အောင်ပန်း၌ ရေမြောင်းအတွင်း ခရမ်းသီးများ စွန့်ပစ်ခဲ့သော ပွဲရုံဒိုင်များအား ခံဝန်ချက် ထိုးခိုင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်း၌ ရေမြောင်းအတွင်း ခရမ်းသီးများ စွန့်ပစ်ခဲ့သော ပွဲရုံဒိုင်များအား ခံဝန်ချက် ထိုးခိုင်း


စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် အောင်ပန်းမြို့ အောက်ဈေး ရေမြောင်းအတွင်းသို့  စည်းကမ်းမဲ့စွာ ခရမ်းသီးများ ပစ်ခဲ့သော ပွဲရုံဒိုင်များ အား စက်တင်ဘာ ၁ဝ ရက်က နောက် နောင်မပစ်ရန် ခံဝန်ချက်ကတိများ ထိုး ခိုင်းခဲ့ကြောင်း  သိရသည်။ 
.
.
''မြို့နယ်စည်ပင်သာယာရေး ဥက္ကဌနဲ့ ကော်မတီက တာဝန်ရှိတွေနဲ့ ဈေးက ဈေးအကျိုးတော်ဆောင် အဖွဲ့ နဲ့ ပွဲရုံလုပ်ငန်းရှင်တွေကို အစည်းအ ဝေးခေါ်ခဲ့တယ်။ နောက်နောင် ဒါမျိုး စည်ကမ်းမဲ့ ရေမြောင်းထဲ မပစ်ဖို့ ခံ ဝန်ချက် ထိုးခိုင်းတယ်။ ဒီခရမ်းသီးတွေ ဈေးကွက်ပျက်လို့ ပစ်တာမဟုတ်ဘူး။ ပွဲရုံကလူတွေ စည်ကမ်းမဲ့ ပစ်လို့ အခု လို ဖြစ်သွားတာ။ ခြင်းတွေနဲ့ ရောပစ် တော့ ခြင်းတွေက ရေမြောင်းမှာ သွား ပိတ်တယ်။ ခရမ်းသီးက နည်းနည်း လေး အပေါက်အစွန်းရှိရင် တောင်မှ ပယ်တဲ့အမျိုးဖြစ်တယ်။ အဲဒီပယ်ထား တဲ့ဟာတွေကို အမှိုက်သိမ်းကားလာရင် မပစ်ဘဲ စုထားရာကနေ အခုလို ရေ မြောင်းထဲပစ်တာ ဖြစ်တယ်''ဟု က လောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အောင်ပန်းမြို့အတွင်း စည်ပင်သာ ယာရေးဌာနမှ ၂ ရက် ၁ ကြိမ် အမှိုက် သိမ်းဆည်းခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိသော်လည်း စည်ကမ်းမဲ့ရေ မြောင်းအတွင်း အမှိုက်ပစ်မှုများ ရှိ နေကြောင်းသိရသည်။
.
''အမှိုက်တွေကို သေချာသိမ်းပေးပါလျက်နဲ့ ဒေသခံတွေမဟုတ်တဲ့ ဆိုင် ခန်းငှားတဲ့သူတွေက စည်းကမ်းမဲ့ပစ် တာဖြစ်တယ်။ အဲဒီဆိုင်ခန်းနောက် မှာ မြောင်းအကြီးကြီးရှိတယ်။ လူမသိ ဘူးဆိုပြီး ပစ်ကြတာ။ အဲဒီပစ်တဲ့ သူ တွေကိုလည်း သတိပေးခံဝန်ကတိတွေ ထိုးခိုင်းထားတယ်။ နောက်ထပ် ဒီလိုဖြစ် ရင်တော့ အရေးယူ ဆောင်ရွက်သွား မှာဖြစ်ပါတယ်''ဟု ကလောမြို့နယ် စည်ပင်သာယာရေးဌာနမှာ  အလုပ်အမှု ဆောင် အရာရှိ ဦးကျော်မင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုးရွာသွန်းမှုကြောင့် ရေမြောင်း အတွင်းသို့ အမှိုက်များခိုးစွန့်ပစ်ကြခြင်း ဖြစ်ပြီး ခရမ်းသီးများကို မည်သူကစွန့် ပစ်သည်ကိုသိရှိခြင်းမရှိဘဲ ခရမ်းသီး ပွဲရုံ အားလုံးခေါ်ကာ နောက်နောင်အမှိုက် မပစ်ရန် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။
.
အောင်ပန်းမြို့သည် ရှမ်းပြည် နယ်တောင်ပိုင်း၊ ကလောမြို့နယ်အ တွင်းတည်ရှိပြီး ရန်ကုန်-မန္တလေးနှင့် ရှမ်းပြည်နယ်ဒေသများအတွင်းသို့ ကုန်စည်ကူးသန်းရောင်းဝယ်ရာတွင် အဓိက အချက်အခြာကျသည့် ဒေသ တစ်ခုဖြစ်သည့်အပြင် မီးရထားလမ်း ဆုံမြို့လည်းဖြစ်သည်။ အောင်ပန်းမြို့ တွင် ခရမ်းသီးပွဲရုံ ၇ ရုံမှ ၁ဝ ရုံခန့် ရှိ ကြောင်း သိရသည်။
.
ပြည်သူများ အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်ရန် ပညာပေးအနေဖြင့် စည်ပင်ကော်မတီမှ လုပ်ဆောင်ပေး သွားရန်ရှိပြီး စည်းကမ်းမဲ့အမှိုက်စွန့် ပစ်သူများကိုလည်း အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats