ကျောက်မဲမြို့နယ်အတွင်း တရားဝင်နွားတင်ဆောင်သည့်ကားများ သေနတ်ဖြင့်ပစ်ခံရသဖြင့် နွား ၁ ကောင်ကျည်ထိမှန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ်အတွင်း တရားဝင်နွားတင်ဆောင်သည့်ကားများ သေနတ်ဖြင့်ပစ်ခံရသဖြင့် နွား ၁ ကောင်ကျည်ထိမှန်



စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နားခေါ်ကျေးရွာ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းက ကုမ္ပဏီတစ်ခုမှတရားဝင်စာရွက်စာတမ်းများဖြင့် နွားများတင်ဆောင်လာသည့် ကားတစ်စီးအား အရပ် ၀တ်လက်နက်ကိုင် ၂ ဦးမှ ဆိုင်ကယ်ပေါ်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် နွား ၁ ကောင် ကျည်ထိမှန်မှု ဖြစ်ပွားခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရှိရသည်။
.
.
“နွားကားက ၅ စီးလာတာ ၁ စီးပစ်ခံရတာဖြစ်ပါတယ်။ ပစ်ခတ်တာက ကားတယာ ၁ ချက်၊ နောက်တံခါး ၂ ချက်၊ နံပါတ်ပြားတစ်ချက် စုစုပေါင်း ၄ ချက်ပစ်ခံရတာပါ၊ နွားထီးတစ်ကောင်ရဲ့တင်ပါးနဲ့ ခြေသလုံးဖောက်ဝင်ဒဏ်ရာ ၂ ချက် ရရှိခဲ့ပါတယ်”ဟု ကျောက်မဲမြို့မရဲစခန်းတာဝန်ကျ ရဲအရာရှိက ပြောကြားသည်။
.
ကျောက်မဲမြို့နယ်၊ နားခေါ်ကျေးရွာနှင့်ဗူးခါးကျေးရွာ အကြား ပြည်ထောင်စုလမ်းမကြီး၊ နားခေါ်ကျေးရွာအထွက်တွင် စက်တင်ဘာလ ၂၉ ရက် နံနက်အစော ၁ နာရီခန့်က သိန်းသန်းမြင့်ကျော်ကုမ္ပဏီမှ တရားဝင်စာရွက်စာတမ်းများဖြင့် သယ်ဆောင်လာသော နွားကား ၅ စီးအနက် ရှေ့ဆုံးမှ ဆွဲမှန်ကျေးရွာ၊ ပျော်ဘွယ်မြို့နယ်နေ ယာဉ်မောင်း ဝေလင်းခိုင် (၂၉)နှစ် မောင်းနှင်လာသည့် ကားအား ယာဉ်၏ရှေ့တည့်တည့်မှ Tricker ဆိုင်ကယ်ဖြင့် လားရှိုးဘက်မှ မန္တလေးဘက်သို့ မျက်နှာချင်းဆိုင်မောင်းနှင်လာပြီး အရပ်ဝတ်ဖြင့် လူ ၂ ဦးမှ သေနတ်ဖြင့်ပစ်ခတ်ရာ ရှေ့ဝဲဘက်ဘီး ထိမှန်သွားခဲ့ပြီး ပစ်ခတ် သူများမှကျော်တက်သွားပြီး ယာဉ်၏နောက်မှ ဆက်လက်ပစ်ခတ်ခဲ့ရာ ယာဉ်၏နောက်ပိတ်တံခါးထိမှန်၍ ကားအတွင်းရှိ နွားထီး တစ်ကောင်၏ တင်ပါးနှင့်ခြေသလုံး ဖောက်ဝင် ဒဏ်ရာ ၂ ချက်တို့ရရှိခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats