မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊
ဗယ်လင်တိုင်းဟိုတယ်အနီးတွင် ဆိုင်ကယ် တက္ကစီသမား၏ လည်ပင်းအား သေနတ်ဖြင့်ပစ်ခတ်ပြီး ဆိုင်
ကယ်လုယက်မှုနှင့် မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဒိုင်းမွန်းရွှေဆိုင်အား သေနက်ကိုင်ဆောင်
လုယက်မှုမှ ဖမ်းဆီးရမိသည့် တရားခံအား စစ်ဆေးရာမှ ပူးပေါင်းပါဝင်သူ ၅ ဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း
တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
.
.
တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူး မျိုးခိုင်နှင့် အထူးအမှုစစ်အဖွဲ့ဝင်များနှင့်
နယ်ထိန်းခေါင်းဆောင် ရဲအုပ် အေးလွင်၊ ရဲအရာခံ ကျော်ဇောယျ တို့သည် သြဂုတ် ၃ဝ ရက်နေ့တွင်
တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဗယ်လင်တိုင်း ဟိုတယ်အနီး ဆိုင်ကယ်တက္ကစီသမား၏
လည်ပင်းအား သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်လုယက် မှုနှင့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊
ဗိုလ်ချုပ်လမ်းရှိ ဒိုင်းမွန်းရွှေဆိုင်အား သေနက်ကိုင်ဆောင် လုယက်မှုမှ တရားခံ စိုင်းလှဝင်း(ခ)အိုက်ဝင်းအား
ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ အခင်းဖြစ်စဉ်တွင် ကိုင်ဆောင်ပစ်ခတ်ခဲ့သော ပွိုင့် ၂၂
အမျိုးအစားသေနတ်နှင့် ကျည်ဆံများသည် ၎င်း၏အစ်မ ဖြစ်သူ နန်းမွေအောင်(ခ)အင်နှင့် သူငယ်ချင်းများ
ဖြစ် ကြသော နန်းအေးဝင်းဟမ်(ခ)လန်း၊ စိုင်းခမ်းဌေး၊ စိုင်းမန်ဆာ(ခ)အားပေါင်၊ စိုးမြင့်အောင်(ခ)ဖန်တီတို့နှင့်
ချိတ်ဆက်၍ ထိုင်းဘတ်ငွေ ၄ဝဝဝဝ (မြန်မာငွေကျပ် ၁၆ သိန်းခန့်)ဖြင့် ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု
သိရသည်။
သို့ဖြစ်၍ တရားမဝင် လက်နက်ခဲယမ်းများအား လက်ဝယ်ထားအသုံးပြုခြင်း၊
ပူးပေါင်းဝယ်ယူရောင်းချသူ စိုင်းလှဝင်း (ခ)အိုက်စင်း(၂၂ နှစ်)၊ တာကော်(၂)မိုင်၊ မိုင်းပျဉ်း
မြို့နယ်၊ နန်းမွေအောင်(ခ)အင် (၂၄ နှစ်)၊ စိုင်းခမ်းဌေး (၂၂ နှစ်) မယ်ခေါင်ရပ်ကွက်၊
တာချီလိတ်မြို့၊ နန်းအေးဝင်းဟမ်(ခ)လန်း (၂၄ နှစ်)၊ ကချင်ရွာ၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့၊
စိုင်းမန်ဆာ(ခ)အားပေါင် (၂၂ နှစ်) ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်၊ စိုင်းမြင့်အောင်
(ခ)ဖန်တီ (၂၅ နှစ်) ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့နေသူ စုစုပေါင်း ခြောက်ဦးတို့အား
တာချီလိတ်မြို့မရဲစခန်းက (ပ)၂၈၈/၂ဝ၁၈၊ ရှမ်းပြည်နယ်လက်နက်အမိန့်အပိုဒ် ၁၂(က)/၁၂(ခ)/၁၂(ဂ)
တို့ဖြင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan