တာချီလိတ်-ဝမ်ပုံကားလမ်းဘေးရှိ ဓါတ်တိုင်အား ဝင်ရောက်တိုက်မိသည့်ယာဉ်မောင်း သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်-ဝမ်ပုံကားလမ်းဘေးရှိ ဓါတ်တိုင်အား ဝင်ရောက်တိုက်မိသည့်ယာဉ်မောင်း သေဆုံး


မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွန်းကျိုင်းကျေးရွာဘုန်းကြီးကျောင်းအနီး တာချီလိတ်-ဝမ်ပုံသွားကားလမ်းမ၌ စက်တင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းက မော်တော် ယာဉ်တစ်စီး လမ်းဘေး ဓါတ်တိုင်အား အရှိန်လွန် ဝင်တိုက်မိရာမှ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိ ရသည်။
.
.
တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွန်းကျိုင်းကျေးရွာဘုန်းကြီးကျောင်းအနီး တာချီလိတ်-ဝမ်ပုံသွားကားလမ်းမဘေးတွင် မော်တော်ယာဉ် တစ်စီးလမ်း ဘေးဓါတ်တိုင်အား ဝင်ရောက်တိုက်မကြောင်း သတင်းအရ  ဝမ်ပုံနယ်မြေရဲစခန်းမှူး ရဲအုပ် မောင်မောင်စိုး ဦးစီးအဖွဲ့၊ တာဝန်မှူး ဒုရဲအုပ် စည်သူအောင် ဦးစီးအဖွဲ့တို့မှ အခင်းဖြစ်ရပ်အား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ တာချီလိတ်ဘက်မှ ဝမ်ပုံဘက်သို့ ယာဉ်မောင်း ဦးအောင်နိုင် (၅၈ နှစ်)၊ ဝမ်ပုံကျေးရွာ၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု နေထိုင် သူသည် Caldina အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် လမ်းဘေးဝဲဘက် ဓါတ်မီးတိုင်အား အရှိန်လွန်တိုက်မိပြီး ဒဏ်ရာများ ရရှိကာ သတိလစ်နေကြောင်း တွေ့ရှိရသဖြင့် ဆေးစာဖြင့် တာချီလိတ် ပြည်သူဆေးရုံးသို့ ပို့ဆောင်စဉ် ဆေးရုံ၌ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
.
''အခင်းဖြစ်နေရာရောက်ပြီး ကားအတွင်းက သတိမေ့နေတဲ့သူကို ဆေးရုံပို့နေစဉ်မှာyဲ မော်တော်ယာဉ် ဦးခေါင်းပိုင်းက မီးခိုးထွက်လာပြီး မီးလောင်းလို့ တာချီလိတ် မြို့မီးသတ်ဦးစီးဌာနကို ဖုန်းဆက်ခေါ်ပြီး မီးဦးစီးမှူးနဲ့အဖွဲ့က မီးငြိမ်းသတ်ခဲ့ရပါတယ်၊ လူနာကတော့ ဆေးရုံရောက်မှ ရရှိတဲ့ ဒဏ်ရာနဲ့ဆုံးသွားခဲ့ပါတယ်၊ ဖြစ်စဉ်ကိုတော့ အမှုဖွင့် ဆောင်ရွက်ထားပါတယ်'' ဟု ဝမ်ပုံနယ်မြေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
.
ယာဉ်မဆင်မခြင် အရှိန်ပြင်းစွာမောင်းနှင်ပြီး သေဆုံးသူ ဦးအောင်နိုင် (၅၈ နှစ်)၊ ဝမ်ပုံကျေးရွာ၊ မိုင်းဖုန်း(က) အုပ်စုနေသူအား ဝမ်ပုံနယ်မြေရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats