ရွှေညောင်တွင် ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်ရိုက်နှက်ဖျက်ဆီးမှုကြောင့် သံဃာတော်များ ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေညောင်တွင် ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်ရိုက်နှက်ဖျက်ဆီးမှုကြောင့် သံဃာတော်များ ဒဏ်ရာရ

ခန့်လင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မင်္ဂလာရပ်ကွက်၊ နယ်မြေ (၂)၊ နဂါးရုံပရိယတ္တိ စာသင်တိုက်တွင် စက်​တင်​ဘာလ ၄ ရက်၊ ညပိုင်းက အမည်မသိ လူတစ်စုမှ ဓါး၊ ဒုတ်များဖြင့် င်ရောက်ရိုက်နှက်မှုကြောင့် သံဃာတော်များ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ ဝင်ရောက်ရိုက်နှက်မှုကြောင့် ကိုရင်ကြီးတစ်ပါးနှင့် ဦးဥပဇဉ္ဇင်း ၂ ပါး ၂ ပါး ရိုက်နှက်ခံခဲ့ရပြီး လက်ကျိုးဒဏ်ရာ၊ နှုတ်ခမ်းကွဲဒဏ်ရာများ ရရှိခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
စက်တင်ဘာ ၄ ရက်နေ့ည ၁၀ နာရီဝန်းကျင်တွင် အရိုက်ခံရသည့် ကိုရင်များက အနီးအနားရှိ တောအုပ်ထဲသို့ ပြေးဝင်ရပြီး ကိုရင် သုံးပါးမှာစက်တင်ဘာ ၅ ရက်နေ့မနက်မှ ပြန်လည်တွေ့ရှိခဲ့ ​ကြောင်း သိရ​သည်။
.
"မနေ့ညက ပြဿနာလေး ဖြစ်သွားတာတော့ မှန်ပါတယ်။ အဲံဒီကျောင်းနဲ့ကပ်ရက်က ဒေါ်သင်းတို့နဲ့ ပတ်သက်ပြီး ပြဿနာဖြစ်ခဲ့တာပါ။ အမှုတော့ မဖွင့်ပါဘူး။ တစ်ဘက်နဲ့တစ်ဘက် အခန့်မသင့်လို့ ဖြစ်တာပါ။ ဒီညနေမှာတော့ အားလုံး အဆင်ပြေသွားပါပြီ။ ကာယကံရှင်တွေချင်း ညှိနှိုင်းပြီးတာ့ အဆင်ပြေသွားပါပြီ။ ဘုန်းကြီးကျောင်းနဲ့ ကပ်လျက် ခြံကနေ မြေအငြင်းပွားမှုကနေ ဖြစ်တာပါ"ဟု ရွှေညောင်နယ်မြေရဲစခန်းမှာတဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လူငယ်များသည် ကျောင်းတွင်းဝင်လာပြီးရိုက်နက် ချိန်တွင် ကျောင်းရှိသံဃာတော်များကို အပြင်ထွက်လာရန် အော်ပြော ခဲ့ကြောင်း၊ သို့သော် ဆရာတော်နှင့် စာသင်သားကိုရင်များက ထွက်မလာဘဲ ကျောင်းအတွင်း၌ တံခါးကို ဂျက်ထိုးပြီး(ကလန့်ထိုးပြီး) နေသည့်အတွက် လူအုပ်စုက တံခါးကို ခုတ်ဖြတ်ပြီး ကျောင်းအတွင်း ၀င်ရောက်လာခဲ့ကြောင်း၊ ကျောင်းထိုင် ဆရာတော်နှင့် ရဟန်းတော်တစ်ချို့က ပြတင်းပေါက်မှ ခုန်ထွက်ပြီး ရပ်ကွက် အတွင်း ဆွမ်းလောင်းအသင်းသို့ သွားရောက်အကူအညီတောင်းခဲ့ရ ကြောင်းကျောင်းထိုင်ဆရာတော်ထံသိရသည်။
.
ထို့အပြင်​ ကျောင်းပြတင်းပေါက်များ၊ ဆန်အိတ်များ၊ တံခါးများကို ဒုတ် ဓား၊ ဂွလေးများဖြင့် ရိုက်နှက် ပစ်ခတ်ဖျက်ဆီးခဲ့ပြီး ၁၀ ခွဲ ၀န်းကျင်တွင် ကျောင်းတွင်းမှ ပြန်လည်ထွက်ခွါသွားေ​ကြာင်းသိရ​သည်​။
.
နဂါးရုံ ပရိယတ္တိစာသင်​တိုက်​တွင်​ ကိုရင်​ ၁၄ ပါးနှင့်​ ရဟန်း​သံဃာ ၆ ပါး စုစု​​ပေါင်း ​ အပါး ၂၀ သီတင်းသုံး​နေထိုင်​​ကြောင်း သိရသည်​။
.
အဆိုပါ နဂါးရုံ ပရိယတ္တိ စာသင်တိုက်သည် ၂၀၁၅ ခုနှစ်တွင် မြို့နယ်သံဃနာယကအဖွဲ့မှလည်းကောင်း ၂၀၁၇ခုနှစ်တွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှလည်းကောင်း တရားဝင် ခွင့်ပြုထားသည့်ကျောင်းဖြစ်သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats