တစ္ပတ္တာ ကံၾကမၼာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တစ္ပတ္တာ ကံၾကမၼာ



ဆရာယဉ်မင်းအောင်
.
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်မှ ၁၂ ရက် အထိ
.
တနင်္ဂနွေ
.
ခရီးယာယီသွားကိန်းကြုံပါမည်။ မြေယာကိစ္စအရှုပ်အရှင်းများ ရှင်းလင်းရလိမ့်မည်။ မိတ်ဆွေအချို့ပျက်သွား တတ်သည်။ စီးပွားရေး ငွေဝင်နေသော်လည်း လုံးဝမစုမိနိုင်ပါ။ အလုပ်အပေါ် အားမရဖြစ်နေလိမ့်မည်။ အစား ကောင်းစားရခြင်း၊ အိမ်သုံးပစ္စည်းဝင်ခြင်းများ ရှိနေသော်လည်း စိတ်သိပ်မပျော်ရွှင်ဘဲ ဖြစ်နေမည်။ ကုန်သည် များမှာ ပြန်ဝယ်ရသော ကုန်ဈေးမြင့်တက်ခြင်းကြောင့် အမြတ်ထက် အရှုံးပိုများလိမ့်မည်။ ဝန်ထမ်းများမှာ လုပ် ဖော်ကိုင်ဖက်မှ အထင်လွဲခြင်းခံရလိမ့်မည်။ ပွဲစားများမှာ ရွှေ၊ ငွေ ပြန်ထွက်နေလိမ့်မည်။ ငယ်သူများ အချစ် ရေးကိစ္စတွင် ချစ်သူအသစ်တွေ့မည်။ ရှိပြီးသူများ ပြန်ဆုံရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ကျီးပေါင်းတက် ခြင်း၊ အကြောတင်ခြင်းကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၃/၆)ဖြစ်သည်။
ယတြာ။ ဘုရားတွင် မလိုင်မုန့်လှူပါ။
.
တနင်္လာ
.
ကားအလဲအထပ်ပြုခြင်း၊ အသစ်ဝယ်ယူခြင်းကြုံမည်။ ကားမရှိသူများလည်း မထင်မှတ်သည့် ကားကောင်း စီးခွင့်ကြုံမည်။ အစားအစာများ လက်ဆောင်ရလိမ့်မည်။ ခိုက်ရန် အငြင်းပွားစရာကြုံမည်။ အင်္ဂါသတိပြုပါ။ စီး ပွားရေးအလုပ်အကိုင်များ လေးလံနှေးကွေးနေ မည်။ ငွေကြေးအထွက်ပြနေမည်။ ကုန်သည်များမှာ အရောင်း အား ပြန်တက်လာမည်။ ဝန်ထမ်းများအလုပ်တာဝန်များနေမည်။ ပွဲစားများ ကြိုးစားသလောက် အရာမထင် သေးပါ။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူကြောင့် ဝမ်းနည်းရလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် အစာနင် ခြင်း၊ ရေသောက်ရာတွင် သီးခြင်းစသည်တို့ကြုံမည်။ ကံကောင်းစေသော ဂဏန်းများမှာ (၂/၅/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို မြေပဲယိုလှူပါ။
.
အင်္ဂါ
.
အကြံအစည်သစ်ပေါ်မည်။ ကောင်းသောသတင်းစကားကြားသိရမည်။ မိမိအိမ်စီးပွားရေး ပြန်ကောင်းမွန် လာမည်။ ပရိဘောဂများ ဝင်လာမည်။ သူခိုးတော့ ဂရုစိုက်ပါ။ ရန်နည်းနည်းကြုံမည်။ မိတ်ဆွေအချို့ကြောင့် စိတ်ညစ်ရလိမ့်မည်။ သူငယ်ချင်းနဲ့ဆုံပြီး ပျော်ပွဲစားသောက်ရခြင်းလည်း ကြုံမည်။ ငွေအသင့်သင့်ရမည်။ ကုန် သည်များမှာ လှောင်ကုန်ပြုလုပ်ပါက အမြတ်များများရလိမ့်မည်။ ဝန်ထမ်းများမှာ ကြီးသူ စည်းကမ်းတင်းကြပ် မှု ကြုံလိမ့်မည်။ ပွဲစားများ မြေအဝယ်ပေါ်ပေါက်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူအားပေးစကား ကြားရ ခြင်း ချစ်သူကြောင့် ကြည်နူးရခြင်းကြုံမည်။ ကျန်းမာရေးကိစ္စတွင် သွားနာမည်။ ကံကောင်းစေသော ဂဏန်း မှာ (ဝ/၄/၈)ဖြစ်သည်။
ယတြာ။ စေတီမှာ ပေါက်စီလှူပါ။
.
ဗုဒ္ဓဟူး
.
ကြွေးရစရာရှိသူများ ပြန်ရမည်။ သားသမီး၊ ငယ်ရွယ်သူများကြောင့် ငွေကုန်မည်။ ဆေးခန်းတစ်ဦးဦး ကြောင့် ရောက် ရမည်။ အဝတ်အထည်ကောင်းဝင်မည်။ စက်ဆိုင်လည်းသွားလာရမည်။ မစားဖူးသော ဆိုင်။ မစားဖူးသေးသော အစာစားရကံ ကြုံနေသည်။ ရေနီးရာမြို့ရွာများသို့ သွားရလိမ့်မည်။ စိတ်ပျော်ရမည်။ ကုန် သည်များမှာ အလုပ်တွင် သူခိုးဘေးကြုံမည်။ သတိပြုပါ။ ဝန်ထမ်းများမှာ အလုပ်ပင်ပန်းဒဏ်ခံရမည်။ ပွဲစား များ ငွေကိစ္စစကားများမည်။ ငယ်ရွယ်သူများမှာ ချစ်သူဟောင်းနဲ့ လမ်းမှာ ထိပ်တိုက်တွေ့လိမ့်မည်။ ကျန်းမာ ရေးကိစ္စတွင် နားနာမည်။ နားကိုက်မည်။ နားအူမည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၇/၉)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို မုန့်လှူပါ။
.
ကြာသပတေး
.
စိုက်ပျိုးရေးကိစ္စဆောင်ရွက်ရမည်။ အသီးအနှံကောင်းစားရလိမ့်မည်။ ကင်မရာများ၊ ဖုန်းများအသစ်ဝင်လာ မည်။ သူတစ်ပါးကိစ္စမိမိခေါင်းပေါ် ပိတတ်သည် သတိပြုပါ။ စီးပွားရေးတိုးတက်အောင် ကြံဆောင်မည်။ နည်းလမ်းရှာမည်။ ငွေကြေးများ မြတ်စွမ်းမည်။ မိဘအတွက် တစ်ခုခုဖြည့်ဆည်းပေးနိုင်မည်။ ပစ္စည်းပျောက် မည်။ ကုန်သည်များမှာ ငွေစာရင်းလွဲမှားလိမ့်မည်။ သတိထားပါ။ ဝန်ထမ်းများမှာ အချိန်ပိုကြောင့် စိတ်ညစ်ရ မည်။ ပွဲစားများမှာ အပေါင်ကိစ္စနည်းနည်းဖြစ်မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူမှ တန်ဖိုးရှိသော လက်အောင်ပေးမည်။ ဂရုတစိုက်ရှိလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ဖျားလိမ့်မည်။ အအေးမိမည်။ ကံ ကောင်းစေသော ဂဏန်းမှာ (၄/၇/၈)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ပန်းနီ ၅ ပွင့်လှူပါ။
.
သောကြာ
.
အိပ်ရေးပျက်မည်။ ပင်ပန်းခြင်းကြုံမည်။ အတင်းပြောခံရမည်။ မိမိကူညီဖူးသူက မိမိအပေါ် စိတ်သောက ပေးလိမ့်မည်။ စီးပွားရေးကိစ္စတွင် တိုးချဲ့လုပ်ကိုင်ရမည်။ ဝင်ငွေကောင်းလာမည်။ မထင်မှတ်သော တန်ဖိုးကြီး ပစ္စည်းဝင်မည်။ မြောက်အရပ်မှ လာသော ဧည့်သည်ကြောင့် ပြဿနာပေါ်မည်။ သတိပြုပါ။ အိမ်တွင် သန့် ရှင်းရေးဆောင်ရွက်ရမည်။ ကုန်သည်များမှာ ဝန်ထမ်းအသစ် ဝင်လာမည်။ ဝန်ထမ်းများ နေရာပြောင်းရွှေ့ရခြင်း၊ ခရီးသွားရခြင်း ကြုံမည်။ ပွဲစားများမှာ အလုပ်မဖြစ်နိုင်သေးပါ။ ငယ်သူများအချစ်ရေးတွင် ချစ်သူက နှစ် ယောက်ကြားလှည့်စားနေလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ဝမ်းပျက်မည်။ ဝမ်းကိုက်မည်။ ကံကောင်းစေ သော ဂဏန်းမှာ (၁/၅/၇)ဖြစ်သည်။
ယတြာ။ စေတီစနေထောင့်တွင် ရွှေရောင်ထီး ၉ လက်လှူပါ။
.
စနေ
.
စက်ပစ္စည်းများ ပြုပြင်ရမည်။ အဝေးမှ ဧည့်သည်လာမည်။ အလှူပါသွားရမည်။ ဘုရားစေတီကျောင်း ကန်များလည်း ရောက်မည်။ ထီပေါက်ကံရှိသည်။ နေအိမ်အနည်းငယ် ပြုပြင်ရ မည်။ ရွှေဝင်မည်။ တောင်ပေါ် နေရာများလည်ပတ်ရမည်။ ကွဲကွာနေသော ဆွေမျိုးများနဲ့ ပြန်ဆုံတွေ့ပါမည်။ အတိုက်အခံများ ပြေပျောက်သွား ရန် နွားနို့လှူပါ။ ကုန်သည်များမှာ နေရာထိုင်ခင်း ပြုပြင်ပြောင်းလဲရမည်။ ဝန်ထမ်းများမှာ ရာထူးတက်မည်။ အခွင့်အရေးကောင်းများရမည်။ ပွဲစားများမှာ အရောင်းအဝယ်တည့်ပါမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ် သူနဲ့ အတူလည်ပတ်ရမည်။ ချစ်သူကြောင့် စိတ်ပျော်ရွှင်ရမည်။ ကျန်းမာရေးကိစ္စများတွင် ခါးနာမည်။ ဒူးနာ မည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၆/၉)ဖြစ်သည်။
ယတြာ။ စေတီမှာ ဘယာကြော် ၅ ခုလှူပါ။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats