ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
.
လမ်းကြုံလို့
.
''ဗယာကြော်ရေ ဝေ့ ဗယာကြော်''
.
''ဘာတုံးဟ အာပလာရ မင့်နှယ်ကွာ စော စောစီးစီး ရှီးမှတဲ့''
.
''ဘယ်စောတော့မှာလဲ ဗယာကြော်ရယ် ၆ နာရီပဲ ကျော်ရောပေါ့။ ငါ ဈေးလာရင်း မင်းအိမ် ရှေ့ ရောက်လို့ ဝင်နှုတ်ဆက်တာ။
တစ်ထောက် နားတာပေါ့ကွာ။ အရေးတော့ မကြီးပေါင်''
.
''ဘာလဲ။ လမ်းကြုံလို့ ဝင်တာပေါ့လေ အာပ လာ။ တမင်ကလာတော့ မင်းက လာခဲသားပဲ''
.
''အဟဲ ဆေးလုပ်ဖို့တစ်မယ်နှစ်မယ် လာရှာ တာ။ ဒီနေ့ တောင်ကြီးဈေးနေ့လေကွာ
ဗယာ ကြော်''
.
''သိသားပဲ။ မနက်ဝေလီဝေလင်း မဟုတ်။ အရုဏ်မလာခင် ၄ နာရီတောင်မရှိချင်သေးဘူး။
ဈေးသည်တွေ ကျွက်ညံကျွက်ညံနဲ့ မနိုးဘဲမနေ ပေါင်။ တစ်အောင့်လောက် စာလေးနည်းနည်း ဖတ်၊
၎ နာရီကျော်တော့ ဆွမ်းတစ်အိုးတည်။ ၅ နာရီမတ်တင်းဆို ဆွမ်းတော်၊ ရေချမ်းတော်ကပ်။ ခြံထဲက
ပန်းခူးလှူ။ ဆီမီးပူဇော်။ သေခါနီးပြီမို့ ဘု ရားဝတ် တရားဝတ်ပိုပြီး အားစိုက်ရတယ်။ မေတ္တာ
ပို့လို့မှ အပြီးမသတ်သေးဘူး။ မင်းအသံပြဲကြီးက တကြော်ကြော်ခေါ်ပါလေရော။ အာပလာတော့ မပြောချင်ဘူးဟာ။''
.
''မပြောချင်လည်း ဆက်ပြောမနေနဲ့တော့။ ဒါနဲ့ မနက် ၄ နာရီမတိုင်ခင်
ဈေးသည်တွေက ဝီရိယကောင်းလှချည့်လား ဗယာကြော်''
.
''ဈေးခင်းဖို့ နေရာလုနေကြတာ။ နေရာဦးဖို့ ကလည်း အရေးကြီးတာကိုး
အာပလာ''
.
''အေးကွာ။ တောဈေးသည်တွေလည်း သ နားစရာပါ ဗယာကြော်။ ခြံထွက်ယာထွက်လေးတွေ
ထိုင်ရောင်းဖို့ နေရာသီးသီးသန့်သန့် မရှိရှာလေ တော့၊ ရပ်ကွက်လမ်းကြိုလမ်းကြားမှာ နေရာလု
ကြရ၊ စောစောကြီးမှာ ဒေါသဖြစ်ကြ၊ အကု သိုလ်ရကြနဲ့''
.
''တို့များ ငယ်ငယ်တုန်းက ဈေးဆိုင်တန်း နှစ်တန်းကြားမှာ နေရာကအကျယ်ကြီးဆိုတော့
ကွာ။ တောဈေးသည်တွေ ကျောချင်းကပ်နှစ်တန်း ခင်းရောင်းကြတာ။ ဈေးဝယ်တွေလည်း အလွယ် ဝယ်ယူနိုင်။
ဆိုင်တန်းက ဆိုင်ရှင်တွေလည်း လွတ်လပ်ကျေနပ်။ သုံးဦးသုံးဖက်အဆင်ကိုပြေ လို့''
.
''အေးကွာ၊ မင်းပြောတဲ့ ဈေးပုံစံများ မိုင်း သောက်တို့၊ နမ့်ပန်တို့၊
ခေါင်တိုင်တို့၊ တီကျစ်တို့ စတဲ့ တောဈေးများမှာတော့ တွေ့နိုင်သေးတယ် မောင့်''
.
''ဟုတ်မှာပေါ့ အာပလာ၊ ရှေးက ဈေးတစ် လုံးဆောက်တယ်ဆို တစ်ပုံစံတည်းကိုး။
အဲဒီလို ဈေးမျိုးကို ငါရောက်ဖူးတယ်။ ဟိုးအရင် တောင် ကြီးဈေးပုံစံအတိုင်းမို့ လွမ်းမိပါသေး။
အခုငါတို့ ဈေး''
.
''အင်း တို့တောင်ကြီးမြို့မဈေးကြီးကတော့ တိုက်ကြီးတွေဟည်းထ သုံးလေးထပ်။
ဈေးဝယ် လမ်းလျှောက်ဖို့ ခက်အောင် ဈေးခင်းကြ။ တိုးကြ တိုက်ကြ ခိုက်မိကြနဲ့။ မလွယ်ကြော
ဗယာကြော်''
ရှားရှားပါးပါး
.
''မလွယ်တာ၊ လွယ်တာဘေးချိတ်၊ မင်းငါ့ ကို ဘာကျွေးမှာလဲ ဗယာကြော်''
.
''လာပြီ သောက်စားပုပ်၊ အစားငမ်းတော့ သြောချယူရမယ့် အာပလာ''
.
''အဟဲ ကောင်းမှုတစ်ခု နေ့စဉ်ပြုတဲ့ ဗယာ ကြော်။ မနက်စောစော အလှူခံပုဂ္ဂိုလ်လာတော့
ကော မင်းမှာ အနည်းနဲ့အများ ကုသိုလ်ရမသွား ဘူးလား ပြော''
.
''အေးပါကွာ နို့ဘူးအဆင်သင့်ရှိနေလို့၊ ငါ နို့ထမင်းကျိုထားတယ်။
ပူပူလေးသောက် အာပ လာ''
.
''ကောင်းပါပေ့ မင်းနို့ထမင်းက မွှေးနေရော ပဲ ဗယာကြော်''
.
''မွှေးဆို ကြက်သွန်နီနုပ်နုပ်လှီးကို ဆီလေးပါ လေကာနဲ့ ထမင်းခဲကို
ဦးဆုံးကျိုတယ်။ ဆားနည်း နည်းထည့်၊ ဖာလာစေ့လည်း နည်းနည်းထည့်၊ ထမင်းစေ့ အူပေါက်ပြီဆိုမှ
စွန်ပလွန်ယို သေးသေး လှီးထည့်၊ သကြားအသင့်အတင့်ထည့်ပြီး နှပ်ထား တာကွ။ ပြီးမှ ကြက်သွန်နီ
အြ<ွကပ်ကြော်ကို အ ပေါ်ယံဖြူးလိုက်တာ အာပလာ''
.
''ကောင်းကွာ မင်းနို့ထမင်းကျိုက အနံ့မရိုင်း ဘူး။ အရသာလည်း ကောင်းတယ်
ဗယာကြော်''
.
''အနံ့မရိုင်းဆို ငါက ထောပတ်လုံးဝမထည့် ဘူး၊ ဖာလာလည်းသင်းရုံနည်းနည်းလေး။
ဒါနဲ့ မင်းဆေးအမယ်လာရှာတာရခဲ့ရဲ့လား အာပလာ''
.
''လိုချင်တာမရ၊ မလိုချင်ပေမယ့် တွေ့လို့ဝယ် ခဲ့တာ နှစ်မျိုး ဗယာကြော်၊
ငါးခူနဲ့ ကြာစေ့''
.
''နေကြာစေ့များ ပေါလွန်လွန်းလို့ အာပလာ ရယ်''
.
''ကောင်းကောင်းဖြင့် နားမထောင်ဘူး၊ နေ ကြာစေ့ မဟုတ်ပါဘူး၊ အင်းထဲက
ကြာစေ့ပါ ဗ ယာကြော်''
.
''နို့ မင်းကြာစေ့တွေက အညိုလုံး၊ အနက် လုံးတွေပါလား။ အစိမ်းလုံးရောနေလို့
ယုံရ အာ ပလာရာ''
.
''ဟုတ်တယ်၊ ရင့်လေ ဆေးဖြစ်လေတဲ့၊ သရေစာလို စားတဲ့ကြာခွက်ကတော့နုတယ်။
ဒါက အခါးဓာတ်စွက်နေလို့ ဆေးဖြစ်တာ။ ညအိပ်မွေ့ တယ်ကွ။ အလယ်က အစိမ်းညှောက်က ခါးတာ ဗယာကြော်''
.
''ခါးတာတွေ ဆေးဖြစ်တာတော့ အမှန်ပဲ အာပလာ၊ အခါးဓာတ်က သည်းခြေကို
အားပေး တယ်တဲ့''
.
''သိပ်ဟုတ်တာပေါ့။ အခါးဓာတ်ချို့တဲ့ရင် ညအိပ်မမွေ့တော့ဘူး ဗယာကြော်။
အိပ်မပျော်ရင် အစားပါပျက်ရော၊ အအိပ်အစားမလိုက်ရင် သွေး လေမမှန်၊ စိတ်က ကယောင်ချောက်ချား''
.
''အေး သည်းခြေပျက်တယ်ပြောတာ အ ယဉ်ဆုံး စကားလုံး၊ တည့်ဆိုစိတ်ဖောက်ပြန်၊
ရူး တာတဲ့ အာပလာ''
.
''ငါရှာတာက အခါးတော့ အခါးပဲ ဗယာ ကြော်၊ ကြက်ဟင်းခါးသီး ပုလုံးလုံးလေးတွေကွာ
ခါးမှခါး။''
.
''အဲဒါ တိုင်းရင်းမျိုး ဆီးချိုသက်သာစေသတဲ့ အာပလာ''
.
''ဟုတ်လိုက်လေ၊ ငါ့အမယ်ကြီး အချိုစားများ လို့ သွေးချိုတက်နေလေရဲ့
ဗယာကြော်''
.
''သတိထားကွ၊ သွေးချိုပြီးရင် ဆီးချိုတော့ မှာ။ အချိုလျှော့ခိုင်း၊
ရုတ်တရက် တအားတက် သွားရင် အသက်အန္တရာယ်နဲ့ နီးတတ်တယ် အာ ပလာ၊ ဒါနဲ့ငါ့ဆီမှာ ဆီးချိုကျတဲ့ဆေးရွက်''
.
''ပျားမြီးရွက်လား ဗယာကြော်သိကြား မကိုဋ် လားရှားရှားပါးပါး''
.
နမ်ဖေးယစ်
.
''ပျားမြီးရွက်လည်းမဟုတ်ဘူး၊ သိကြား မကိုဋ်လည်းမဟုတ်ဘူး အာပလာ''
.
''နို့ ဘာများတုံး ဗယာကြော်ရယ်''
.
''နမ်ဖေးယစ်တဲ့ အာပလာ''
.
''ဘာ မကြားဖူးပေါင် ဗယာကြော်''
.
''ဘယ်ကြားဖူးလိမ့်မလဲ အာပလာ၊ သူက ငါတို့တိုင်းရင်းမျိုးမှ မဟုတ်တာ၊
မြောက်အာဖရိ ကတိုက်က ဆေးရွက်တဲ့ကွ။ ငါ့အမျိုးတစ်ယောက် မကာအိုကယူခဲ့တာ။ သူလည်း ဆီးချိုမှချို။
တော်ရုံဆေးမတိုးတော့ဘူး။ ဒီနမ်ဖေးယစ်နဲ့ သက်သာတာတဲ့။ လေယာဉ်ကွင်းကပေးမသယ် ဘဲ အမှိုက်ပုံးထဲချိုးပြီး
ပစ်ထည့်လိုက်တာတဲ့။ မေ့လောက်တဲ့အချိန်မှာ ပြန်ကောက်ယူခဲ့ရတာ တဲ့။ ငါက စိတ်ရှည်ရှည်
ရေလောင်းစိုက်ပျိုးလို့ ရှင်တာ။ သူက ရေကြိုက်တယ်နဲ့တူတယ်။ ပြီး တော့ တို့ရှမ်းပြည်တောင်ကြီးရာသီဥတုနဲ့
ကိုက် ညီပုံရတယ်။ အလွန်သန်တယ်။ သူတို့ဆီမှာ တစ်တောင်သာသာပဲတဲ့ကွာ''
.
''ဘယ်အပင်တုံး ဗယာကြော်''
.
''မင်းခေါင်းငုံ့ဝင်တဲ့ သံတံခါးဘေးက အပင် မြင့်ကြီးလေ။ ဓာတ်ကြိုးကိုကျော်နေပြီ
အာပ လာ''
.
''အပြန် ငါ့ကိုနည်းနည်းတော့ပေးပါကွာ ဗ ယာကြော်''
.
''နည်းနည်းမဟုတ်ဘူး။ ကြိုက်သလောက် ယူအာပလာ၊ ကိုင်းရင့်တာလည်း ယူသွားပြီးထိုး
သာစိုက်ထားလိုက်။ ရေမှန်မှန်လောင်းပေးရုံနဲ့ ရှင် တယ်ကွ။ အတော်ထိရောက်တယ် သူငယ်ချင်း''
.
''နေပါဦး။ ဘယ်လိုစားရသုံးရမှာလဲ ဗယာ ကြော်၊ ပြောပြဦးမှပေါ့။ စားနည်းလေးကို''
.
''အစိမ်းရွက်ကို ဒီအတိုင်းဝါးစား၊ ခါးသက် ပေမယ့် နောက်အရသာချိုမြလာတယ်။
အရွက် စိုကို ကျိုသောက်၊ အရွက်ခြောက်ကို ရေနွေး ကြမ်းလို စိမ်သောက်၊ အိုကေစိုပြည်တယ်
အာပ လာ''
.
''အတိုင်းအဆတော့ ရှိရဦးမှာပေါ့ ဗယာ ကြော်''
.
''ဟုတ်တယ်၊ ရောဂါရှင်ကိုယ်တိုင်က ဆီးချို ဘယ်လောက်တက်ရင် ဘယ်လောက်သုံးမှ
အ ဆင်ပြေမယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် လေ့လာ ချင့်ချိန်ရမယ်။ လွန်လို့ သွေးဂလူးကို့စ်၊
သကြား ဓာတ်သိပ်ကျသွားခဲ့ရင် ကတုန်ကယင် ချွေးဇော ပြန်တတ်တယ်။ အချိုပြန်စားပေးလိုက်ရမယ်
အာပလာရ''
.
''ဘေးထွက်ဆိုးကျိုှးငိန န်နခအျ ကောရှိ သလား ဗယာကြော်''
.
''ဒေါက်တာတွေ သမားတော် Physician တွေကတော့ တိုင်းရင်းဆေးကို ရေရှည်စွဲသုံးတာ
သိပ်မကြိုက်တတ်ဘူး၊ တချို့ဆေးတွေက ကြာ လာရင် ကျောက်ကပ်ထိခိုက်နိုင်တယ်လို့ ယူတယ် အာပလာ''
.
''မင်းက စေတနာ ဗရပွနဲ့ ပေးနေညွှန်းနေ၊ တကယ့်လက်တွေ့မှာကော အကျိုးများရဲ့လား
ဗယာကြော်''
.
''ဘာလဲ မင်းက ငါ့ကိုမယုံဘူးလား အာပလာ၊ ငါ့ကားဆရာရဲ့အမေ ဆေးခန်းပြနေတာငွေကုန်
လှပြီ။ သိပ်ကြီးမသက်သာလာဘူး၊ ဒါနဲ့ ဒီဆေး ရွက်ခူးပြီး ကျိုတိုက်တော့ သိသာထင်ရှား ထူးခြား
တယ်''
.
လတ်တလော
.
''အရေးတကြီးဆိုရင် သတ္ထုရည်အရွက်ကို ကြိတ်ပြီးညှစ်ယူတဲ့ ဆေးရေကို
စားပွဲတင်ဟင်း ရည်သောက်ဇွန်းနဲ့ သုံးဇွန်းလောက်သာ တိုက် လိုက် အတော်အားကိုးလောက်တယ်လို့
ဆရာ တစ်ဦးက ငါ့ကိုပြောပြညွှန်ကြားဖူးတယ် ဗယာ ကြော်။ သူပြောတာက တောင်ကညွှတ်ရွက်ကွာ အလွန်ခါးတာပါတဲ့''
.
''ဟုတ်တယ် အာပလာ။ မူးစေ့မတ်စေ့လို့ လည်း ခေါ်ကြတယ်။ အပင်ပု တစ်ထောင့်ထွာ
နှစ်တောင်လောက်သာ မြင့်တတ်တဲ့ ချုံပုတ်လို အလှစိုက်ပန်းရုံမျိုးကွာ။ အဖြူနဲ့ပန်းခရမ်းအပွင့်
နှစ်မျိုးတည်းရှိတယ်။ ဆီးချိုထက်ဝက်လောက်ကို ကျစေလို့ လတ်တလောမှာ အားကိုးထိုက်တဲ့ ဆေးနည်းတိုပဲတဲ့''
.
''နေပါဦး။ ဆေးမြီးတိုလား၊ ဆေးနည်းတို လား ဗယာကြော်''
.
''အမြီးတိုလို့ နည်းနည်းပဲ သဘောပါ အာ ပလာ၊ အမှန်က ဆေးနည်းတို အလွယ်တကူသုံး
အတိုနည်းတဲ့''
.
''ဟုတ်မယ်၊ ဆေးကောင်းရင် ယင်ခေါင်းတဲ့ ဗယာကြော်''
.
''တချို့က ဆေးကောင်းရင် သန်းခေါင်လို့ တောင် ပြောကြတယ်။ ဆီးချိုအတွက်က
ဆေး နည်းတိုတွေမှ အများကြီးပဲ အာပလာ။ ကန့်က လာလည်း နာမည်ကြီးတယ်။ ဆေးခါးလည်း ရှယ်ကောင်းဆိုပဲကွ''
.
''ကန့်ကလာကို မကြားဖူး၊ မသိဖူးဘူး ဗယာ ကြော်၊ ဆေးခါးဆိုတာ ဆေးခါးဟင်းရည်ထဲ
ထည့်တာကိုလား''
.
''ဗမာနံနံပင်လို ပုံစံတဲ့။ ချဉ်ဖတ်တည်တတ် ကြတယ်။ အတို့အမြှုပ်အနေနဲ့လည်း
သုံးတတ်ကြ တယ်။ အဲဒီကန့်ကလာက ရှမ်းပြည်မှာ မပေါက် ဘူး။ အပူပိုင်းမှာပေါမှပေါတဲ့။ လမ်းဘေးအလေ့
ကျတွေ့နိုင်ဆိုပဲကွ။ တို့ အင်းသားတွေချက်စား တဲ့ ဆေးခါးမှုန့်လည်း အရေးအကြောင်းဆို အ
လွယ်သုံးနိုင်တယ်။ သူက ဆေးခါးလေးတဲ့။ တိုင်းရင်းဆေးသုံးတာက ဆေးခါးကြီးတဲ့။ အခါး အလွန်ရိုင်းဆိုကိုး
အာပလာ၊ ဒါနဲ့ မင်းငါးခူက ဟင်းချက်ဖို့ မဟုတ်လား၊ ဘာများဆေးဘက်ဝင် လို့တုံးကွာ''
.
''အသားကို အိုးကင်းကပ် ဆီပြန်ချက်မယ်။ ခေါင်းကို ဆေးလုပ်မယ်လေကွာ။
ဆံပင်ပြောင်တာ ပြန်ပေါက်စေသတဲ့ ဗယာကြော်''
.
''တို့များ ယောက်ျားသားတွေ၊ အသက်ကြီး လာရင် ဆံပင်ဖြူရင်ဖြူ ထိပ်ပြောင်ရင်ပြောင်ပဲ
ဟာ။ ဘာများဆန်းလို့တုံး။ ဘာလဲ မင်းက လူပျို လုပ်ချင်သေးလို့လား။ အဟား ဟား။ အာပလာ တကယ့်ကောင်''
.
''တူလေးတစ်ယောက် ဆံပင်ပိုးကိုက်လို့ အ ဝိုင်းအကွက်တွေ ကျွတ်ကုန်ပြောင်ကုန်''
.
''အမလေး အဲဒါများ တောကြက်သွန်ဥထက် ခြမ်းပိုင်းနဲ့ ပွတ် အလွယ်လေး
အာပလာ''
.
''ဘယ်လို တောကြက်သွန်ဥ ဟုတ်လား ဗ ယာကြော်''
.
''မိုးကြိုပန်း မိုးခြိမ်းပန်းလို့လည်း ခေါ်တဲ့ ပန်း ရောင်လီလီမျိုးနွယ်ကွာ။
လမ်းဘေးမှာပေါလို့ အာ ပလာရယ်။ အိမ်တော်နားမှာ တောင်ခြေများမှာ တောထနေရော။ ငါးခူခေါင်းကိုပြာချပြီး
အုန်ဆီ စစ်နဲ့ စိမ်လိမ်းတာတော့ ကြားဖူးတယ်ကွ''
.
''အခု ပါးဟက်အောက်လေးနားက ပန်းပွင့် လို့ ဖွားဖွားလုံးလုံးလေးကို
ပြာချပြီး အုန်းဆီနဲ့ လိမ်းတဲ့။ ဆံပင်ပြန်ပေါက်ပြန်သန်လာပါသတဲ့။ နည်းကောင်းလေးဖြန့်ဝေ''။ ။
.
.
.
#KBZTai #Shan