လျှပ်စစ်အကြောင်း တစေ့တစောင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လျှပ်စစ်အကြောင်း တစေ့တစောင်း



ကျော်ကျော်လင်း (ရှမ်းပြည်)
.

.
လျှပ်စစ်ထုတ်ယူရာတွင် ဒိုင်နမိုကို လည်ပတ် ခြင်းဖြင့် လျှပ်စစ်ကို ထုတ်ယူကြသည်။ စက်ဘီး တစ်စီးတွင် မီးထွန်းခြင်းကို မျက်စိဖြင့် မြင်ယောင် ကြည့်နိုင်ပါသည်။ ဒိုင်နမို အသေးစားကလေးကို စက်ဘီးနောက်ဘီးတွင် တပ်ဆင်ထားသည်။ ထို ဒိုင်နမိုကလေးကို လည်ပတ်နေသော နောက်ဘီး နှင့် မပွတ်တိုက်မိစေရန် ခလုတ်မောင်းတံကို မ တင်ထားပါက စက်ဘီးသည် စီးသည့်အခါ ပေါ့ ပါးနေပြီး မောင်းတံကို ဖိနှိပ်ပြီး စီးသည့်အခါ ဒိုင် နမို၏ ဘီးကလေးသည် တာရာနှင့် ပွတ်တိုက်ပြီး ဒိုင်နမိုလည်ပတ်လာပြီး လျှပ်စစ်ကို ထုတ်လွှတ်ပေး ပြီး စက်ဘီးသည် ဆက်သွယ်ထားသော မီးများ လင်းလာမည်။ တစ်နည်းဆိုရလျှင် လျှပ်ထုတ်ကိ ရိယာသည် အလုပ်လုပ်နေခြင်းကြောင့် ဖြစ်သည်။ ဤသဘောတရားကို အခြေခံပြီး လက်ရှိဘဝတွင် လိုအပ်နေသော လျှပ်စစ်စွမ်းအင်များကို ပိုမို၍ အ ရွယ်အစားကြီးမားသည့် တာဘိုင်စက်ကြီးများ၊ လျှပ်ထုတ်စက်ကြီးများကို တည်ဆောက်ခြင်းဖြစ် သည်။ ဒိုင်နမိုများ လည်ပတ်မှသာ လျှပ်စစ်ဓာတ် ထွက်လာပြီး လည်ပတ်ရန် နည်းလမ်းများအနက် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီထည့် ရုပ်ြ<ွကင်း လောင်စာများကို သုံးပြီး အင်ဂျင်များကို နှိုင်းပြီး ဒိုင်နမိုများ လည်ပတ်စေသည်။ ထိုနည်းဖြင့် လျှပ် စစ်ထုတ်ယူကြသည်။
.
သဘာဝဓာတ်ငွေ့၊ ထင်း၊ ဖွဲ၊ မီးထိုးဆီများကို လောင်မြိုက်စေခြင်းဖြင့် ရသည့် အပူဓာတ်ကို ရေကို အပူပေးသည်။ ဆူပွက်လာသည့် ရေတွင် ရေနွေးငွေ့များ ထွက်လာသည်။ ထိုရေနွေးငွေ့ကို သုံးပြီး လျှပ်ထုတ်သည့် တာဘိုင် စက်ကြီးများကို လည်ပတ်စေခြင်းဖြင့် လျှပ်စစ်ဓာတ်ကို ထုတ် ယူသည်။ တစ်နည်းအားဖြင့် လှည့်အားတစ်ခု ဖြင့် ဒိုင်နမိုကြီးကို လည်ပတ်စေခြင်းဖြင့် လျှပ်စစ်ကို ထုတ်ယူခြင်း ဖြစ်သည်။ မည်သို့သော နည်းလမ်း များကို သုံးသည်ဖြစ်စေ ဒိုင်နမိုကို အခြေခံပြီး လျှပ်စစ်ထုတ်ခြင်း ဖြစ်သည်။ ဒိုင်နမိုကို ဖြေးဖြေး မှန်မှန် လှည့်ပေးသော် လျှပ်စစ်ဓာတ် အနည်းအ ကျဉ်းသာ ထွက်သည်။ မြန်မြန်သွက်သွက်၊ လည် ပတ်စေသော် လျှပ်စစ်ဓာတ် ပမာဏများများ ထွက်စေသည်။ ဒိုင်နမိုကို အခြေခံပြီး လျှပ်စစ်ပ မာဏအနည်းအများကို ထုတ်ခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ် သည့်နည်းလမ်း သုံးခုရှိသည်။ ဒီဇယ်၊ ဓာတ်ဆီ ကဲ့သို့ ရုပ်ကြွင်းလောင်စာများကို အသုံးပြုပြီး အင် ဂျင်နှင့် ဒိုင်နမိုကို တွဲထားပြီး အင်ဂျင်ကို နှိုးပြီး အင်ဂျင်နိုးထလာသော် ဒိုင်နမိုကို လှည့်ပြီး လျှပ် စစ်ဓာတ် ထုတ်ပေးသည့်နည်း၊ ဒုတိယတစ်နည်း မှာ သဘာဝဓာတ်ငွေ့ကို မီးရှို့ပြီး ရေနွေးငွေ့များ ဆူပွက်စေပြီး ဆူပွက်လာသော ရေနွေးငွေ့အား နှင့် တာဘိုင်စက်ကြီးကို လည်ပတ်စေသည့်နည်း၊ တတိယနည်းလမ်းမှာ ရေအားလျှပ်စစ် ထုတ်ယူ ခြင်း ဖြစ်သည်။ လူသိများသည့် နည်းဖြစ်သည်။ အမြင်မှာကျနေသောရေအားကို အသုံးပြုပြီး ဒလက်ကြီးကို လှည့်ပေးပြီး လျှပ်စစ်ဓာတ်အားကို ထုတ်သည့်နည်း ဖြစ်သည်။ ဒိုင်နမိုမှ ဒလက်ကြီး များကို အမြင်မှ ဖိအားဖြင့် ကျနေသော ရေက လည်ပတ်စေခြင်းဖြင့် တာဘိုင်စက်ကြီးများကို လည်ပတ်စေကာ လျှပ်စစ်ကို ထုတ်ပေးပါ။
.
လျှပ်စစ်ထုတ်ယူရသည့် နည်းလမ်းများအနက် ရေအားလျှပ်စစ်ဖြင့် ထုတ်ခြင်းသည် မြန်မာပြည် အတွက် အလွန်ရေးပါသည်။ မြန်မာနိုင်ငံ၏ ပထ ဝီအနေအထားသည် တောတောင်ရှိ မြောင်များ ထူထပ်ပေါများသည်။ မြေပြန့်လွင်ပြင်များ တည်ရှိသလို ကုန်းမြင့်ဒေသများလည်း ရှိသည်။ မြောက်မှတောင်သို့ စီးဆင်းနေသည့် မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့လည်း တည်ရှိနေသည်။ သဘာဝအားဖြင့်လည်း မိုးရာသီတွင် မိုးဖြိုင်ဖြိုင် ရွာသွန်း သည့် ရာသီဥတုကို ပိုင်ဆိုင်ထားသည်။ ထိုအခြေ အနေများကြောင့် မြန်မာပြည်အတွက် ရေအား လျှပ်စစ်ကို အဓိကထား လုပ်ဆောင်သင့်သည်။ သို့သော် ရေအားလျှပ်စစ် ထုတ်ခြင်းသည် ထုတ် ချင်တိုင်း ထုတ်၍ မရနိုင်ပါ။ လုံလောက်သည့် ဖိ အားကို ပေးနိုင်သည့် ရေတံခွန်များလည်း ရှိရန် လိုပါသည်။ အမြင့်မှ ကျသော ရေဖိအားရှိရန် လို ပါသည်။ အမြင့်မှ ကျသော ရေဖိအားရှိသည့်တိုင် ထိုနေရာတွင် စက်ရုံတည်ရန် အဆင်ပြေမပြေကို လည်း ထည့်သွင်းစဉ်းစားရန် လိုပါသည်။ တစ်ခါ တစ်ရံတွင် ထိုနေရာများတွင် ကားလမ်း၊ ရထား လမ်းများ ထပ်မံ ဖောက်လုပ်ရန် အခက်အခဲများကို ထည့်တွက်ပေးရမည်။ စက်ရုံကြီးတစ်ရုံ တည်  ဆောက်ရန် ကိစ္စသည် စာရွက်ပေါ်မှ စီမံကိန်းများ လို အဆင်ပြေချောမွေ့မည် မဟုတ်တာက သေ ချာသည်။
.
စက်ရုံ တစ်ရုံကို ချောချောမောမော တည် ဆောက်နိုင်သော်လည်း ¤င်းစက်ရုံမှ ထွက်လာ သည့် လျှပ်စစ်ဓာတ်ကို မြို့များရွာများသို့ ပေးပို့ ဖြန့်ဝေရန် တောတောင် လျှိုမြောင်ကမူ ချောင်း မြစ်များကို အဆင့်ဆင့် ဖြန့်စေပြီး ရောက်ရှိပေ မည်။ အချို့သော နေရာများသည် လက်နက်ကိုင် အင်အားစုများ ကြီးစိုးထားသော နယ်မြေများ၊ လက်နက်ကိုင် လှုပ်ရှားမှုများ ရှိနေသောနယ်မြေ များ ဖြစ်နေတတ်သည်။ လုံခြုံမှုအားနည်းသော သို့မဟုတ် လုံခြုံမှု စိတ်မချရသော နယ်မြေများ ဖြစ်နေတတ်သည်။  ထိုနေရာများကို ဖြတ်သန်း ပြီး သွယ်တန်းရသော် တော်တော်စဉ်းစားရန် လို သည်။ တစ်စုံတစ်ယောက်သောသူက လျှပ်စစ် ဓာတ်တိုင်များ သို့မဟုတ် မဟာဓာတ်အားလိုင်း ကြီးကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဗုံးခွဲခြင်း များ လုပ်နိုင်သည်ကို ထည့်သွင်းစဉ်းစားရန် လို သည်။
.
ရေအားလျှပ်စစ် ထုတ်ရန် အခြေခံအချက် များအားလုံး ပြီးပြည့်စုံနေသည့်တိုင် လျှပ်စစ်မီး သွယ်တန်းရန် ဓာတ်တိုင်များ တည်စိုက်ခြင်း၊ ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း၊ မြို့ရွာများ ရပ်ကွက်များသို့ ပေးပို့သည့်အခါ ထရန်စဖော်မာ ခေါ် မီးအားမြှင့်တင်ပေးသည့် စက်များလည်း အ ခြေခံကျကျ လိုအပ်ပေလိမ့်မည်။ တစ်နည်းဆိုရ သော် လျှပ်စစ်အားလိုင်း သွယ်တန်းခြင်း၊ မီးပေး ခြင်းသည် မူလလုပ်ငန်းကို စတင်သည်နှင့် ကုန် ကျစရိတ် အလွန် များလှသည်။ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် နေရာ အ တော်များများ ရှိနေသော်လည်း တကယ့်လက် တွေ့တွင် တည်ဆောက်ရန် နေရာ အခက် အခဲများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဝေရန် အခက် အခဲများ၊ လုံခြုံရေး အခြေအနေများကို တွက် ဆနေရခြင်းများလည်း ရှိနေပါသည်။ လက်ရှိ အခြေအနေနှင့် စိတ်ရှိတိုင်း မလုပ်ပေးနိုင်သည်ကို နားလည်မှု ပေးရန်လိုသည်။ အစိုးရများအနေနှင့် လုပ်နိုင်သည့် အနေအထားများအတိုင်း လုပ် ဆောင်ပေးနေသည်ကိုလည်း မြင်တွေ့နေရသည်။ နှစ်ပေါင်းများစွာကပင် ကျော်ကြားထင်ရှားခဲ့သည့် ရေအားလျှပ်စစ် စီမံကိန်းမှာ ဘီလူးချောင်းရေ အားလျှပ်စစ် စီမံကိန်းပင် ဖြစ်သည်။ နောက်ပိုင်း ကာလတွင် ရေအားလျှပ်စစ် စီမံကိန်းများလည်း အများအပြား ရှိလာသည်။ ဥပမာ၊ ရဲရွာရေအား လျှပ်စစ် စီမံကိန်းတို့ ဖြစ်သည်။ လောလောဆယ် အားဖြင့်လည်း မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှု ပမာဏကို တွက်ဆကြည့်သော ရေအားလျှပ်စစ် ထုတ်လုပ်မှုသည် ပမာဏအများဆုံး ဖြစ်နေသည်။
.
လျှပ်စစ်ဓာတ်အား ထုတ်ယူမည့်နည်းသည် ယနေ့ခေတ်ကာလတွင် အများအပြား ရှိလာသည်။ နေရောင်ခြည်မှ ဓာတ်အားထုတ်ယူခြင်းဖြင့် လျှပ် စစ်အခက်အခဲကို ဖြေရှင်းနိုင်အောင် ကြိုးစားနေ ကြသည်။ ဆိုလာဆဲ(လ်)ဟု လူပြောများနေသည့် နေရောင်ကို ခံပြီး အီလက်ထရွန်များ ထုတ်ပေး သည့် နည်းဖြင့် ဘက်ထရီများကို အားဖြည့်ပေး သည်။ တစ်နိုင်တစ်ပိုင်အားဖြင့် တစ်ကိုယ်ရေသုံး၊ မိသားစုသုံး အနေဖြင့် သုံးစွဲနိုင်သည်ဟု ဆိုရမည်။ အမှန်တကယ် ကျယ်ပြန့်သည့် လွင်ပြင်ကျယ်ကြီး တွင် နေရောင်ခံ ဆိုလာပြားများ အများကြီးထား ပြီး မြို့တစ်မြို့ကို လျှပ်စစ်ဓာတ်အား ပေးနိုင်ရန် လုပ်ဆောင်ခြင်းများ ရှိလာသည်။ အားနည်းချက် မှာ နေရောင်ရနေသည့် အချိန်တိုတောင်းပါက လျှပ်စစ်ဓာတ်အား ထွက်သော်လည်း ညလို အ ချိန်ကာလများတွင် နေအလင်းရောင် မရှိသည့် အချိန်များတွင် ဘက်ထရီဖြင့် သိုလှောင်ထားသည့် စွမ်းအင်ပမာဏကို ချင့်ချိန်တွက်ဆနေရခြင်းများ လည်း ရှိလာသည်။
.
နောက်ထပ် တစ်နည်းမှာ ဝင်းပါဝါ ဟုခေါ် ခေါ် ဝင်းတာဘိုင်ဟု ဆိုဆို လေတိုက်နှုန်းကို အားပြုတည်ဆောက် ထားသည့် လေအားလျှပ်စစ် ဖြစ်သည်။ သူ၏ အားနည်းချက်မှာ တစ်နာရီကို အ နည်းဆုံး လေတိုက်နှုန်း ကီလိုမီတာ (၂ဝ)ရှိရ မည် ဖြစ်သည်။ ယင်းအောက်နှုန်းဖြင့် လေတိုက်ပါက အလုပ်မဖြစ်တော့ခြင်း ဖြစ်သည်။ လေအားလျှပ် စစ်ဒလက်ကြီးကို လေတိုက်သည့် နေရာတွင် တည်ဆောက်ရန်မှာ ကုန်းတွင်းဒေသများတွင် ကုန်ကျစရိတ် အလွန်များသည်ဟု ဆိုကြသည်။ ထို့ကြောင့် နောက်ပိုင်းကာလများတွင် ကမ်းလွန် ပင်လယ်ပြင် ဒေသများတွင် ထိုတာဘိုင် စက်ကြီး များကို  တပ်ဆင်အထိုင်ပြုထားသည်။ ကမ်းလွန် ပင်လယ်ပြင်ဒေသဖြစ်ခြင်းကြောင့် လေတိုက်နှုန်း လည်း စိတ်ချရသည်။ (၂၄)နာရီ တွင် ၃ ပုံ ၄ ပုံ နာရီလောက် လေတိုက်သည့် ကုန်းတွင်းပိုင်း ထက် ကမ်းလွန်ပင်လယ်ပြင်သည် လေတိုက်နှုန်း စိတ်ချခြင်းက ပိုပါသည်။ နောက်တစ်နည်းမှာ ဒီ ရေလှိုင်းအားကို သုံးပြီး ဒီရေအတက်အကျ အမြဲ ရှိနေသည့် ကမ်းခြေတွင် လှိုင်းပုတ်သည့် အားကို အသုံးပြုပြီး လျှပ်စစ်ထုတ်သည့် ဒိုင်နမိုကိုလည် ပေးခြင်း ဖြစ်သည်။ ယနေ့ခေတ်တွင် အဆင့်မြင့် နည်းပညာတစ်ခုဟု ဆိုရမည့် နျူကလီးယား လောင်စာကို အသုံးပြုပြီး ထုတ်ယူခြင်းဖြစ်သည်။ နျူကလီးယားလောင်စာချောင်းများကို အသုံးပြုပြီး အတိုးအလျော့ လုပ်ပြီး ရေနွေးငွေ့အားဖြင့် ဒိုင်န မိုများ၊ တာဘိုင်စက်ကြီးများကို လည်ပတ်စေခြင်း ဖြစ်သည်။ လျှပ်စစ်ကို ထုတ်ယူကြခြင်း ဖြစ်သည်။
.
နောက်ထပ်တစ်နည်းမှာ ဘူမိအပူစွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ထုတ်ခြင်း ဖြစ်သည်။ မြေ အောက်တွင် အောင်းနေသည့် မြေအောင်းရေ တ ချို့သည် အပူချိန် ၁၅ဝ ဒီဂရီဆဲဆီးယပ်စ် အထိ အပူချိန် ရှိသည်ဟု ဆိုသည်။ ထိုသို့အပူချိန်ရှိ သည့် မြေအောင်းရေတချို့ကို မြေပြင်ပေါ်သို့ စုပ် ထုတ်ပြီး အပြင်သို့ စုပ်ထုတ်လိုက်သဖြင့် အပူချိန် ကျဆင်းသွားသည်။ ယင်းရေပူမှ ရေနွေးငွေ့အဖြစ် ပြောင်းလဲသွားပြီး တာဘိုင်စက်ကိုလည်ပတ်စေ သည်ဟု ဆိုသည်။ ယနေ့ခေတ်တွင် တာဘိုင်စက် ကိုလည်ပတ်စေသည့် နည်းလမ်းများသည် အများ အပြားရှိသည်ဟု ဆိုနိုင်သည်။ မိမိတို့ တတ်နိုင် သည့်နည်းပညာ၊ ငွေကြေးအင်အားဖြင့်၊ လူအင် အားဖြင့် ထုတ်လုပ်ကြသည်။ အချို့သော နိုင်ငံ များသည် ယခုတင်ပြခဲ့သည့် နည်းလမ်းများကို အသုံးပြုကြသည့် နိုင်ငံများရှိသလို နျူကလီးယား ကို အဓိက ဦးတည်ပြီး ထုတ်လုပ်နေကြသည့် နိုင် ငံများလည်း ရှိပါသည်။ ကျောက်မီးသွေးကို အဓိ ကအားထားပြီး လျှပ်စစ်ထုတ်နေသည့် နိုင်ငံများ လည်းရှိသည်။ ရုပ်ြ<ွကင်းလောင်စာများကို အဓိက ထား ထုတ်နေသည့် နိုင်ငံများလည်း ရှိသည်။ ထုတ်လုပ်သည့် နည်းလမ်းများကလည်း အများ အပြား ရှိနေခြင်းကြောင့် ရင်းနှီး မြှုပ်နှံမှုတွင် ပြန်လည်ရရှိလာသည်။ လျှပ်စစ်ပမာဏနှင့် နိုင်ငံအလိုက် အကျိုးအမြတ် ရရှိနိုင်မှု အနေ အထားမှာလည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ အနေ အထားလည်း မတူညီကြပေ။ အချို့သော နိုင်ငံများသည် နျူကလီးယားဖြင့် ဓာတ်အား ထုတ်လုပ်ခြင်းကို အန္တရာယ်များသည်ဟု ယူ ဆပြီး မသုံးသည့် နိုင်ငံများလည်း ရှိနေသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အမြင်မတူသည်ကို တွေ့နိုင် သည်။
.
ပြင်သစ်နိုင်ငံသည် နျူကလီးယား စွမ်းအင် ကို အဓိကထားပြီး သုံးစွဲနေသည်။ သူ့နိုင်ငံအနေ အထားအရ ရေနံလည်း မထွက်ခြင်းကြောင့် ဖြစ် မည်။ ရွေးချယ်စရာ မရှိခြင်းကြောင့်လည်း ဖြစ် မည်။ ကျောက်မီးသွေးအလျှံပယ် ထွက်သည့် သြ စတြေးလျလို နိုင်ငံများတွင်မူ လျှပ်စစ်စွမ်းအင်အ တွက် ကျောက်မီးသွေးကို အားဖြည့်လောင်စာအ ဖြစ် အသုံးပြုကြသည်။ ယနေ့ခေတ်တွင် နိုင်ငံ တော်တော်များများတွင် ရွေးချယ်စရာ နည်းလမ်း များ ရှိလာပြီဟု ဆိုနိုင်သည်။ ရွေးချယ်တတ်ဖို့ သာ အဓိက ဖြစ်သည်ဟု ဆိုရမည်။
.
၁၉၈ဝ ပြည့်နှစ်များတွင် ဘူမိဗေဒ ပညာရှင် များက ကမ္ဘာပေါ်အရပ်ရပ်ရှိ မြေကြီးများအောက် တွင် ရှိနေသော ရေနံများ မည်မျှကျန်သေးသည် ကို ကမ္ဘာပေါ်တွင် ယနေ့ကာလတွင် သုံးစွဲနေ သည့် ရေနံသုံးစွဲမှုနှုန်း မည်မျှရှိသည်ကို အချိန် သုံးလေးနှစ်ခန့် အချိန်ယူပြီး တိုင်းတာတွက်ချက် ကြသည်။ လက်ရှိ ကမ္ဘာ့မြေလွှာ အောက်တွင် ရှိ နေသည့် ရေနံကြော၊ ရေနံသိုက်၊ ရေနံပမာဏ သည် လက်ရှိ ကမ္ဘာ့လူဦးရေမှ ယခုနှုန်းအတိုင်း မလျော့တမ်း သုံးစွဲသွားမည်ဆိုပါက နောင်နှစ်ပေါင်း ၅ဝ တွင် ကုန်သွားနိုင်သည်ဟု တွက်ချက်ခဲ့သည်။ သို့သော် ရေနံနှင့် ပတ်သက်သည့် သိပ္ပံပညာရှင် များက ကမ္ဘာ့မြေလွှာအောက်တွင် ရေနံသိုက်များ ကို ထပ်မံတွေ့ရှိခဲ့သည်။ ဥပမာ ဆိုဗီယက်၊ ရုရှား ပိုင်ခဲ့သော အလာစကားပြည်နယ်ကြီးသည် အမေရိကန်အစိုးရထံသို့ ဒေါ်လာခွန် နှစ်သိန်းဖြင့် ရောင်းချခဲ့သည်။ ဝန်ထမ်းများကို လစာပေးရန် ဆိုဗီယက် အစိုးရမှ ရောင်းချပေးခဲ့သည်။ ထိုကာ လက သုံးစားလို့ မရသည့် နယ်မြေအဖြစ် အမြဲ တမ်း ရေခဲနေသည့် ပြည်နယ်အဖြစ် အမေရိကန် ပြည်သူတို့မှ ဝိုင်းဝန်းအပြစ်တင်ခဲ့ကြသည်။ သို့ သော် လူအများက အပြစ်တင်ခဲ့သည့် အလာစ ကားပြည်နယ်ကြီးသည် သဘာဝသယံဇာတများ သုံးမကုန်အောင် အလျှံပယ် ထွက်နေသည်။ အ ထူးသဖြင့် ရေနံသည် အလျှံပယ်ထွက်နေသည်။ ယင်းကို ထောက်ချင့်ကြည့်ခြင်းအားဖြင့် နိုင်ငံတစ် ခု၏ သဘာဝအရင်းအမြစ် ဆိုသည်မှာ အသုံးချ တတ်သည့် အစိုးရနှင့် လူ့အဖွဲ့အစည်းပေါ်တွင် များစွာ မူတည်နေသည်ဟု ကောက်ချက်ချသော် ရနိုင်သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats