တစ္ပတ္တာ ကံၾကမၼာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တစ္ပတ္တာ ကံၾကမၼာ



ဆရာယဉ်မင်းအောင်
.
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်မှ အောက်တိုဘာလ ၃ ရက် အထိ
.
တနင်္ဂနွေ
.
အိမ်ထောင်ရေး အိမ်တွင်းရေး သောကများနည်းနည်း ဖြစ်ပေါ်မည်။ အကျိုးမဲ့ခရီးမျိုး သွားရလိမ့်မည်။ ငွေအကုန်အကျ များနေလိမ့်မည်။ သူတစ်ပါးကြောင့် အလုပ်ရှုပ်ထွေးရမည်။ ကူညီရလိမ့်မည်။ စီးပွားရေးကောင်း လာရန် ကြိုးစားနေဆဲဖြစ်သည်။ြေ<ွကးတင်တတ်ပါသည်။ မနာလိုသူ ရန်နည်းနည်းတွေ့မည်။ ကုန်သည်များမှာ အရောင်းအဝယ် ခက်ခဲနေလိမ့်မည်။ ဝန်ထမ်းများ ခွင့် ယူရပါမည်။ ပွဲစားများမှာ အသေးစားငွေဝင်လာမည်။ ငယ်သူများအချစ်ရေးကိစ္စတွင် ချစ်သူပေးသော လက်ဆောင်ကောင်းရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် အကြောနာမည်။ ကိုယ်လက်လေးလံမည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၄/၉)ဖြစ်သည်။
ယတြာ။ သံဃာတော်ထံ ဖျော်ရည်ဆက်ကပ်ပါ။
.
တနင်္လာ
.
ကားရောင်းခြင်း၊ ကားဝယ်ခြင်း အလဲအထပ်ပြုခြင်းကြုံမည်။ တောင်အရပ်မှလာသော တစ်ခုလပ်များ အိမ်ထောင်ပျက်များကြောင့် စိတ်ရှုပ်ရမည်။ စီးပွားရေးအခက်အခဲရှိနေသေးသည်။ ငွေဝင်ကံရှိသော်လည်း မမြဲပါ။ သားသမီးများကြောင့် စိတ်ညစ်ရမည်။ မိတ်ဆွေကောင်း အကူအညီတော့ ရလိမ့်မည်။ ရွှေပြန်ထွက်မည်။ ကုန်သည်များ အြေ<ွကးကိစ္စဖြေရှင်းပြောဆိုရမည်။ ဝန်ထမ်းများမှာ ကြီးသူအထင်လွဲလိမ့်မည်။ ပွဲစားများ အိမ်အပေါင်တည့်ပါမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူနဲ့အတူရုပ်ရှင်များ၊ပွဲလမ်းများရောက်မည်။ ကျန်းမာရေးကိစ္စတွင် မူးဝေမည်။ လေနာခြင်းများကြုံတွေ့မည်။ကံကောင်းစေသောဂဏန်းမှာ (ဝ/၅/၇)ဖြစ်သည်။
ယတြာ။ စေတီတွင် ပန်းနီ(၅)ပွင့်လှူပါ။ 
.
အင်္ဂါ
.
ကားပြင်ရမည်။ ကားအသေးစားပွတ်မိမည်။ ကွဲကွာနေသော မိတ်ဆွေဟောင်းပြန်ဆုံတွေ့ပါမည်။ အိမ်တွင်းအနည်းငယ် ပြုပြင်ရမည်။ အောက်လူတပည့်များ ကိစ္စဝင်ရောက်ဖြေရှင်းပေးရလိမ့်မည်။ စီး ပွားရေးအကွက်ကောင်းတွေ့တော့ မည်။ ငွေနည်းနည်းစုမိလာမည်။ ရွှေအဝင်မခံသင့်ပါ ပြန်ထွက် မည်။ ကုန်သည်များမှာ အရောင်းအားကောင်းမွန်လာပြီး ပြန်ဝယ်ယူခက်ခဲမည်။ ဝန်ထမ်းများမှာ တာဝန်အသစ်ပေးခံရခြင်း၊ ရာထူးတိုးခြင်းစသည်တို့ကြုံမည်။ ပွဲစားများမှာ အရောင်းအဝယ်နည်း နည်းဖြစ်လိမ့်မည်။ ငယ်သူများအချစ်ရေးတွင် ချစ်သူက မိမိအားသစ္စာဖောက်မည်။ ကျန်းမာရေး ကိစ္စတွင်ဖျားလိမ့်မည်။ ရေချိုးမှားခြင်းကြုံမည်။
ယတြာ။ ဘုရားတွင် ဆွမ်းဆက်ကပ်လှူပါ။
.
ဗုဒ္ဓဟူး
.
အကြံအစည်ကောင်းပေါ်မည်။ ခရီးယာယီသွားလာရမည်။ ခက်ခဲသောအရာများ သက်သာသွားမည်။ စီးပွားရေးအလုပ်အကိုင်ကောင်းများ ဆက်စပ်တွေ့ရှိလာမည်။ မယုံကြည်သောသူအချို့ကြောင့် စိတ်ညစ်ရမည်။ သံသယများမည်။ စက်ပစ္စည်းအသစ်ဝင်မည်။ ခိုက်ရန်ဒေါသဖြစ်မည်။ ကြီးသူကြောင့် စိတ်ပျော်ရွှင်စရာတွေ့မည်။ ကုန်သည်များမှာ အရောင်းတန့်နေမည်။ ဝန်ထမ်းများမှာ စိတ်ရှုပ်ထွေး နေချိန်ဖြစ်သည်။ ပွဲစားများမှာ အိမ်အပေါင်ကိစ္စအောင်မြင်မည်။ ငယ်ရွယ်သူများမှာ ချစ်သူဘက်မှ ဆွေမျိုးများနဲ့ တွေ့ဆုံရလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် ချောင်းဆိုးမည်။ ရင်ကြပ်လိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၆/၉)ဖြစ်သည်။
ယတြာ။ ဘုရားမှာ သစ်သီးလှူပါ။
.
ကြာသပတေး
.
အိမ်အသုံးအဆောင်သစ်များဝင်မည်။ ဆွေမျိုးများနဲ့ ပြန်လည်ဆုံတွေ့မည်။ စီးပွားရေးကိစ္စများအသစ် ထူထောင်ရမည်။ ခရီးဝေးများသွားလာရမည်။ နေအိမ်သို့ မိတ်ဆွေ အလည်လာမည်။ အဝေးမိတ်ဖြစ် သည်။ သားသမီးကြောင့် စိတ်ရှုပ်ထွေးနေရမည်။ မတည့်သောသူများနဲ့ လမ်းမှာ ဆုံတွေ့လိမ့်မည်။ အကြံအစည်များတိုးတက်လာမည်။ ကုန်သည်များမှာ ငွေစာရင်းကိစ္စစကားများရမည်။ ရုံး ရောက်တတ်သည်။ ဝန်ထမ်းများ ထုချေလွှာတင်ရလိမ့်မည်။ ပွဲစားများမှာ ဘာမှအလုပ် မဖြစ်သော ကာလဖြစ်သည်။ ငယ် သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူနှစ်ယောက်ကြား ဗျာများမည်။ အချို့မှာ သံသယဝင်ခံရမည်။ ကျန်း မာရေးကိစ္စများတွင် အထူးအညံ့ မရှိသေးပါ။ ကံကောင်းစေသော ဂဏန်း မှာ(ဝ/၁/၆)ဖြစ်သည်။
ယတြာ။ စေတီမှာ နှင်းဆီအနီ ၅ ပွင့်လှူပါ။
.
သောကြာ
.
စိတ်ပျော်ရွှင်ကျေနပ်မှုများနေသော်လည်း စိတ်သောက မကင်းသေးချေ။ ကြွေးကိစ္စအနည်းငယ် ပူ ရလိမ့်မည်။ အလုပ်အကိုင်တွင် ရန်ယှဉ်ပြိုင်သူပေါ်ပေါက်ပါမည်။ နေအိမ်နည်းနည်း ပြင်ရမည်။ တံခါးပြု တင်းများ ပျက်မည်။ မီးများပြန်ပြင်ရမည်။ အလှူပွဲများ သွားလာရလိမ့်မည်။ ဘုန်းကြီးကျောင်းသို့ ရောက် လိမ့်မည်။ ခရီးတိုလည်း သွားရမည်။ ကုန်သည်များမှာ အရောင်းကောင်းနေမည်။ ဝန်ထမ်းများ အောက် လူဒုက္ခပေးမည်။ ပွဲစားများမှာ မြေအရောင်းတည့်သဖြင့် ပွဲခများ ရပါလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနဲ့ အတူ အစားကောင်းစားရမည်။ အတူလည်ပတ်ရမည်။ ကျန်းမာရေးကိစ္စများတွင် ခေါင်းကိုက်ခြင်း၊ နောက်ကျောတက်ခြင်းကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၆/၇)ဖြစ်သည်။
ယတြာ။ စေတီတွင် ထီးဖြူလှူပါ။
.
စနေ
.
ထီပေါက်ပါမည်။ စုကြေးပေါက်ပါမည်။ အမြတ်များများရတော့မည်။ သတင်းကောင်း ကြားသိရမည်။ စီးပွားရေးကောင်းမွန်လာတော့မည်။ သားသမီး ပြောဆိုဆုံးမရခက်ခဲနေမည်။ ရွှေပြန်ထွက် သွားမည်။ နေအိမ်စာရွက်စာတမ်း ကိစ္စများကြောင့် ရှုပ်ထွေးနေမည်။ ကျောက်ဖရုံသီး မစားသင့်ပါ။ နေအိမ်တွင် သူခိုးကပ်လိမ့်မည်။ ကုန်သည်များဖောက်သည်အချို့ပျက်မည်။ သူတစ်ပါးထံ ပါသွားလိမ့်မည်။ ဝန်ထမ်းများမှာ သတင်းကောင်းကြားမည်။ ပျော်ရွှင်ရမည်။ ပွဲစားများမှာ အြေ<ွကးတင်လိမ့်မည်။ ငွေပြတ်နေမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနဲ့ လမ်းခွဲခြင်း၊ စကားများခြင်း၊ မခေါ်ပြောခြင်း စသည်တို့ ကြုံမည်။ ကျန်းမာရေးတွင် သွေးအားနည်းမည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၃/၇)ဖြစ်သည်။
ယတြာ။ ဘုရားမှာ ပေါက်ပေါက်လှူပေးပါ။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats