ကျောက်မဲခရိုင်အတွင်း ကျွဲနွားတင် ယာဉ်များ ပစ်ခတ်ခံရမှုများကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်နိုင်ခြင်း မရှိသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲခရိုင်အတွင်း ကျွဲနွားတင် ယာဉ်များ ပစ်ခတ်ခံရမှုများကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်နိုင်ခြင်း မရှိသေး


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာအနီး ပြည်ထောင်စု လမ်းမကြီး အနီး၌ ကျွဲ များ တင်ဆောင်လာသည့် ၁၂ ဘီး ယာဉ် ၂ စီးအား စက်တင်ဘာလ ၈ ရက်၊ နံနက်ပိုင်းအချိန်က သေနတ်ပစ် ခံရသဖြင့် အမျိုးသား ၂ ဦး သေဆုံး ခဲ့ရာ ကျောက်မဲခရိုင်အတွင်း ကျွဲ၊ နွား တင်လာသည့် ကားများကို သေနတ် ပစ်ခံရ၍ သေဆုံးသူ ၈ ဦးအထိ ရှိ လာပြီဖြစ်သော်လည်း အဆိုပါ ပစ်ခတ် မှုများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ  ဖော် ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
.
.
''သေနတ်ပစ်ခံရသည့် ယာဉ်က ၂ စီးပါ။ ကျွဲချည်းပဲ သက်သက် တင် လာပါတယ်။ ယာဉ် ၂ စီးပေါ်က အမျိုး သား ၂ ဦး သေသွားတယ်။ ကျွန် တော် အဲဒီနေရာက ဖြတ်လာတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တော့ အဲဒီနေရာ မှာ ရောက်ရှိစစ်ဆေးနေတာ တွေ့ရ တယ်''ဟု အခင်းဖြစ်နေရာမှ ဖြတ် သန်းလာသည့် ယာဉ်မောင်း တစ်ဦး ဖြစ်သည့်ကိုလှဦးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ အပစ်ခံရသည့် ယာဉ် ၂ စီးမှာ ကျောက်မဲမြို့မှ လားရှိုးမြို့သို့ မောင်းနှင်သွားနေစဉ် ပစ်ခံရခြင်းဖြစ် ပြီး ကားရှေ့ခန်း မှန်များအက်ကွဲကာ လမ်းနံဘေး၌ ထိုးကျရပ်တန့်နေသည် ကို တွေ့ခဲ့ရကြောင်း ယင်းလမ်းပိုင်း တွင် ဖြတ်သန်းလာသည့် ယာဉ်မောင်း များ၏ ပြောဆိုချက်အရ သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီး စန်းဝင်းက ''ဒီနေ့ (စက်တင်ဘာလ ၈ ရက်) ဖြစ်သွားတဲ့ ကိစ္စမှာ လူ ၂ ယောက်သေသွားတယ်။ သူတို့က ကား ၄ စီး လာတယ်။ ဒုတိယကားက ပစ်ခံရတယ်။ လူ ၂ ယောက်ရယ် ကျွဲ ၃ ကောင်ရယ် သေ ဆုံးသွားတယ်။ ဒီကိစ္စတွေက အရင်က လည်း ဖြစ်နေတာပဲလေ။ ဒီနှစ်အတွင်း မှာ ၇ ကြိမ်မြောက် ဖြစ်တာပါ။ အမှု မှန်က တစ်မှုမှ ဖော်ထုတ်ဖမ်းဆီးလို့ မရသေးပါဘူး။ ဒါတွေက လက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်နေ တဲ့ မှုခင်းတွေ ဖြစ်နေတယ်လေ။ ဒီ ကိစ္စတွေက မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စတွေပါ။ ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်တွေကို ထိခိုက်စေ တယ်လေ။ သူတို့က တရားဝင် အခွန် ဆောင်ပြီးမှ သယ်ယူပို့ဆောင်နေကြ တာပါ။ ဒီလို လုပ်တာတော့ မကောင်း ဘူးပေါ့ဗျာ။''ဟု ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၌ ၂ဝ၁၈ ခုနှစ်အတွင်း ကျွဲ၊ နွားတင်လာသည့် မော်တော်ယာဉ် များအား သေနတ်ဖြင့် ပစ်ခတ်မှု စုစု ပေါင်း ၇ ကြိမ် ဖြစ်ပွားခဲ့ရာ သေဆုံး သူ ၈ ဦးနှင့် ဒဏ်ရာရသူ ၉ ဦး ရှိခဲ့ပြီး အဆိုပါ ပစ်ခတ်မှုများအား သက်ဆိုင် ရာ ရဲတပ်ဖွဲ့များမှ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
.
ကျောက်မဲခရိုင်အတွင်း ကျွဲ၊နွား တင်ဆောင်လာသည့် ကားများ သေ နတ်ပစ်ခတ်ခံရသည့် ဖြစ်စဉ်များမှာ ဖေဖော်ဝါရီလ ၂၄ ရက်က ကျောက် မဲမြို့နယ်အတွင်း နောင်ပိန်၊ နောင်ပစ် ကျေးရွာအနီးတွင် နွားတင်လာသည့် ယာဉ် သေနတ်ပစ်ခံရ၍ အမျိုးသား ၄ ဦး ဒဏ်ရာရရှိခြင်း၊ မတ်လ ၁ဝ ရက်က ကျောက်မဲမြို့နယ်၊ ပင်တိန်နှင့် လွယ်လမ်းရွာ ကြားတွင် နွားတင်ကား ၄ စီးကို သေနတ်ပစ်ခံရ၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခြင်း၊ မတ်လ ၃၁ ရက်နေ့က ကျောက်မဲခရိုင် သီပေါမြို့နယ် ကုန်းသာကျေးရွာအုပ်စု ဆီဆုံကျေးရွာအနီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် နွားတင်လာသည့် ၁၂ ဘီးယာဉ် သေနတ်ပစ်ခံရ၍ အမျိုး သား ၁ ဦး သေဆုံးခြင်း၊ မေလ ၈ ရက်နေ့က ကျောက်မဲမြို့နယ် ကြံခင်း ကျေးရွာအနီး မောင်ဖုန်းတောင် အ ဆင်းတွင် နွားတင်လာသည့် ယာဉ် တစ်စီး သေနတ်ပစ်ခံရကာ အမျိုး သမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ် ရာရခြင်း၊ ဇွန်လ ၁၁ ရက်နေ့က ကျောက်မဲမြို့နယ်၊ မန်တန်းကျေးရွာ အနီးတွင် နောင်ချိုဘက်မှ ကျွဲ၊ နွား များ တင်ဆောင်လာသည့် ၁၂ ဘီး ယာဉ် ၅ စီးအဖွဲ့ သေနတ်ပစ်ခံရ၍ အမျိုးသား ၂ ဦး၊ ဒဏ်ရာရခြင်း၊ ဇွန် လ ၂၈ ရက်နေ့က ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနှင့် ပင်တိန်ကျေးရွာ အကြားတွင် နွားကားသေနတ်ပစ်ခံရ၍ အမျိုးသား ၂ ဦး သေဆုံးခြင်းတို့ ဖြစ် ပွားခဲ့ကြောင်း သိရသည်။
.
ယခင်က တရုတ်နိုင်ငံသို့ ကျွဲ၊ နွားများ တရားမဝင် တင်ပို့မှုများ ရှိ နေသဖြင့် ကျွဲ၊ နွား အရှင်များ ပြည်ပ တင်ပို့ခွင့်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနက ၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ တွင် အမိန့်ကြော်ငြာစာအမှတ် ၄၉/ ၂ဝ၁၇ ဖြင့် ခွင့်ပြုပေးခဲ့ပြီးနောက် ၂ဝ၁၇ ခုနှစ် နှစ်ကုန်မှစ၍ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးစခန်းမှနေ၍ တစ်ဖက် တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့မှုများ စတင်ခဲ့ပြီးနောက် တရား ဝင် တင်ပို့သည့် ကျွဲ၊ နွားသယ်ဆောင် သည့် မော်တော်ယာဉ်များမှ ယာဉ် မောင်းများကို သေနတ်ဖြင့် ပစ်ခတ်မှု များ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရ သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats