စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင် ရွှေမြို့နယ် အင်းလေးဒေသအား မြန်
မာနိုင်ငံ၏ ပဉ္စမမြောက် ရေဝပ်ဧရိယာ (ရမ်ဆာ) ဒေသအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ရမ်ဆာ (Ramsar Site) ဆုအား ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာမှ ပေးအပ်သော ဆုတစ်ဆုဖြစ်ကြောင်း
သိရသည်။
''တောင်ကြီးမှာရှိတဲ့ ပြည်နယ်ဝန် ကြီးဌာနကိုတော့ သတ်မှတ်ခံရတဲ့စာ
ရောက်ပြီ။ အင်းလေးကန်ကြီးက ဘာ နဲ့တူလဲဆိုတော့ ကင်ဆာဖြစ်နေတဲ့ အမေအိုကြီးနဲ့ တူနေတယ်။
အဲဒီရောဂါ ပျောက်အောင် ကျွန်တော်တို့က သဘာဝပတ်ဝန်းကျင်တွေ ထိန်းသိမ်းရ မယ်။ အများကြီး
လုပ်ရဦးမယ်။ တည် ဆဲဥပဒေနဲ့ လုပ်ရကိုင်ရ ခက်တယ်။ မြေလွတ်မြေရိုင်း ရှိတယ်ဆိုပြီး ဟိုတယ်တွေ
လာဆောက်ကြတယ်။ ကျွန်းမျှောတွေ ချဲ့လာတယ်။ ထိန်းသိမ်းရမယ့် နည်းလမ်းပေါင်းစုံထဲမှာ အခု
အာဆီယံ အမွေအနှစ်လည်း ဖြစ်သွားပြီ။ နောက် လူသားနှင့် ဇီဝမျိုးစေ့ အဝန်းဝိုင်း နယ်မြေလည်း
ဖြစ်ပြီ။ အခု ရမ်ဆာ ရေဝပ်ဧရိယာအဖြစ် သတ် မှတ်လိုက်တော့ ထိန်းသိမ်းရတာ ပိုပြီး လွယ်ကူ
လာမယ်လို့ ထင်ပါတယ်''ဟု ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးက
ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
အင်းလေးကန်ဒေသသည် မြန်မာ နိုင်ငံ၏ ပဉ္စမမြောက် ရမ်ဆာဒေသ ဖြစ်လာပြီး
မြန်မာနိုင်ငံတွင် အကြီးဆုံး ရေကန်ဖြစ်သည့် ကချင်ပြည်နယ် ရှိ အင်းတော်ကြီး ရေတိမ်ဒေသအား
နိုင် ငံတကာ အသိအမှတ်ပြု ရေတိမ် ဒေ သ (Ramsar Site) အဖြစ် သတ်မှတ်ကြောင်း နိုင်ငံတကာ
တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (FFI) မှ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် တွင်
ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။
.
အင်းလေးကန်သည် မြန်မာနိုင်ငံ တွင် ဒုတိယအကြီးဆုံး ကန်ဖြစ်ကာ ကန်၏
ပတ်ပတ်လည်တွင် ကျေးရွာ ပေါင်း ၄၄၆ ရွာ ရှိပြီး ရေတစ်ဝက် ကုန်းတစ်ဝက် ကျေးရွာ ၁၂ဝ ခန့်၊
အင်းလေးကန်၏ ရေအလယ်ရှိ ကျေး ရွာ ၂ဝ ခန့်သာ ရှိကြောင်း သိရသည်။
.
ထို့အပြင် အကျယ်အဝန်းအားဖြင့် ၄၄ ဒသမ ၉ စတုရန်းမိုင် (၁၁၆ စ တုရန်း
ကီလိုမီတာ) ခန့်ရှိပြီး ပင်လယ် ရေမျက်နှာပြင် ၂၉ဝဝ ပေ (၈၈ဝ မီ တာ)တွင် တည်ရှိသည်။ ခြောက်သွေ့
သော နွေရာသီတွင် အနက် ၇ ပေ (၂ ဒသမ ၁ မီတာ)ခန့်ရှိပြီး ရေနက် သော နေရာတွင် ၁၂ ပေ (၃
ဒသမ ၇ မီတာ) ခန့်ရှိကာ မိုးရာသီတွင် ၅ ပေ (၁ ဒသမ ၅ မီတာ) ရေမျက်နှာ မြင့်တက်၍ တောင်နှင့်မြောက်
အလျား ၉ မိုင်ခန့် ရှည်ပြီး အကျယ်ဆုံးနေရာ ၌ အရှေ့နှင့်အနောက် ၃ မိုင်ခွဲခန့်ရှိ ကြောင်း
သိရသည်။
.
မြန်မာနိုင်ငံအတွင်းရှိ အခြားသော ရေတိမ်ဒေသ (ရမ်ဆာဒေသ)များမှာ မုတ္တမကွေ့၊
မိန်းမလှကျွန်း ဘေးမဲ့တော နှင့် မိုးယွန်းကြီး ဘေးမဲ့တောတို့ ဖြစ် ကြောင်း သိရသည်။
.
.
.
#KBZTai #Shan