ကျိုင်းတုံတွင် အခြေခံပညာရေးဌာန ဝန်ထမ်းများအား အခကြေးငွေယူ၍ ကျူရှင်သင်ကြားခြင်း မပြုရန် ညွှန်ကြားထားသော်လည်း လိုက်နာမှု အားနည်းနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် အခြေခံပညာရေးဌာန ဝန်ထမ်းများအား အခကြေးငွေယူ၍ ကျူရှင်သင်ကြားခြင်း မပြုရန် ညွှန်ကြားထားသော်လည်း လိုက်နာမှု အားနည်းနေ


ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များမှ ကျောင်းအုပ်နှင့် သင်ကြားရေး ဆရာ/ဆရာမ များအား အခကြေးငွေ ယူ၍ ကျူရှင်သင်ကြားခြင်း မပြုရန် ဝန်ခံကတိ လက်မှတ်ရေးထိုး၍ အသိ ပေးထားပြီး ဖြစ်သော်လည်း လေးစား လိုက်နာမှု အားနည်းနေပြီး တိုင်ကြား သူရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
.
.
"KG တန်းနဲ့ Grade 1, Grade 2  ဆိုရင် စနစ်သစ် ပညာရေးမူအရ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး ရေး လေ့ကျင့်ပေးတာပဲ ရှိပါတယ်။ အ ခြေခံပညာရေး ကျောင်းအားလုံးက ကျောင်းအုပ်နဲ့ ဆရာ/ဆရာမ အားလုံး ကို အခကြေးငွေယူပြီး ကျူရှင်သင် ကြားခွင့် မရှိဘူးလို့ စည်းကမ်းသတ် မှတ်ပြီး သိရှိ လိုက်နာဖို့ ခံဝန်ကတိ တွေ လက်မှတ် ရေးထိုးစေခိုင်းထားပါ တယ်။ တိုင်ကြားလာတာ ရှိရင်တော့ ဝန်ထမ်း စည်းကမ်းအတိုင်း အရေးယူ သွားမှာ ဖြစ်ပါတယ်''ဟု ကျိုင်းတုံမြို့ နယ် ဒုတိယပညာရေးမှူး ဦးဇော်လင်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျူရှင်သင်ကြားမှုနှင့် ပတ်သက် ၍ ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက် နေ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်ကုလားမမှလည်း ''ကျွန်မကလေး က အခုမှ KG တန်းကို စတက်ပါ တယ်။ သူ့အတန်းပိုင် ဆရာမက ကျူ ရှင်ခ တစ်လငွေ ၁ဝဝဝဝ ယူပြီး ကျူ ရှင်မတက်တဲ့ ကျွန်မကလေးကို ခွဲခြား ဆက်ဆံတာ ခံနေရပါတယ်။ ကလေး တွေကို ငယ်ငယ်ကတည်းက လူလူချင်း ခွဲခြားဆက်ဆံတတ်အောင် အတု မြင် အတတ်သင်ပေးနေသလို ဖြစ်နေ ပါတယ်''ဟု ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ကျိုင်းတုံမြို့နယ်တွင် အခကြေးငွေယူပြီး ကျူရှင်သင်ကြားနေမှုသည် ဆ ရာ/ဆရာမများအတွက် စားဝတ်နေ ရေးအတွက် အသုံးစရိတ် မလောက် ငမှုကြောင့် ယာယီဖြေရှင်းနေရသည့် ကိစ္စထက် မတော်လောဘစိတ်ဖြင့် အပိုဝင်ငွေ ရှာသကဲ့သို့ ဖြစ်နေပြီး ရော ဂါတစ်မျိုးကဲ့သို့ အမြစ်စွဲနေသည်ကို ကြားသိရသည့်အတွက် စိတ်မသက် မသာ ဖြစ်ရကြောင်း အငြိမ်းစားကျောင်း ဆရာတစ်ဦးမှလည်း ¤င်း၏အမြင်ကို ပြောသည်။
.
ကျူရှင်တက်ရောက်နေသည့် ကျောင်းသားတစ်ဦးမှလည်း ''ကျူရှင်လခ တောင်းချိန်မှာ မိဘအဆင်မပြေ လို့ ပေးဖို့နောက်ကျနေရင် ကျောင်း တောင် မသွားချင်တော့ပါဘူး။ ကျောင်း ခန်းထဲမှာရော၊ ကျူရှင်စာသင်ခန်းထဲ မှာပါ ကိုယ့်နာမည်ခေါ်ပြီး ဆူငေါက် တာ၊ အော်တာနဲ့ အရှက်ခွဲသလို လုပ် တာတွေကို ကြုံတွေ့ရပါတယ်။''ဟု ¤င်း၏ အတွေ့အကြုံကို ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်တွင် အခြေခံ ပညာ အထက်တန်းကျောင်း ၁၂ ကျောင်း၊ အလယ်တန်းကျောင်း ၁၁ ကျောင်း နှင့် မူလတန်းကျောင်း ၁၇၂ ဦး ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats