မိုင်းဆတ်-တာချီလိတ်လမ်း လွှဲပြောင်းရက်ကို ရက်ရွှေ့ဆိုင်းထားပြီး ဂိတ်တစ်ခုတည်း ဖြစ်ရေး ဆောင်ရွက်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဆတ်-တာချီလိတ်လမ်း လွှဲပြောင်းရက်ကို ရက်ရွှေ့ဆိုင်းထားပြီး ဂိတ်တစ်ခုတည်း ဖြစ်ရေး ဆောင်ရွက်မည်



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေပိုင်း၊ မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်ချင်း ဆက်ကားလမ်းအား တရားဝင်လွှဲ ပြောင်းမည့်အစီအစဉ်ကို ''ဝ''အထူး ဒေသဘက်မှ အားလပ်ခြင်းမရှိသဖြင့် စက်တင်ဘာလ လကုန်ပိုင်းမှသာ ဆောင်ရွက်သွားမည်ဖြစ်ပြီး တာချီလိတ် မှ မိုင်းဆတ်ဘက်အထွက် မြို့ရှောင် လမ်းနှင့် ပုန်းထွန်ဂိတ်များကို တစ်ခု တည်း ထားရှိနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
''ဝ''အထူးဒေသဘက်မှ အစိုးရ ဘက်သို့ မိုင်းဆတ်-တာချီလိတ်လမ်းကို တရားဝင်လွှဲပြောင်းရန် စက်တင်ဘာလ ၉ ရက်တွင် စီစဉ်ထားခဲ့သော်လည်း အ ထူးဒေသခေါင်းဆောင်များ မအားလပ် ခြင်းကြောင့်လည်းကောင်း၊ ရှမ်းပြည် နယ်လွှတ်တော် အစည်းအဝေးကျင်း ပရန် ရှိနေခြင်းကြောင့် လည်းကောင်း စက်တင်ဘာလ ၂ဝ ရက် နောက်ပိုင်း မှသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်ထံမှ သိရသည်။
.
''အထူးဒေသဘက်က မအားလပ် လို့ ၉ ရက်နေ့လွှဲမယ့် အစီအစဉ်ကို ရွှေ့ ဆိုင်းဖို့ ရှိပါမယ်။ ၁၇ ရက်ကြတော့ လည်း ပြည်နယ်လွှတ်တော်အစည်း အ ဝေးရှိနေတော့ စက်တင်ဘာ ၂ဝ နောက်ပိုင်းမှ လွှဲဖြစ်မယ်လို့ ခန့်မှန်းပါ တယ်၊ မြို့ရှောင်လမ်းကိုပါ တစ်ပါတည်း ထည့်လွှဲဖို့ စီစဉ်ထားပါတယ်။ ဒါမှသာ ကုန်စည် ကူးသန်းပို့ဆောင်မှုအတွက် ရော၊ တာချီလိတ်မြို့သာယာလှပသန့် ရှင်းရေးအတွက်ပါ အဆင်ပြေမှာ ဖြစ် ပါတယ်။ ပုန်းထွန် တစ်လမ်းတည်းဆို ရင် လမ်းကကျဉ်းလမ်းပါပျက်မှာဖြစ်လို့ တစ်ပါတည်း လုပ်ဆောင်နိုင်ဖို့ ရှိပါ မယ်''ဟု ရှမ်းပြည်နယ်မဲဆန္ဒနယ် အ မှတ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းလုံစံခတ်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ထို့အတူ တာချီလိတ်မြို့နယ်၊ မဲ ဆန္ဒနယ်အမှတ်(၂)မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင် တင့်မှလည်း ''လမ်း ၂ လမ်း၊ ဂိတ် ၂ ဂိတ် ဖြစ်နေတာက ဝန်ထမ်းအင်အား တွေလည်း ချသုံးရတယ်။ လုံခြုံမှုအ ပိုင်းမှာလည်း ထိန်းချုပ်ရမလွယ်ဘူး၊ တစ်ဂိတ်တည်း၊ တစ်လမ်းတည်းဖြစ်ရင် ကုန်စည် သွားလာမှု၊ မလိုလားအပ်တဲ့ ကုန်စည်တွေကို ရှာဖွေနိုင်ဖို့ ပိုလွယ် ကူမှာ ဖြစ်တဲ့အတွက် အခုမြို့ရှောင် လမ်းက စစ်ဆေးရေးဂိတ်နဲ့ ပုံမှန်လမ်း က ဂိတ်ကို တစ်ပေါင်းတည်း၊ တစ် လမ်းတည်း ဖြစ်စေရေးကို သက်ဆိုင် ရာဌာနတွေနဲ့ ညှိနှိုင်းလုပ်ဆောင်သွားဖို့ ရှိပါ့မယ်''ဟု ပြောကြားခဲ့သည်။
.
လက်ရှိတွင် မိုင်းဆတ်-တာချီ လိတ်လမ်းပိုင်း ၆ဝ ဒသမ ၄ မိုင်အနက် တစ်ဝက်ခန့်မှာ ဆိုးရွာစွာပျက်စီးနေပြီး မော်တော်ယာဉ် တိမ်းမှောက်မှုများ ဖြစ် ပေါ်နေသည့်အပြင် တစ်ဆက်တည်း သွားလာနိုင်မှု မရှိသောကြောင့် ခရီး နှောင့်နှေး ကြန့်ကြာမှုများလည်း ဖြစ် ပေါ်နေရကြောင်း ဒေသခံများနှင့် ယာဉ်မောင်းများထံမှ သိရသည်။
.
အဆိုပါလမ်းကို ''ဝ''အထူးဒေသ မှ ၁၉၉၂ ခုနှစ်က ဖောက်လုပ်၍ လမ်းအသုံးပြုခများ ကောက်ခံကာ လမ်းပြင်ဆင်မှုများ ရှိခဲ့သော်လည်း ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင် ကာ ပြင်/ထိန်းအဆင့်ဖြင့်သာ ဆောင် ရွက်ခဲ့ပြီးနောက် ၂ဝ၁၈ ခုနှစ်၊ မေလ ၆ ရက်တွင် အစိုးရထံသို့ လမ်းအပ်နှံရေး အဆိုပြုခဲ့ပြီး တရားဝင် အပ်နှံနိုင်ရေးကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats