အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီအပူဇော်ခံပွဲကို အောက်တိုဘာလ ၁ဝ ရက်တွင် စတင်ကျင်းပမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီအပူဇော်ခံပွဲကို အောက်တိုဘာလ ၁ဝ ရက်တွင် စတင်ကျင်းပမည်



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၏ အထင်ကရပွဲ တော်တစ်ခုဖြစ်သော ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်း လေးဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီအပူဇော်ခံပွဲကို အောက်တိုဘာ လ ၁ဝ ရက်တွင် စတင်ကျင်းပပြု လုပ် သွားမည်ဖြစ်ပြီး နှစ်စဉ်ပြုလုပ်မြဲ ပုံစံ အတိုင်း ကျင်းပသွားရန် စီစဉ်လျက် ရှိကြောင်း  သိရသည်။
.
.
''ပွဲတော် ကျင်းပဖို့တော့ စီစဉ်နေ တယ်။ ပွဲကိုတော့ နှစ်စဉ်ပုံမှန်အတိုင်း ပဲ ကျင်းပသွားပါမယ်။ အရင်နှစ်တွေလို ပါပဲ''ဟု ညောင်ရွှေမြို့နယ် အုပ်ချုပ် ရေးမှူး ဦးစောထွန်းဦးက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
အင်းလေးဖောင်တော်ဦးဘုရား ဒေ သစာရီ ကြွချီအပူဇော်ခံပွဲကို သီတင်း ကျွတ်လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက်အထိ(အောက်တိုဘာလ ၁ဝ ရက်မှ ၂၇ ရက်ထိ) ၁၈ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖောင် တော်ဦး ဗုဒ္ဓရုပ်ပွားတော် ၅ ဆူအနက် ၄ ဆူကို စံကျောင်းတော်မှတစ်ဆင့် ကျေးပေါခုံ၊ အင်းတိန်၊ ဟဲယာရွာမ၊ ငါးဖယ်ချောင်း၊ ကျေးစားကုန်း၊ ပွဲစား ကုန်း၊ လင်းကင်း၊ ညောင်ရွှေမြို့၊ နန်း သဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ ဇရပ်ကြီး၊ အလိုတော်ပေါက်၊ နန်းပန်၊ မကျည်းဆိပ်၊ ကျိုင်းခမ်း၊ မိုင်းပျိုး၊ နောင်တော၊ အင်းပေါခုံ၊ ရေသာ အ စရှိသည့် ၂၁ ဌာနသို့  ဒေသစာရီြ<ွကချီပူဇော်ခံခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ဖော်တော်ဦးဘုရား လှည့်လည်အပူဇော်ခံကြွချီပြီး ကျောင်း တော်ဝင်ပွဲကျင်းပသည့်နေ့တွင် အင်းရိုးရာ လှေလှော်ပြိုင်ပွဲများကို ထည့်သွင်းကျင်းပရန် စီစဉ်ထားကြောင်းနှင့် ဘုရားကြိုယဉ်ကျေးမှုလှေယာဉ်မှ လှေလှော်သံကဗျာများကို တီးမှုတ်သီ ဆို၍ ဖောင်တော်ဦး မြတ်စွာဘုရား ကို ကြည်ညိုပူဇော်ခြင်း၊ အင်းသူ အင်းသားတို့၏ ရိုးရာဆွမ်းပို့လှေသရုပ် ဖော်လှော် ခတ်ပြသခြင်း၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု ပဒေသာအကများ ဖြင့် ဖျော်ဖြေခြင်းစသည့် အစီအစဉ် များဖြင့် ပွဲတော်လာ ဘုရားဖူး ဧည့် သည်များကို ဧည့်ခံဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။
.
အင်းလေးဖောင်တော်ဦး မြတ်စွာ ဘုရား ဒေသစာရီကြွချီပူဇော်ပွဲသည် အင်းလေးဒေသ၏ အထိမ်းအမှတ် သင်္ကေတတစ်ခုဖြစ်ကာ အင်းလေးဒေသ၏ အထွဋ်အမြတ် ပွဲတော်တစ်ခုလည်းဖြစ်သည်။ ပွဲတော်ကျင်းပရက် ကာလအတွင်း၌ ညောင်ရွှေမြို့နှင့် အင်းလေးဒေသ တစ်ဝိုက်တွင် အနယ် နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူ များ၊ နိုင်ငံခြားသားဧည့်သည်များဖြင့် အထူးစည်ကားလေ့ရှိသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats