ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၌ စက်တင်ဘာလအတွင်း ကြက်သွန်နီဈေးနှုန်းမှာ ယခင် လများနှင့်
နှိုင်းယှဉ်ပါက ဆက်တိုက် မြင့်တက်လာမှုကြောင့် တောင်သူများ ဈေးကောင်း ရရှိနေသော်လည်း
ထပ်မံ မြင့်တက်လာမည်ကို အိမ်ရှင်မများက စိုးရိမ်နေကြကြောင်း သိရသည်။
.
.
''ကြက်သွန်က ဒီရာသီမှာ တစ်လျှောက်လုံး ဈေးနိမ့်လာခဲ့တာ။ ဒီတစ်
ပတ်အတွင်းမှာပဲ ချက်ချင်းတက်လာ တယ်။ တစ်ပိဿာကို တစ်ထောင်ကျော် သွားတယ်။ ပြီးခဲ့တဲ့
အပတ်ထဲက ၇ဝဝ ကျော်လောက်မှာ ရှိသေးတယ်။ ခုတော့ ဈေးက စတက်နေပြီ။ ဈေး ကွက်ထဲတော့ တစ်ပိဿာကို
၁၅ဝဝ ကနေ အထက်လောက်ထိတက်သွား လိမ့်မယ်ထင်တယ်။ အခုဆို အခြေခံ လူတန်းစားတွေအများဆုံးဝယ်ယူစား
သုံးနေတဲ့ အမျိုးအစားဆိုရင် တစ် ပိဿာကို ကျပ် ၆ဝဝ ကနေ ၁ဝဝဝ ကြားရှိပါတယ်။ အဲလိုဈေးကောင်းရ
တော့ ဒေသခံတောင်သူတွေအတွက် အဆင်ပြေတာပေါ့ဗျာ။ ဒါပေမဲ့ အိမ် ရှင်မတွေကတော့ ဈေးထပ်တက်လာ
မှာကို စိုးရိမ်နေကြတယ်''ဟု တောင် ကြီးမြို့မဈေးမှ ကြက်သွန်နီရောင်းချသူ ဦးလှမြင့်က
စက်တင်ဘာလ ၁၅ ရက် တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
ကြက်သွန်နီဈေးနှုန်းများမှာ ယခု နှစ် အစပိုင်း ရာသီပေါ်ချိန်ကတည်းက
တစ်ပိဿာလျှင် ၅ဝဝ ကျပ်ဝန်းကျင် ခန့်သာ ပေါက်ဈေးရှိသည့်အတွက် ကြက်သွန်စိုက် တောင်သူများအတွက်
အခက်အခဲများကြုံတွေ့ခဲ့ရကာ ယခု တစ် ပတ်အတွင်း၌ ဈေးနှုန်းပြန်လည် မြင့်တက်လာခဲ့ခြင်းကြောင့်
တောင်သူ များ ဈေးကောင်းရရှိ၍ အဆင်ပြေလျက် ရှိနေကြသော်လည်း အိမ်ရှင်မများကမူ ဈေးထပ်မံ
မြင့်တက်လာမည်ကို စိုးရိမ် လျက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
.
''အခုလို ဈေးကောင်းရတော့ တောင်သူတွေအတွက်ကတော့ အဆင် ပြေတာပေါ့။
ဒါပေမဲ့ ဈေးတက်တာ ကျွန်မတို့လို ဝယ်စားသူတွေအတွက်
ကြတော့ အဆင်မပြေဘူး။ ဈေးဝယ်တဲ့ သူကတော့ ဈေးနည်းတာပဲ ကြိုက်ကြ တယ်။ ဝယ်သုံးကြတာလေ။
တရုတ် ကြက်သွန်နီကိုတော့ မကြိုက်ဘူး။ စား လို့လည်း အဆင်မပြေဘူး။ ဒေသထွက် ကြက်သွန်နီပဲသုံးလို့
ကောင်းတာ။ ကုန် ဈေးနှုန်းဆိုတာမျိုးက နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ ဈေးနှုန်းဆိုရင်တော့
ပို အဆင်ပြေတာပေါ့။ ဈေးထပ်တက် လာမှာကို စိုးရိမ်နေရတာပေါ့။ ဘာလို့ လဲဆိုရင် ကြက်သွန်နီက
မရှိမဖြစ် သုံးနေရတာလေ။ အဲဒီတော့ ဈေးအ ရမ်းတက်နေရင် အဆင်မပြေဘူး'' ဟု တောင်ကြီးမြို့နေ
မဝင့်ဝါဟိန်းက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ပြည်တွင်း၌ ကြက်သွန်နီဈေးနှုန်း စတင်မြင့်တက်လာလျှင် တရုတ်နိုင်ငံ
မှ အရည်အသွေးနိမ့်၊ ဈေးနိမ့်သော ကြက်သွန်နီများ ဝင်ရောက်လာလေ့ရှိ ကာ ယခုနှစ်တွင်လည်း
တရုတ်နိုင်ငံမှ ကြက်သွန်နီများ စတင်ဝင်ရောက် လာ နေပြီဖြစ်ပြီး လက်ရှိနယ်စပ်ဈေးကွက်
တွင် ကြက်သွန်နီ တစ်ကီလိုလျှင် တ ရုတ်ယွမ် (၁.၃)ယွမ် ဈေးနှုန်းဖြင့် အ ရောင်းအဝယ်ပြုလုပ်နေကြောင်း
သိရ သည်။
.
ကြက်သွန်စိုက်တောင်သူများ အ နေဖြင့် ပြီးခဲ့သည့် ၃ နှစ်ခန့်က ဆက် တိုက် အရှုံးပေါ်ခဲ့သည့်အတွက် စိုက် ပျိုးမှုနှုန်း
လျှော့ချခဲ့ခြင်း အပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် ကြက် သွန်အထွက်နှုန်း လျော့ကျခဲ့သည့်
အ တွက် ဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan