန် ၂ ဒသမ ၅ ဂရမ်ခန့်နှင့် အိုက်အဖြူရောင်ပုံဆောင်ခဲ အလေးချိန် ဝ ဒသမ ၅ ဂရမ်ခန့်အား တွေ့ရှိသဖြင့် သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
.
၎င်းတို့ထံမှ စုစုပေါင်း စိတ်ကြွဆေးပြား ၁၂၁၉ ပြား၊ အလေးချိန် ၁၂၁ ဒသမ ၉ ဂရမ်ခန့်(ဒေသတန်ဖိုး ၁၂ ဒသမ ၁၉ သိန်းကျပ်ခန့်)၊ စုစုပေါင်း အိုက်စ်အလေးချိန် ၃၇ ဂရမ်ခန့်(ဒေသတန်ဖိုး ၇ ဒသမ ၄ သိန်းကျပ်ခန့်)နှင့် ဆေးခြောက် ၈ ဂရမ် (ဒေသတန်ဖိုး ၂၄ဝဝ ကျပ်ခန့်)တို့အား သိမ်းဆည်းရမိသည်။
.
သို့ဖြစ်၍ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ သန့်ဇင်ဦး(ခ)အစိုင်း(၃၁ နှစ်)၊ နမ့်မလင်းရွာ၊ ပုန်းထွန်ရပ်ကွက်၊ တာချီလိတ်မြို့နေသူနှင့် မူးယစ်ဆေးဝါးရောင်းချ ပေးသူ နန်းအင်ခမ်း (၃ဝ နှစ်)၊ တော်ကော့(အတွင်းရွာ)၊ ဝိန်းကျောက်ရပ်ကွက်၊ တာချီလိတ်မြို့နေသူတို့အား တာချီလိတ်မြို့မရဲစခန်းက မယ(ပ)၇၅/၂ဝ၁၈၊ မူး/စိတ်ပုဒ် ၁၉ (က)/၂၁ ဖြင့် ညနေ ၅ နာရီခွဲအချိန်တွင် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပြီး စိတ်ကြွဆေးပြား ၂၅ ပြား၊ အိုက်စ် ဝ ဒသမ ၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိသူ နန်ခမ်းကျန်(၂၅ နှစ်)  ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့နေသူတို့အား တာချီလိတ်မြို့မရဲစခန်းက မယ(ပ)၇၆/၂ဝ၁၈၊ မူး/စိတ်ပုဒ် ၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats