မင်းဇော်မင်း၊ ကမ္ဘောတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်အရပ်တွင် စက်တင်ဘာလ ၂၆ ရက် ညပိုင်းက
သမီးဖြစ်သူ လင်မယား စကားများသည်ကို ဝိုင်းဝန်းတားဆီးသည့် ယောက္ခမဖြစ်သူနှင့် ယောက်ဖဖြစ်သူအား
သားမက်တော်စပ်သူမှ ဓါးဖြင့်ခုတ်သဖြင့် ယောက္ခမဖြစ်သူ သေဆုံးပြီး ယောက်ဖတွင် ဒဏ်ရာပြင်းထန်စွာ
ရရှိခဲ့ကြောင်း တာချီလိတ် နာရေးကူညီမှုအသင်းမှ သိရသည်။
.
.
“ညတွင်းချင်းပဲ
သေသူရော၊ ဒဏ်ရာရသူရော သွားရောက်သယ်ဆောင်ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ သတ်သူ
ကလည်း အဲဒီမှာပဲ အဖမ်းခံပါတယ်”ဟု တာချီလိတ်နာရေးကူညီမှုအသင်း တာဝန်ခံ ဦးလှမိုးက ကမ္ဘောဇတိုင်းသို့
ပြောကြားခဲ့သည်။
တာချီလိတ်မြို့၊
ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်အရပ်နေ ဦးတင်ညို၏နေအိမ်တွင် သားမက်ဖြစ်သူ စိုင်းဝင်းလှိုင်
(၃၈) နှင့် သမီးဖြစ်သူတို့ စကားများရန်ဖြစ်သည်ကို ဦးတင်ညိုမှ သွားရောက်တားမြစ်ရာ စိုင်းဝင်းလှိုင်မှ
ဦးတင်ညိုအား မျက်နှာသို့ ဓါးဖြင့်ခုတ်ပြီး ဝင်ရောက်တားမြစ်သည့် ယောက်ဖဖြစ်သူ ညီလေး
(ခ) သက်ဇော် (၂၇) နှစ်အား ထပ်မံခုတ်ရာ ဦးတင်ညိုမှာ ရရှိဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်
သေဆုံးခဲ့ပြီး သက်ဇော်မှာ ပြင်းထန်ဒဏ်ရာများ ရရှိကာ တာချီလိတ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း
သိရသည်။
.
သို့ဖြစ်၍
လူသတ်မှု ကျူးလွန်ခဲ့သော စိုင်းဝင်းလှိုင်အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။
.
.
.
#KBZTai
#Shan