ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် ဗဟိုကော်မတီကို ပင်းတယတွင် ဖွဲ့စည်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် ဗဟိုကော်မတီကို ပင်းတယတွင် ဖွဲ့စည်း


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ဓနုတိုင်းရင်းများ နေထိုင်ရာ မြို့နယ် ၈ ခုမှ ကိုယ်စားလှယ်များ ပါဝင်သည့် ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် ဗဟို ကော်မတီကို ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့် ရဒေသ၊ ပင်းတယမြို့၊ ဒေသဦးစီးအဖွဲ့ ရုံးခန်းမတွင် စက်တင်ဘာလ ၅ ရက် က ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
.
.
''မြို့နယ် ၈ မြို့နယ်က ကိုယ်စား လှယ်တွေနဲ့ ဥက္ကဌများအဖွဲ့၊ အထွေထွေ အတွင်းရေးမှူးများအဖွဲ့ဆိုပြီး ဖွဲ့တာမှာ မြို့အမည် အက္ခရာစဉ်လိုက် တစ်နှစ်ကို တစ်ဖွဲ့အလှည့်ကျ တာဝန်ယူကြမှာ ဖြစ်ပါတယ်။ စာပေ၊ ယဉ်ကျေးမှု၊ စီးပွား ရေး၊ အမျိုးသားနိုင်ငံရေးထောက်တိုင် ၄ ခု အပေါ်မှာ ပူးပေါင်းညှိနှိုင်းလုပ် ဆောင်သွားကြဖို့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ထားပါတယ်''ဟု ဓနုတိုင်းရင်း သားရေးရာအဖွဲ့ချုပ်၏ အလှည့်ကျ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးစိုး အောင်က ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ ချုပ်ကို ရန်ကုန်၊ တောင်ကြီး၊ ကျောက် မဲ၊ နောင်ချို၊ ရပ်စောက်၊ ပင်းတယ၊ ရွာငံ၊ ကလော စသည့်မြို့နယ် ၈ ခုမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ပြီး အ လှည့်ကျ ဥက္ကဌနှင့် အထွေထွေအတွင်း ရေးမှူးအဖြစ် ဦးဝင်းဏ္ဏဝင်းနှင့် ဦးစိုး အောင်တို့မှ တာဝန်ယူဆောင်ရွက်မည် ဖြစ်ကာ ဥက္ကဌများအဖွဲ့တွင် ဦးနေမျိုး ကျော်(ပင်းတယ)၊ ဦးစိုင်းဝဏ္ဏ(ရွာငံ)၊ ဒေါ်စန်းစန်းဌေး(ကျောက်မဲ)၊ ဦးမင်း လွင် (ကလော)၊ ဦးဝင်းဝဏ္ဏဝင်း(တောင် ကြီး)၊ ဦးညွန့်လှိုင်(နောင်ချို)၊ ဦးအောင် ကြိုင်(ရန်ကုန်)နှင့် ဦးဘမော်(ရပ်စောက်) တို့ ပါဝင်ကြောင်းသိရသည်။
.
ဓနုအမျိုးသားနေ့အဖြစ် သတ်မှတ် ထားသည့် နှစ်စဉ် နိုဝင်ဘာလ ၂၆ ရက်တိုင်းတွင် ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ်၏ ဥက္ကဌ တာဝန်အားအလှည့် ကျဥက္ကဌအဖြစ် တာဝန်ယူကြရမည် ဖြစ်ကာ မြို့နယ်အလိုက် ဖွဲ့စည်းထား သည့် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ လူမှု ဖွံ့ဖြိုးရေးအဖွဲ့၊ အမျိုးသား နိုင်ငံရေး အဖွဲ့၊ စီးပွားရေးအဖွဲ့များအပေါ်တွင် တိုးတက်စည်းလုံးမှုရှိစေရန်အတွက် နာယကများအဖွဲ့၊ ပညာရှင်များအဖွဲ့ တို့ဖြင့် ညှိနှိုင်းပူးပေါင်း၍ ဓနုအမျိုး သားသမိုင်းကို ပီပီပြင်ပြင်ပေါ်ထွက်လာ စေရန် ရည်ရွယ်၍ တစ်မြို့နယ်လျှင် ၂ ဦးစီဖြင့် အဖွဲ့ဝင် ၁၆ ဦး ပါဝင်သည့် ဓနုအမျိုးသားသမိုင်း ပြုစုရေးကော် မတီကိုလည်း တစ်ပါတည်းဖွဲ့စည်းခဲ့ ကြောင်း သိရသည်။
.
''ဓနု လူမျိုးစုကြီးအတွက် တ ကယ့်အရေးပါတဲ့ ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်ကို ဓနုအမျိုးသားညီလာခံမှာ ဖွဲ့စည်းနိုင်ခဲ့တာ အင်မတန်ဂုဏ်ယူဝမ်း မြောက်မိပါတယ်။ အဖွဲ့အစည်းရဲ့ တာ ဝန်ရှိလူကြီးတွေကို ဓနုလူငယ်တစ် ယောက်အနေနဲ့ အကြံပြုလိုတာကတော့ ဓနုသမိုင်းအမှန် ပေါ်ပေါက်ရေး၊ ဓနုဝေါဟာရကပါဠိလို ယူဆရင် အင်္ဂလိပ် လို ရေးတဲ့အခါ Danu ဆိုပြီး အမှန်ပြင်ရေးစေချင်ပါတယ်။ ပြီးတော့ ရိုးရာဝတ်စုံဝတ်ဆင်တိုင်း အပြည့်ဝတ် စေချင်ပါတယ်။ လူငယ်တွေအတွက် စံပြ ဖြစ်အောင်လို့ပါ။ ပြီးတော့ လူမျိုး စုအမည်ရှေ့မှာ ဒါဓနုပဲ ဆိုပြီး မမေးဘဲနဲ့ သိနိုင်တဲ့ ဓနုကိုယ်စားပြုစကားလုံး ဥပမာ ရှမ်းက စိုင်း၊ နန်းတို့လိုသတ် မှတ်စေချင်ပါတယ်။ အသင်းအဖွဲ့တွေ ဖွဲ့တဲ့နေရာတိုင်း လူကြီးနဲ့လူငယ် အ ချိုးတူ ပါဝင်ဖွဲ့စည်းစေခြင်းဖြင့် နောင် တစ်ချိန် လူကြီးဖြစ်မယ့် လူငယ်တွေကို စည်းရုံးလုပ်ဆောင်စေချင်ပါတယ်။ အ ဓိကတော့ လူငယ်တွေ လူမျိုးရေးစိတ် ဓာတ်တက်ြ<ွကနေတဲ့အပေါ် ဓနုလူကြီး များက အြ<ွကင်းမဲ့ယုံကြည်စေချင်ပါ တယ်''ဟု ပင်းတယမြို့မှ ဓနုတိုင်းရင်း သားလူငယ် စိုင်းလူခေးက ၄င်းအမြင် ကို ပြောကြားသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်းတ ယ မြို့နယ်နှင့် ရွာငံမြို့နယ်တို့ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ထားပြီး ဒေသဦးစီးအဖွဲ့ရုံး ကို ပင်းတယမြို့တွင် ဖွင့်လှစ်ထားရှိ ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats