မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကျောက်မဲမြို့၊ ရပ်ကွက် (၂)၊ နယ်မြေ (၁၅)တွင် မူးယစ်ဆေးဝါး ရောင်းချ သုံးစွဲနေကြောင်း
သတင်းအရ ကျောက်မဲရဲစခန်းမှ သွားရောက်ရှာဖွေရာတွင် နေအိမ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူ
လူငယ် ၄ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ်လ ၂ ရက်က ကျောက်မဲမြိုမရဲစခန်းမှ
သိရှိရသည်။
.
.
"သက်သေအနေနဲ့
လူငယ်တွေ ပျက်စီးနေတာကို ဗွီဒီယိုပါရိုက်ထားလိုက်တယ်။ ကလေးတွေရဲ့အနာဂတ်ကတော့ ပျက်စီးနေကြတာပါ။
ထိထိရောက်ရောက် နှိမ်နင်းဖို့ လိုအပ်နေပါပြီ။ လူငယ် ၁၀ ဦးမှာ ၄ ဦးလောက်က ဆေးစွဲနေကြပါပြီ`ဟု
ကျောက်မဲမြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း-MANA မှ ဦးတင်မောင်သိန်းကပြောသည်။
သြဂုတ်လ ၂ရက်
နံနက် ၉ နာရီခွဲခန့်က မူးယစ်ဆေးဝါးရောင်းချသုံးစွဲနေကြောင်းသတင်းအရ နယ်မြေနယ်ခံ စရဖ
နှင့်ရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် ရှာဖွေ ၀ရမ်းဖြင့် သတင်းရရှိသည့် ကျောက်မဲမြို့၊ ရပ်ကွက်(၂)၊ နယ်မြေ
၏(၁၅)ရှိ သိန်းထွန်းဦး ဆိုသူ၏ အိမ်သို့ ဝင်ရောက်ရှာဖွေရာ အိမ်ရှင်သိန်းထွန်းဦး နှင့်အတူ
ကျောက်မဲမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၇)နေ ဖြိုးဟန်မြင့်၊ နောင်ချိုမြို့၊ တောင်ရပ်ကွက်၊
နယ်မြေ (၃)နေ ကျော်လင်းထွန်း၊ နမ့်ဆန်မြို့၊
ဖယန်းကြီးရွာနေ စိုးသူတို့ ၄ ဦး အား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာမှ ဘိန်းဖြူဟုယူဆရသော
ဖြူဝါရောင်အမှုန့် ၀ ဒသမ ၁၀ ဂရမ်နှင့် ဆေးထိုးအပ် ၁ ချောင်း၊ စိတ်ကြွမူးယစ်ဆေးပြာ၁၂၀
ပြားနှင့် ကော်ပိုက်တပ်ရေသန့်ဘူး ၂ ဘူးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် သိန်းထွန်းဦး(၂၆)နှစ်၊ ဖြိုးဟန်မြင့်(၂၄)နှစ်၊ ကျော်လင်းထွန်း(၁၈)နှစ်၊ စိုးသူ(၁၈)နှစ်တို့အား
ကျောက်မဲမြို့မရဲစခန်းမှ မယ(ပ) ၂၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan