တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ ဖွဲ့စည်းသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ ဖွဲ့စည်းသွားမည်



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ တော်ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်း ပရေးဦးစီးကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
.
.
ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဖွဲ့စည်းရန် စက်တင်ဘာလ ၆ ရက်က ပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
''တန်ဆောင်တိုင်ပွဲကျင်းပဖို့ ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဖွဲ့စည်းပါမယ်။ အရင်နှစ်တွေလိုပဲ ဖွဲ့စည်းသွားမယ်။ လာမယ့် ၁၄ ရက်နေ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးရှိပါတယ်။ အဲဒီအစည်းအဝေးမှာ ကော်မတီ ဖွဲ့စည်းဖို့ ဆွေးနွေးတိုင်ပင်သွားပါမယ်'' ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး စိုင်းရှဲန်တစ်လုံက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၇ ရက်မှ လပြည့်ကျော် ၁ ရက်အထိ အဝေရာမီးပုံးပျံအတွင်း ကျင်းပလျက်ရှိ ကြောင်းသိရသည်။
.
ယခု ၂ဝ၁၈ ခုနှစ်၊ တောင်ကြီးမြို့ တော် တန်ဆောင်တိုင်ပွဲတော်ကို နိုဝင် ဘာလ ၁၄ ရက်မှ ၂၃ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင် ကြမည့် မီးပုံးပျံပြိုင်ပွဲဝင် အဖွဲ့အသီးသီး မှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိ ပြီး လိုက်နာရမည့် စည်းကမ်းချက်များ ကိုလည်း ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံ ပညာရှင်များအသင်းက ထုတ်ပြန်ပေး ထားကြောင်းသိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats