လောင်းကစားဂိမ်း ချုပ်ငြိမ်းပါလှည့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လောင်းကစားဂိမ်း ချုပ်ငြိမ်းပါလှည့်



ဆဏ်းမောင် (ကွတ်ခိုင်)
.
.
၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်၊ ညနေ (၄)နာရီကျော်ကျော်လောက်က ကျုပ်တို့ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈)မှာ အများမျှော်လင့် မထားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့တယ်။ မိနစ် ပိုင်းအတွင်းမှာပဲ အဲဒီ အဖြစ်အပျက်က လူမှု ကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားတယ်။ ရပ်ကွက်သူ ရပ်ကွက်သားတွေ လူစုဝေးနှင့် ညာသံပေးပြီး လောင်းကစားဂိမ်းရုံတွေကို သွားရောက်ထုချေ ဖျက်ဆီးလိုက်ကြတဲ့ အကြောင်းပေါ့။ ဒါကလည်း ရပ်ကွက်နေ ပြည်သူလူထုရဲ့ညီညွတ်မှုကို စံန မူနာ ထုတ်ဖော်ပြလိုက်ကြတာပါ။ သည်လို ပေါက်ကွဲ ဒေါသဖြစ်မယ်ဆိုလည်း ဖြစ်လောက် စရာကိုးဗျ။ တရားမဝင် ဖွင့်လှစ်နေတဲ့ ရပ်ကွက် ထဲက လောင်းကစားဂိမ်းရုံ ပိုင်ရှင်တွေကို ရပ် ကွက်အတွင်းက ပိတ်သိမ်းပေးဖို့ ရပ်ကွက်အုပ် ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ ရပ်ကွက်သားတွေ စုပေါင်းအစည်းအဝေး ထိုင်ပြီး ပြောဆိုခဲ့ကြ တယ်။ ပိတ်သိမ်းပါ့မယ်လို့ ခံဝန်ချုပ်လည်း ထိုး ထားပြီးမှ ပေါ်တင် မတုန်မလှုပ် ဖွင့်နေဆဲဆို တော့ကာ ရပ်ကွက်နေပြည်သူတွေ သည်းခံစိတ် ကမ်းကုန်ပြီး ဒေါသပုန်ထ လုပ်ကြကိုင်ကြတာ ဘာဆန်းလဲဗျာ။
.
လောင်းကစားရုံ ပိုင်ရှင်တွေကိုလည်း ကြို တင်အသိပေး အကြောင်းကြားထားပါလျှက် ပြည်သူလူထုအပေါ် ဘယ်သူ့အားကိုးနဲ့များ မထီမဲ့မြင်ပြု ဆက်ဖွင့်နေကြလဲ မသိပါဘူးဗျာ။ မဖြစ်သေးခင်တော့ ခပ်အေးအေးပေါ့။ ဟော အခုတော့ ကျော်မကောင်း ကြားမကောင်း ဖြစ် ရပြီလေ။ ဒီ ပြဿနာက အခုမှ ပေါ်လာတာ မဟုတ်ဘူးဗျ။ ရှေးပဝေသဏီကတည်းက ရှိနေခဲ့တာ။ မခံမရပ် ဖြစ်လွန်းလို့သာ ရပ်ကွက်နေ ပြည်သူတွေ အခုလို အုံကြွလာတာ။ တအုံ့နွေး နွေး အောင့်သက်သက် သည်းခံလာကြတာ ဘယ်လောက်တောင် ကြာပြီလဲလို့။ ၂ဝ၁၃ ခုနှစ် လောက်တုန်းက The Hot News သတင်းဂျာနယ်မှာ ကျုပ်တို့မြို့က လောင်းကစား ဂိမ်းရုံတွေ အကြောင်းကို ''လွယ်ဆမ်ဆစ်ရင်ငွေ့မှာ သောကတွေ ပွေ့လေရောလား''ဆိုတဲ့ ခေါင်းစီးနှင့် ကျုပ်ရေးသားဖူးတယ်။ အဲသည် တုန်းအခါက ပြည်ထောင်စု လမ်းမကြီးဘေးတစ် လျှောက်ထိ အတင့်ရဲ ဖွင့်လှစ်လာကြလို့ ပြည် သူ့အသံ နားစွင့်ပြီး ရေးခဲ့ပါတယ်။ အဲဒီအကျိုး သက်ရောက်မှုကတော့ ဂိမ်းဆိုင်တွေ အားချင်း ပိတ်သိမ်းခဲ့ကြပြီး မြို့နှင့်အလှမ်းဝေးတဲ့ ရွာစွန် တွေမှာ သွားရောက်ဖွင့်လှစ်ခဲ့ကြတာပေါ့။ တ ဖြည်းဖြည်းနှင့် ရပ်ကွက်အစွန်ကို ချည်းကပ်ဖွင့် လှစ်လာကြပြီး အခုတော့ ရပ်ကွက်အတွင်းပါ ဖွင့်လှစ်လာကြတော့တယ်။ တစ်ဆက်တည်း ပြည့်စုံအောင် ရေးရမယ်ဆိုရင်တော့ ကျုပ်တို့ မြို့က ပြောက်ကြားစနစ်ကို ကျင့်သုံးကြလို့လည်း လောင်းကစား ဂိမ်းရုံတွေ သည်ကနေ့အထိ မပပျောက်နိုင်သေးတာပေါ့။
.
လူကြီးခရီးစဉ်လေးများ ရှိရင် အခြေအနေ မကောင်းဘူး။ ခေတ္တပိတ်သိမ်းထားခိုင်း၊ လူကြီးလည်း ပြန်သွားတော့ ပြန်ဖွင့်၊ အဲသည်လို ပြောက်ကြားစနစ်နှင့် သွားတာ။ ပြည်သူက မဖွင့်လှစ်ဖို့ သွားပြောလည်း အချည်းအနှီးပဲ။ အဲသည်တော့ ကျုပ်တို့ ရပ်ကွက်နေ ပြည်သူတွေ ဘာလုပ်သင့်ကြမတုန်း။ စုပေါင်း ညီညွတ်မှုအား နှင့် ကိုယ်ထူကိုယ်ထသွားရောက် ပိတ်သိမ်းကြ ရတာမျိုး ဖြစ်လာတယ်။ ရပ်ကွက်ထဲမှာ လောင်း ကစားဂိမ်းရုံရှိရင် ၂၄ နာရီဆူညံနေတာ။ ရပ် ကွက်ထဲရှိတဲ့ လူကြီး၊ လူလတ်၊ လူငယ်၊ က လေးပါမကျန် ဆော့ကစားနေကြပြီ။ ပထမ တော့ ကိုယ့်ရှိတဲ့ ငွေနှင့်သာ ဆော့မယ်။ ရှုံးပြီး ရင် ကိုယ့်ရှိ ပစ္စည်းတွေကို ပေါင်နှံရောင်းချကြ မယ်။ ကိုယ့်မှာ ဘာမှ မရှိတော့တဲ့အခါ သူတစ် ပါးကို လိမ်လည်ချေးငှား ကြမယ်။ လိမ်လည် ချေးငှားလို့ မရတော့အောင် သူတစ်ပါးက ကိုယ့်အပေါ် အယုံကြည်မဲ့လာပြီဆိုရင် သူတစ်ပါး ပစ္စည်းကို ခိုးတတ်လာကြမယ်။ ခိုးယူလို့မှ အခွင့်မသာတော့ဘူးဆိုရင် ပြောင်ပြောင်တင်း တင်း ရိုက်နှက်လုယက်ဖို့ ဝန်မလေးကြတော့ ဘူး။ အဲသည်ထက် တဆင့်လွန်ကဲပြီး သတ်တာ ဖြတ်တာ လောက်ထိ တွေးယူလို့ ရနေပြီ။ လောင်းကစားရုံတွေထဲမှာလည်း မူးယစ်ဆေး သုံးစွဲသူတွေ ခြေချင်းလိမ်နေတာ။ လောင်းက စား၊ အသောက်အစား၊ မူးယစ်ဆေးဝါး ရှုပ်ထွေး လိမ်နေပြီး အရှုံးရလဒ်ကြောင့် ဘာမဆို လုပ်ရဲ ကိုင်ရဲ လာနိုင်တာလည်း တွေးကြည့်ရင် ဘာမှ လုံခြုံမှု မရှိတော့ဘူး။ မြို့ထဲ ရပ်ကွက်ထဲမှာ လည်း ခိုးမှု၊ လုယက်မှုတွေ တိုးပွားလာမယ်။ ရှည်လျားတဲ့ နောက်ဆက်တွဲ တသီတသန်းကြီး ကို သည်အတိုင်းပဲ လက်ပိုက်ကြည့်နေရမလို ကိန်းဆိုက်နေပြီဗျ။
.
လောင်းကစားကြောင့် ကျောင်းနေအရွယ် ကလေးတွေ စာရိတ္တ ချို့ယွင်းလာကြဦးမယ်။ အိမ်ရှိငွေကို မိဘများ မသိအောင် ခိုးဖွယ်ယူ ရကောင်းမှန်း သိလာကြတယ်။ သည်အရွယ် ကတည်းက သည်ကလေးတွေ သည်စိတ်ဓာတ် ရှိလာရင် သွားပြီ။ သည်ကလေးရဲ့ အနာဂတ်က မြောင်းထဲက မတက်နိုင်တော့ဘူး။ ကျုပ်တို့မြို့မှာ လောင်းကစားရုံနှင့် ပတ်သက်လို့ ကျုပ်မြင်လိုက်ရတဲ့ တကယ့်အဖြစ်အပျက်လေး ပြောပြမယ်ဗျ။ ဆိုင်ကယ်ပေါ်မှာ ဟင်းချက်စရာ အထုပ် လေးတွေ ချိတ်ပြီး လှည့်လည်ရောင်းတဲ့ ဈေးသည်တွေကို တွေ့ဖူးကြမှာပါ။ အဲသည် ဈေးသည်လေး တစ်ယောက်က ဂိမ်းကစားရုံထဲ ကို ဝင်ကစားတာပေါ့ဗျာ။ ဟာင်းချက်စရာ အ မယ်စုံ အထုပ်ကလေးတွေ ချိတ်ဆွဲထားတဲ့ သူ့ ဆိုင်ကယ် လေးကို ဂိမ်းကစားရုံပေါက်ဝမှာ ရပ် ထားတာကိုးဗျ။ သူကတော့ သူ့လောဘနှင့် မည်းတင်းဆော့နေတာ။ အရှေ့က ရပ်ထားတဲ့ သူ့ဆိုင်ကယ်ပေါ်က ဟင်းထုပ်တွေကို နွားတွေ က ဖြုတ်စားနေတာကို မသိရှာဘူး။ ဂိမ်းကစား လို့ ရောင်းကြေးငွေက ရှုံးရတဲ့အထဲ အပြင် ထွက်တော့ သူရောင်းရဦးမယ့် ဟင်းထုပ်တွေက လည်း နွားစားလို့ ကုန်။ မျက်ရည်လေး ဝဲတဲ ဝဲတဲ ဖြစ်နေရှာတဲ့ ဈေးသည်လေးကို ကျုပ် မျက်ဝန်းထဲက မထွက်ဘူးဗျာ။ ငွေကြေးချမ်း သာသူ၊ အခြေခံ လူတန်းစား အလွှာပေါင်းစုံကို နှိပ်စက်တော့တာကိုးဗျ။ ခက်မနေဘူးလား။
.
''လောင်းကစားရုံက ကျွန်မတို့ အိမ်နားမှာ ဖွင့်ထားတာလေ။ ကျွန်မတို့က ရှေ့ထွက် စီးပွား ရှာနေရတော့ အိမ်ကို အဖောက်ထွင်း ခံလိုက်ရတယ်။ ရွှေထည်တွေနဲ့ တခြားတန်ဖိုးရှိ ပစ္စည်းတွေ ပါသွားတယ်။ ရပ်ကွက်ထဲက ဂိမ်းရုံတွေကို ကျွန်မတို့ ရပ်ကွက်နေ ပြည်သူတွေ ဝိုင်းဝန်းပြီး ဒီလိုလုပ်လိုက်ရတာ မတတ်နိုင်ဘူး။ အများကြီး ရှိတယ်။ ကျွန်မတို့လို အခိုးခံရတဲ့လူတွေ'' ဂိမ်းရုံများရှိ ဂိမ်းခုံများကို သွားရောက်ဖျက်ဆီး ရာတွင် ပါဝင်ခဲ့သော အစ်မတစ်ယောက်ရဲ့ ရင်ဖွင့်သံ ဟာ ကျုပ်နားထံ ရောက်လာတယ်။ ကိုယ့်အိမ်သား၊ ကိုယ့်သားသမီးလည်း စိတ်မချ ရ။ ကိုယ့်အိမ်ရာလည်း မလုံခြုံ အဖြစ်ကို ကိုယ်ချင်းစာသာ တွေးကြည့်ကြစမ်းပါ။ ပြည်သူတွေ အခုလို အုတ်အော်သောင်းတင်း ဖြစ်ပျက်သွား ရင် သက်ဆိုင်ရာ ဌာနတွေလည်း မျက်နှာပျက် ရပြီပေါ့။ မြို့နေ ပြည်သူတွေအပေါ် မေတ္တာစိတ် ကလေးဖဲ့ကာ လောင်းကစားဂိမ်းတွေကိုတော့ ချုပ်ငြိမ်းပေးလှည့်ပါဗျာ။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats