ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အရက်ရောင်းချခွင့် ယစ်မျိုးလိုင်စင်များ
ကို တရားဝင် အခွန်ထမ်းဆောင်၍ ရောင်းချလိုသူများ ရှိနေသော်လည်း လိုင်စင်အသစ် ထပ်မံချထားပေးခြင်း
မရှိသည့်အတွက် အခက်အခဲ ကြုံတွေ့ နေရပြီး ယစ်မျိုးလိုင်စင် တစ်ခုအတွက် ပြင်ပပေါက်ဈေးမှာ
ကျပ်သိန်း ၁၃ဝ ကျော်ခန့် ရှိနေကြောင်း ယစ်မျိုးဆိုင် ရောင်းချနေသူများထံမှ သိရသည်။
.
.
''ကျွန်တော်က အရက်ဆိုင်ဖွင့် ထားတာတော့ ၁၈ နှစ်လောက် ရှိပါ ပြီ။
လိုင်စင် ရတာကတော့ ၈ နှစ်ပြည့် တော့မယ်။ လိုင်စင် ရှိပေမယ့်လည်း ကိုယ့်လိုင်စင် အမျိုးအစားထဲမှာ
မပါ တဲ့ အရက်တွေ၊ ဘီယာတွေ၊ ဝီစကီ တွေ ရောင်းရင်တော့ ဖမ်းပါတယ်။ လိုင်စင် မရှိရင်လည်း
ဖမ်းပါတယ်။ ဒဏ်ငွေ ဆောင်ခိုင်းတာ များပါတယ်။ အခုနောက်ပိုင်း ဖွင့်တဲ့ဆိုင်တွေကတော့
လိုင်စင်ချ မပေးတော့ဘူးဆိုတော့ တရားမဝင်ဘူးပေါ့။ အရက်ကို တရား ဝင် အခွန်ဆောင်ပြီး ရောင်းချင်တဲ့
သူ တွေ ရှိပေမယ့် ယစ်မျိုးလိုင်စင်က ချ မပေးတော့ အခက်အခဲ ဖြစ်နေတာ ပေါ့။ တချို့ကတော့
ယစ်မျိုး လိုင်စင် ကို ပြန်ရောင်းကြတယ်။ ဒါပေမဲ့ လက် ရှိကာလပေါက်ဈေးက အနည်းဆုံး သိန်း
၁၃ဝ ဆိုတော့ လုပ်ငန်းရှင်ကြီး တွေ အတွက်ပဲ အဆင်ပြေတာပေါ့။ သာမန်ဆိုင်သေးသေးလေး ဖွင့်ချင်တဲ့
လူတွေကျတော့ မတတ်နိုင်ဘူးလေ'' ဟု တောင်ကြီးမြို့တွင် ယစ်မျိုးလိုင်စင် ရယူကာ အရက်ဆိုင်
ဖွင့်လှစ်ရောင်း ချနေသူတစ်ဦးမှ ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
တောင်ကြီးမြို့ပေါ်တွင် လက်ရှိ အချိန်၌ ယစ်မျိုးလိုင်စင် အသစ် ချ
ထားပေးခြင်း မရှိသော်လည်း ယစ်မျိုး လိုင်စင် မရှိဘဲ ရောင်းချနေသည့် ဆိုင်များရှိနေပြီး
ယစ်မျိုးလိုင်စင် ရရှိ ထားသူများကလည်း ပြန်ရောင်းချခြင်း များ ပြုလုပ်လျက်ရှိကာ ပေါက်ဈေး
အနေဖြင့် ကျပ်သိန်း ၁၃ဝ မှ ၁၅ဝ အထိ ရှိနေကြောင်း သိရသည်။
.
''ကျွန်တော်ကတော့ လိုင်စင် မရှိ ပါဘူး။ အရမ်း အကြီးအကျယ်ရောင်း
ချနေတာလည်း မဟုတ်ဘူး။ တစ်ပိုင် တစ်နိုင် ဆိုင်သေးလေးပါ။ ဆိုင်မှာ ပေး မသောက်ပါဘူး။
ဒီတိုင်း ရောင်းပေး လိုက်တယ်။ ဝယ်ပြီးတော့ တခြားနေ ရာ သွားသောက်ပေါ့။ ဒီအရက်တွေကို
ကျွန်တော်တို့က တရားဝင် အခွန် ဆောင်ပြီး ရောင်းချချင်တယ်။ ဒါပေမဲ့ ယစ်မျိုး လိုင်စင်က
အသစ်ချမပေးတဲ့ အခါကျတော့ အခက်အခဲ ဖြစ်တာပေါ့။ အပြင်မှာ ဝယ်မယ်ဆိုရင်လည်း ကာ လပေါက်ဈေးက
သိန်း ၁၅ဝ နီးနီး ဖြစ် နေတော့ မတတ်နိုင်ဘူးလေ။ ဖြစ်နိုင် မယ်ဆိုရင်တော့ တရားဝင် ယစ်မျိုး
လိုင်စင် ရယူပြီးတော့ အခွန်ဆောင်ပြီး ရောင်းချခွင့် ရချင်ပါတယ်''ဟု တောင် ကြီးမြို့ပေါ်တွင်
ကုန်စုံဆိုင်ဖြင့် အရက် ရောင်းချနေသူတစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောကြားခဲ့သည်။
.
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ် ရေး
ဦးစီးဌာနမှ၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးမင်းစိုးသို့
ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် ''တောင် ကြီးမြို့နယ်အတွင်းမှာ ကျွန်တော်တို့
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက စီမံခန့်ခွဲလျက်ရှိတဲ့ ယစ်မျိုးလိုင်စင် အ မျိုးအစား
၃၈ မျိုးအနက် လိုင်စင်အ မျိုးအစား ၁၈ မျိုးကနေ ယစ်မျိုးလိုင် စင်ချထားပေးတဲ့ ဆိုင်ပေါင်း
၂၉၃ ဆိုင် ရှိပါတယ်။ နောက်ထပ်တော့ အသစ် ထပ်မံချထားပေးတော့မှာ မဟုတ်ပါ ဘူး''ဟု ပြောကြားခဲ့သည်။
.
အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ စီမံခန့်ခွဲလျက်ရှိသော ယစ်မျိုး
လိုင်စင် အမျိုးအစား ၃၈ မျိုးအနက် တောင်ကြီးမြို့နယ်အတွင်း လိုင်စင်အ မျိုးအစား ၁၈
မျိုးမှ လုပ်ငန်းပေါင်း ၂၉၃ ခုအား ယစ်မျိုးလိုင်စင် ချထား ပေးပြီး လိုင်စင် အသစ်ထပ်မံချထား
ပေးခြင်း မရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan