မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကျောက်မြို့ပေါ်တွင် နေရပ်မပြန်နိုင်သေးသည့် ကွန်ကော်နှင့်တော့ဖယ်၊ အုံအွီး စစ်ဘေးရှောင်
ပြည်သူများအတွက် မန္တလေးအခြေစိုက် တုနှိုင်းမဲ့ ပရဟိတအဖွဲ့မှဆန်အိတ် ၁၀၀ ကို ကျောက်မဲမြို့မကုဋ၀တီကျောင်းတွင်
စက်တင်ဘာလ ၄ ရက် မွန်းလွဲပိုင်းက လာရောက်လှူဒန်းခဲ့ကြောင်း သိရှိရသည်။
.
.
"လိုအပ်တဲ့နေရာတွေမှာ
အမှန်တစ်ကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို တတ်စွမ်းသမျှလာရောက်ကူညီပံ့ပိုးပေးတာပါ။ တခြားနေရာများကိုလည်း
လိုအပ်သလို ပံပိုးလှူဒါန်းသွားဖို့ရှိပါတယ်"ဟု မန္တလေး တုနှိုင်းမဲ့ ပရဟိတအသင်း၏ဥက္ကဌ
ဒေါ်မြင့်မြင့်ဝေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
တုနှိုင်းမဲ့
ပရဟိတအသင်းမှ အဖွဲ့ဝင် ၃၅ ဦးလိုက်ပါလာလျက် မန္တလေးမှ ကျောက်မဲသို့လာရောက်လှူဒါန်းကြခြင်း
ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
.
"ကွန်ကော်တံတားကို
မီးရှို့ ဖျက်ဆီးခံရပြီးကတည်းက ရွာကို တစ်ချို့တစ်ဝက်ပဲပြန်နိုင်ကြပါတယ်။ စီးပွားလည်းပျက်နေလို့
လည်း အသက်ဘေးစိုးရိမ်ရ၊ စားရေးသောက်ရေးလည်း ခက်ခဲနေတဲ့အချိန်မှာ လူမှုကူညီရေးအသင်းတွေက
တစ်ကယ် လိုအပ်တဲ့ကူညီမှုတွေဖြစ်ပါတယ်။ အခု တစ်အိမ်တစ်ယောက်နဲ့ လူ ၂၀၀ ကျော် လာရောက်လက်ခံကြပါတယ်။
တံတားမပြင်သေးတာရယ်၊ လက်နက်ကိုင်အဖွဲ့တွေ စစ်ရေးတင်းမာရင်ဆိုင်နေဆဲဖြစ်လို့ ပြန်ဖို့က မလွယ်သေးပါဘူး"ဟု ကွန်ကော်ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ပြောသည်။
.
ပြီးခဲ့သည့်
ဧပြီလ ၂၄ ရက်က လက်နက်ကြီးဖြင့်ပစ်ခတ်မီးရှို့ဖျက်ဆီးခံခဲံရသည့် ကွန်ကော်တံတားကျိုးပျက်ပြီးနောက်
ကွန်ကော်၊ တော့ဖယ်၊ အုံအွီး၊ မန်စန်မှ ရွာသူရွာသား အားလုံးလိုလို ရွာများသို့မပြန်ရဲကြတော့သဖြင့်
ကျောက်မဲမြို့ပေါ်ရှိ မိုးကောင်းကျောင်း၊ အမှတ်(၉)ရပ်နှင့်
မင်းကြီးတောင်တို့တွင် ဖြန့်ခွဲ၍ စစ်ဘေးခိုလှုံလျက်ရှိရာ ယနေ့တိုင်ဖြစ်ကြောင်း ကွန်ကော်ရွာ
လူဦးရေ ၄၃၀ အနက် ရွာတွင် ၈၀ ဦးခန့်၊ တော့ဖယ်ရွာ လူဦးရေ ၄၃၂ ဦးအနက် ရွာတွင် ၆၂ ဦးခန့်သာ
ပြန်လည်နေထိုင်နေကြပြီး အုံအွီးနှင့် မန်ဆန်ရွာများမှာ လူဦးရေ ၁၅၀ ကျော် ရွာလုံးကျွတ်နီးပြီး
ရွာမပြန်နိုင်ကြဘဲ စစ်ရေးအခြေအနေများအရ စစ်ဘေးရှောင်နေကြရဆဲဖြစ်ကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက
ပြောသည်။
.
ကျောက်မဲမြို့နယ်၊
ကွန်ကော်ကျေးရွာအုပ်စုမှ ကွန်ကော်ရွာနှင့် အောင်ချမ်းသာ(လီရှော)ရွာတို့အားဆက်သွယ်ထား
သည့် ပန်ကျိုင်းကြိုးတံတားနှင့် မိုးဃောင်းဘေလီသံဘောင်တံတား ၂ စင်အား အမည်မသိလက်နက်ကိုင်
အဖွဲ့အစည်းမှ ဧပြီလ၂၄ ရက် နံက် ၇ နာရီခွဲခန့်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်ခဲ့ရာတံတားများမှာ
ယခုချိန်ထိ ပြင်
ဆင်နိုင်ခြင်းမရှိသေးကြောင်း
သိရှိရသည်။
.
တံတားများ
ပျက်စီးသွားခဲ့သဖြင့် ရွာသူရွာသားများအနေဖြင့် တော့ဖယ်လမ်းခွဲ- ကျက်သေ-ရှိုငင်း- နမ့်မား
ဖက်မှ ၃၅ မိုင်ခန့် ကွေ့ပတ်ကာ သွားလာနေရသဖြင့်လည်းကောင်း RCSS တပ်ဖွဲ့များနှင့် TNLA
အဖွဲ့များ စစ်ရေးအရ ရင်ဆိုင်ဆဲအခြေအနေရ ရပ်ရွာများသို့ မပြန်နိုင်ကြသေးကြောင်း သိရှိရသည်။
.
.
.
#KBZTai
#Shan