ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်



နွန်းနွန်းနော် (ဇမ္ဗူသီဟ)
.
''ယာထဲမှအပြန် ချောင်းရေကြီးစဉ် နွား လှည်းဖြင့် ဖြတ်ကူးရာမှ ရေစီးဖြင့် မျောပါသေဆုံး မှုဖြစ်''ဆိုတဲ့ သတင်းကို ပြီးခဲ့တဲ့တစ်ပတ်က သ တင်းစာမှာ ဖတ်မိတော့ ကျွန်မကိုယ်တိုင်လည်း တစ်ခါက ရေစီးအလွန်သန်တဲ့ ချောင်းကြီးကို ဖြတ်ကူးခဲ့တာကို ပြန်လည်အမှတ်ရလာပါတယ်။ 
.
.
အဖြစ်က အောင်လံမြို့က ခင်မင်တဲ့ မူလ တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်တင်နွဲ့က သူတို့ရွာ မူလတန်းကျောင်းလေးကို မြို့နယ်က ထောက် ပံ့ငွေကျပ် ၂၅ သိန်းနဲ့ (၃ဝဒထ၆ဝဒ)စာသင် ဆောင် ဆောက်လုပ်တာ ရန်ပုံငွေမလောက်လို့ ဆောက်လုပ်လက်စ ရပ်ထားရတာ နှစ်နှစ်ရှိပါပြီ တဲ့။ အမိုးနဲ့အုတ်ခုံပဲ ပြီးပါတယ်။ အခုလာမယ့် နှစ်ဆို သင်ထောက်ကူ ကိစ္စလည်း ရှိမယ်။ သင် ထောက်ကူဆိုတာက ကျောင်းသားတွေကို စာ သင်ကြားရာမှာ ကားချပ်တို့က သက်ဆိုင်ရာပစ္စည်း အမျိုးမျိုးနဲ့ နားလည်အောင် အထောက်အကူပြု ပြီး သင်ကြားပြသပေးရမှာတဲ့ လက်ရှိ ပျဉ်ကျောင်း ဆောင်လေးက ကျောင်းဖွင့်ရင် အသစ်တက်မယ့်ွု ကျောင်းသားလေးတွေနဲ့ ပေါင်းရင် ကျောင်း ဟောင်းက ပြိုကျနိုင်တဲ့အတွက် ပြိုမကျအောင် လည်း အောက်ကတန်းတွေဆို သစ်လုံးတွေနဲ့ ထောက်ထားရပါသတဲ့။
.
ရွာခံတွေက နွမ်းပါးကြပြီး စီးပွားရေးကလည်း ဖြစ်မြောက်လောက်အောင် မရှိတဲ့အတွက် ကျောင်းဖွင့်အမီ စာသင်ခန်းလေးကို ပြီးစေချင်တဲ့ ဆရာမကြီးရဲ့ ပြင်းပြတဲ့ ဆန္ဒကို ကျွန်မကလည်း လှူတာခြင်းအတူတူပဲ ဘယ်နေရာပဲ လှူလှူ အင် အားနည်းနေတဲ့ မူလတန်းကျောင်းလေးကို ဖြည့် ဆည်းပေးလိုက်ပါတယ်။ ရွာလေးက စံပြရွာပါ။
.
ရန်ကုန်ကနေ အောင်လံမြို့ အုတ်ရှစ်ကုန်း ရွာအထိ ကားနဲ့၊ အုတ်ရှစ်ကုန်းရွာကနေ ခြေလျင် နဲ့ ဗွက်ကြီးချောင်းအထိ၊ ချောင်းရောက်တော့ ချောင်းကူးရမယ်တဲ့။ ရေစီးအလွန်ကြမ်းပြီး ချောင်း အကျယ်က ပေ ၃ဝဝ ထက်မနည်းဘူး။ ရိုးမက နေ ဝါဆိုမိုးကြောင့် ရေတွေဟာ ဗွက်ကြီးချောင်း ကို ဒလဟောစီးဝင်နေပါတယ်။ ဒီလောက်ရေစီး သန်တဲ့ချောင်းကိုတော့ တစ်သက်မမြင်ဖူးပါ။ ရေ လမ်းကျွမ်းတဲ့ရွာခံတွေက ရေလမ်းရှာတာ လူကူး လို့မရဘူး နွားလှည်းနဲ့ကူးရမယ်တဲ့။ ရေစီးသံက လည်း ကြောက်မက်ဖွယ်ရာ တဝုန်းဝုန်းနှင့်၊ လူ ခေါ်သကဲ့သို့ ခံစားရပါတယ်။ ကျွန်မနှင့်လိုက်လာ တဲ့ ယောင်းရင်းတွေခမျာ ကြောက်လွန်းလို့ မျက် နှာတွေက ဇီးရွက်လောက်ပဲ ရှိကြတော့တယ်။
.
ဆရာမလေးယောက်က လက်ချင်းချိတ်တွဲ ပြီး ချောင်းကူးဖို့ လုပ်နေသေးတယ်။ ရွာခံက မရ ဘူးဆိုပြီး လှည်းပေါ်တက်စီးခိုင်းပါတယ်။ ဒီခရီးနဲ့ ဒီလမ်းလာမိတာ ကြီးစွာသော နောင်တနဲ့ တစ် ယောက်တည်း ဒီရွာမှာ ကျန်ရစ်လို့လည်းမဖြစ် ဒီမိုကရေစီခေတ်လေ အများနှင့်တစ်ယောက်ဆို တော့ ရဲဆေးတင်ပြီး လှည်းပေါ်တက်လိုက်ရပါ တယ်။ ရွာခံက ဒီလူအုပ်နှင့်ဆို နွားလှည်းက မ မျောပါဘူးတဲ့။ မကြောက်ပါနဲ့ ကျွန်တော်တို့ ရှိပါ တယ်တဲ့။ ဆရာမကြီးပြောတုန်းက ရွာကျောင်းအ ထိ မော်တော်ကားရောက်တယ်တဲ့လေ။
.
လှည်းပေါ်ထိုင်လိုက်ကြတာ ရေကခါးလယ် အထိ၊ နွားကိုလည်း မညှာမတာရိုက်ပုတ်ပြီး အ တင်းရုန်းခိုင်းပါတယ်။ အခြားလူတွေက ရွတ်ဖတ် သရဇ္ဈယ်နေလားတော့ မသိပါ။ ကျွန်မကတော့ အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရပြီ။ ဒါနောက်ဆုံး ခရီးပဲဆိုတဲ့ အာရုံပဲရှိသူမို့ ရတနာသုံးပါးကို သတိ မရနိုင်ပါ။ မျက်စိစုံမှိတ်ထားပြီး အကြောက်လွန်နေ တဲ့ ကျွန်မ ဘယ်လိုနဲ့ ဟိုဘက်ကမ်းရောက်မှန်း မသိလိုက်ပါ။ တရားမရှိသူမို့ မိမိစိတ်ကိုပြုပြင်ရ မယ်ဆိုတာ သိလိုက်ပါတယ်။ လာမယ့်နှစ်မှာ ဒီ ဗွက်ကြီးချောင်းကို ဂျပန်နိုင်ငံ အကူအညီနဲ့ တံ တားထိုးပေးမယ်ဆိုတာလည်း သိရပါတယ်။
.
ထွန်စက်နှစ်စီးက စောင့်နေပါတယ်။ နောက် တွဲထော်လာဆိုလား မပါဘူး။ စက်နှစ်စီးကို ဖက်တွယ်ပြီး လိုက်ရပါတယ်။ တစ်ယောက်က စက် မောင်းရဲ့ ရင်ခွင်ထဲရောက်တော့မယ်။ လမ်းဆိုတာ ရေရေရာရာမရှိ၊ တဂျူံးဂျူံးနဲ့ ခုတ်မောင်းနေတာ တစ်လမ်းလုံး သစ်ကိုင်းဆူးတွေ မထိုးမိအောင် ရှောင်ရဆင်းမယ် ဆင်းလျှောက်မယ်ဆိုလည်း ရပ် မပေးပါ။ ဝေးသေးတယ်တဲ့။ ဒါတောင် ပြေတဲ့ လမ်းကြောင်းကို ရှာမောင်းရတာတဲ့လေ။ ဆရာမ လေးတွေက ထွန်စက်မဆံ့လို့ ခြေလျင်လျှောက် တာ ငါမလိုက်မိလေခြင်းဆိုပြီး နောင်တတဖန်ရ မိပါတယ်။ အသက်ကို ဖက်နဲ့ထုပ်ပြီး နောက်ဆုံး တစ်ကိုယ်လုံး ပဲ့ရွဲ့သွားတော့မှ ရွာလေးကို ည ၈ နာရီအချိန် ရောက်သွားပါတော့တယ်။ ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ပါ။
.
မိုးကြီးရေလျှံချိန်ခါ ချောင်းကူးမြစ်ကူးမသွား သင့်ပါ။ ရဲရင် မင်းဖြစ်ဆိုတိုင်းလည်း တိုင်းပြည် တစ်ပြည်မှာ ရှင်ဘုရင်ဆိုတဲ့မင်းက တစ်ဦးပဲဖြစ်မှာ လေ။ ရေကူးချောင်းကူးရတဲ့ရွာမှာ တာဝန်ကျတဲ့ ဆရာမများ၊ အသက်ကယ်အင်္ကျီဆိုတာမျိုးလည်း ဆောင်ထားရမယ်ထင်ပါတယ်။ လူကောင်က ငယ်ငယ်သေးသေး ဒီလိုရေစီးနဲ့ဆို တစ်ချက်ထဲ မျောပါသွားနိုင်ပါတယ်။
.
ယောင်းရင်းတွေက ဒီလမ်းဒီခရီးမျိုးဆို နောက်မခေါ်ပါနဲ့တဲ့။ ''တစ်ယောက်အကြောင်း တစ်ယောက် သိချင်ရင် အတူခရီးသွားပါ''ဆိုတဲ့ အဆိုအမိန့်လေးလည်း ရှိပါတယ်။ ဗုဒ္ဓမြတ်စွာဘု ရားက ခြေလှမ်းခုနစ်လှမ်းအတူ လှမ်းဖူးရင် မိတ် ဆွေ၊ ၁၅ ရက်အတူ လှမ်းဖူးရင် ဆွေမျိုး၊ ဒီထက် ကြာရင် ကိုယ်နဲ့ထပ်တူပါလို့ ဟောထားတော်မူပါ သည်။
.
ညအိပ်တည်းတဲ့အိမ်က ရွာမှာ အကြီးဆုံး အိမ်၊ အောက်ကနွားတင်းကုတ်၊ ညအိပ်ချိန် တံ ခါးပိတ်မယ်လုပ်တော့ တံခါးရွက်ရှာမရ၊ တံခါးမရှိ ဘူးတဲ့။ တကယ်ပါ တစ်ရွာလုံးအိမ်တိုင်း တံခါးမရှိ ၊ ဓားမရှိပါ။ ရွာလေးက အင်မတန်အေးချမ်းပါ တယ်လို့ ဆရာမကြီးပြောတာ မှန်ပါတယ်။ အေး ချမ်းတဲ့ ရွာကလေးပါလား၊ မိုးကကောင်းလိုက်ပုံ များ အိမ်ပေါ်ထပ်မိုးတွေယိုလို့ တစ်ညလုံးမအိပ် ရတာ မမေ့နိုင်ပါ။
.
မိုးလင်းတော့ လော်စပီကာ သီချင်းသံကြား နေရပြီ။ စာသင်ဆောင်လေးက ဓာတ်ပုံထဲက မြင်ရတာနဲ့ မတူတော့ပါ။ အုတ်ကာရံနဲ့ပြူတင်းတံ ခါးနဲ့ တံခါးရွက်နဲ့ မျက်နှာကျက်နဲ့ပါ။ စာသင်ခန်း ရဲ့ ပြည့်စုံတဲ့ အင်္ဂါရပ်ကို မြင်တွေ့ရပါတယ်။ ကျောင်းသားငယ်လေးများနဲ့အတူ ရွာသားတွေရဲ့ ရိုးသားပျူငှာစွာကြိုဆိုနေကြတာ မြင်ရတော့ ငါ့ နှယ် လာမိမှားဆိုပြီး နောင်တအကြီးအကျယ်ဖြစ်ခဲ့ ရတာကို ရင်ထဲမှာ အားနာမဆုံးဖြစ်မိခဲ့ပါတယ်။
.
ရေစက်ချ တရားနာပြီး ပညာရေးဌာနကို လွှဲ ပြောင်းပေးခဲ့ပါတယ်။ ရွာလုံးကျွတ်မုန့်ဟင်းခါးနဲ့ ဧည့်ခံပါတယ်။ မြို့နယ်က လူကြီးများလည်းြ<ွက လာပါတယ်။ ပျော်စရာအတိပါ။ လူ့ဘဝမှာ ကျန်း မာပါမှ ပညာသင်ယူနိုင်မယ်။ ပညာတတ်မှ ရပ်ရွာ အကျိုးပြုနိုင်ပါမယ်။ စပ်စုတဲ့တစ်ယောက်က ကျွန် မကို အလှူလာလုပ်တာ ယတြာချေတာလားတဲ့။ အစိုးရအသစ်မို့ လှူတာလားတဲ့။ တစ်ခါတလေ မှာ ငွေရှိလို့ လှူနေကြတာတော့မဟုတ်ပါ။ အမှန် တကယ် လိုအပ်နေတာကို သိရလို့ လှူနေကြ တာပါ။ အခု ရေဘေးကယ်ဆယ်ရေးကိုပဲ ကြည့် လေ ဒုက္ခသည်များကို အချင်းချင်းကူညီလှူဒါန်း ပေးနေတာ တချို့က သိပ်ချမ်းသာလို့ ဟုတ်မယ် မထင်ပါ။ တချို့အသင်းအဖွဲ့များ ရေဘေးကယ် ဆယ်ရေးစခန်းကို သွားပြီး နံနက်စာ၊ နေ့လယ်စာ၊ ညစာများတောင် ချက်ပြုတ်လှူဒါန်းပေးကြပါ တယ်။
.
မုတ်သုံလေအားကောင်းပြီး မိုးကြီးအဆက်မ ပြတ်ရွာသွန်းလို့ အတ္တရံမြစ်၊ စစ်တောင်းမြစ်၊ သံ လွင်မြစ်တို့ ရေမြင့်တက်လို့ ကရင်ပြည်နယ်ဘားအံ ခရိုင်၊ မွန်ပြည်နယ်သထုံခရိုင်၊ ပဲခူးတိုင်းဒေသကြီး နဲ့ တနင်္သာရီတိုင်းတို့ ခံစားနေရတဲ့ဒုက္ခကို ရုပ်မြင် သံကြားသတင်းနဲ့ သတင်းစာများမှာ ဖတ်ရမြင်ရ ပါတယ်။ ဘီးလင်းမြို့နယ်မှာ ရေဘေးကယ်ဆယ် ရေးလုပ်နေတဲ့ တပ်မတော်သားသုံးဦး ပျောက်ဆုံး သေဆုံးရတာ စိတ်မကောင်းစရာပါ။ ရေဘေး ကြောင့် လူ ၁၇ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
.
ဒုက္ခရောက်ချိန်မှာ ပြည်သူများ အသိရှိရှိ ထောက်ပံ့ကူညီလှူဒါန်းနေကြတာ မြန်မာ့စိတ်ရင်း ပါ ဂုဏ်ယူရပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များကလည်း လက်မနှေးနေ့တွက်စရိတ်တစ်ရက် စာ စုပေါင်းပြီး လှူဒါန်းတာကိုလည်း အသိအမှတ် ပြုရပါမယ်။ အခုအချိန် တက်ရေပြန်ကျသွားတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်နေပါပြီ။
.
အခုရက်ပိုင်း သြဂုတ်လ ၆ ရက်နေ့မှာ ကမ္ဘာ့အကောင်းဆုံး နံပါတ် ၁ အထင်ကရအ ဆောက်အအုံကြီးဖြစ်တဲ့ အန်ကောဝပ် ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးတည်ရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံ မှာလည်း မဲခေါင်မြစ်ရေကြီးလို့ လူ ၆ ဦးသေဆုံး ရပါတယ်။ အိမ်ထောင်စု ၅ဝဝဝ နီးပါး ဘေးလွတ် ရာကို ပြောင်းရွှေ့ရပါသတဲ့။ နီပေါနိုင်ငံမှာလည်း မိုးကြီးမြေပြိုတဲ့ အန္တရာယ်ကြောင့် လူ ၆၅ ဦး သေဆုံးရပါတယ်။ အဲဒီ ၆ ရက်နေ့မှာပဲ အင်ဒိုနီး ရှားနိုင်ငံကို ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ အင် အားပြင်းငလျင်လှုပ်ခတ်လို့ ယနေ့အထိ ၄ဝဝ ကျော် သေဆုံးပြီး ဘာလီကျွန်းအထိ ငလျင်လှိုင်း ခတ်လို့ ကမ္ဘာလှည့်ခရီးသွား အများအပျား အ ပန်းဖြေကျွန်းတောင်ကုန်းတစ်နေရာမှာ သောင် တင်နေပါသတဲ့။ ဒါကြောင့် ကာလံဒေသံ၊ အဂ္ဂံ ဓနံဆိုတဲ့အတိုင်း နေရာဒေသများကို အချိန်အခါ ကြည့်ပြီး သွားလာတာ သတိပြုသင့်ပါတယ်။
.
၂ဝ၁၄ မှ ၂ဝ၁၇ ခုနှစ်အထိ နှစ်စဉ်ရေကြီး ပါတယ်။ အခြေခံလူတန်းစားများက စားဝတ်နေ ရေးအတွက် နေ့စဉ် ရုန်းကန်နေရတဲ့အပြင် နှစ် စဉ်မိုးရာသီရောက်တော့မယ်ဆိုတိုင်း ဘယ်တော့ ရေကြီးရေလျှံမလဲဆိုတဲ့ စိုးရိမ်မှုတွေနဲ့အတူ နေနေ ရတာကလည်း မလုံခြုံတဲ့ဘဝလို့ ခံစားမိမှာပါ။
.
ရေကြီးတဲ့ နှစ်များက ဖြစ်ပေါ်ခဲ့တဲ့ အားနည်း ချက်တွေ ပျက်ကွက်မှုတွေကို နိုင်ငံတော်အစိုးရက လည်း အရေးယူကုစားပေးခဲ့ပါတယ်။ သဘာဝ ဘေးကျရောက်မှ မဟုတ်ပါ။ တတ်ကျွမ်းတဲ့ပညာ ရှင်တွေနဲ့ လေ့လာစမ်းစစ်ပြီး ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေကိုလည်း စီမံဆောင်ရွက်ပေးနေပါ တယ်။ သို့ပေမယ့် တစ်ခါတစ်ရံလည်း ကြိုတင် ဆောင်ရွက်ချက်တွေ မှန်းဆချက်တွေ ကွာဟလွှဲ ချော်မှု ရှိတတ်ပါတယ်။
.
ပြောင်းလဲတာတဲ့ ရာသီဥတုအခြေအနေ ကြောင့် မိုးလေဝသညွှန်ကြားမှုဦးစီးဌာနက ပညာ ရှင်များ ဟောပြောတဲ့လအလိုက် မိုးလေဝသခန့် မှန်းချက်များနဲ့ ကြိုတင်သတိပြုဖွယ်ရာများကို ရုပ် မြင်သံကြားနဲ့ သတင်းစာများမှာ အမြဲကြည့်ရှု နားထောင်သင့်ပါတယ်။ နွေမိုးဆောင်းဆိုတဲ့ ရာ သီ ရဟတ်ကြီးကတော့ လည်မြဲလည်နေဦးမှာပါ။ ကျွန်မကတော့ ရိုးရှင်းတဲ့စကားတစ်ခွန်းပြောပါရ စေ '' ကမ္ဘာကြီးကို ကယ်တင်ဖို့ သစ်ပင်စိုက်ပျိုး ကြပါစို့''။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats