ခန့်လင်း၊ ကမ္ဘောဇတိုင်း
.
(၃၂) ကြိမ်မြောက် သံဃာအပါး ၁၅၀၀ သပိတ်ဆွမ်းလောင်းလှူပွဲနှင့် သီတဂူကေတုမတီ
ဗုဒ္ဓတက္ကသိုလ် ဆောက်လုပ်ရေး အလှူတော်ရေစက်ချတရားပွဲကို စက်တင်ဘာ၂၄ ရက်နံနက် ၆ နာရီ အချိန်တွင်
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ကျက်သရေဆောင် ဒက္ခိဏာရာမ
ပရိယတ္တိစာတိုက်ကြီး၌ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။
.
.
သပိတ် ၁၅၀၀ လောင်းလှူပွဲသို့ တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ရပ်စောက်မြို့နယ်အတွင်းရှိ
ပရိယတ္တိ စာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်း၊ကျောင်း ပေါင်း ၁၀၅ ကျောင်း၌ သီတင်းသုံးနေတိုင်တော်မူသော
ဆရာတော် သံဃာတော် အပါး ၁၅၀၀ ကျော်ပင့်ဖိတ်၍ ဆွမ်း၊ ခဲဘွယ်၊ ဝတ္တု၊ တိုင်းရင်းဆေးများ
အစရှိသည့် လှူဖွယ် ပစ္စည်းမျိုးစုံပါဝင်သော သပိတ်များကိုမဲနှိုက်ကာ လောင်းလှူသွားမည်ဖြစ်ကြောင်း
သိရသည်။
အဆိုပါ (၃၂) ကြိမ်မြောက် သံဃာအပါး ၁၅၀၀ သပိတ်ဆွမ်းလောင်းလှူပွဲနှင့်
သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ် ဆောက်လုပ်ရေး အလှူတော်ရေစက်ချတရားပွဲကို စက်တင်ဘာ၂၅ ရက်၊
ညပိုင်းတွင် ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေ ရပ်ကွက်ရှိ ဒက္ခိဏာရာမ ပရိယတ္တိစာတိုက်ကြီး၌
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan