လဲချားတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး စတင်လုပ်ဆောင်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လဲချားတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး စတင်လုပ်ဆောင်နေ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
လာမည့် နိုဝင်ဘာလ ၃ ရက် တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ပါဝင်ယှဉ်ပြိုင်မည့်လွှတ် တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရ သည်။
.
 
.
''MRTV မှာ ပါတီဥက္ကဌ ဦးစိုင်း အိုက်ပေါင်းက ကြားဖြတ်အတွက် စည်းရုံးရေးဟောပြောခဲ့ပါတယ်။ ကျွန် တော်လည်း စည်းရုံးရေးဆင်းဖို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်၊ ပါတီ EC လူကြီး တွေနဲ့ တိုင်ပင် နေပါတယ်။ ရဟန်း၊ သံဃာ လူထုတွေလိုလားတဲ့ ပါတီတွေ မပေါင်းစည်းနိုင်မှုက ကျွန်တော်တို့ ရှမ်းလူမျိုးတွေ အတွက် အလွန်ကြီးမား တဲ့ အခက်အခဲတွေပါ။ စုစည်းပူးပေါင်း မှုအားနဲ့ လူမျိုးအတွက် တတ်စွမ်း သမျှ လုပ်ဆောင်သွားပါမယ်''ဟု ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းရွှေဆိုင်းမှ ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဖြစ်သူ စိုင်းဥက္ကာက ''၂ လစာ Plan ကို ရေး ဆွဲပြီး ကော်မရှင်ကို ဒီနေ့(စက်တင်ဘာလ ၆ ရက်)ပဲ တင်မှာဖြစ်ပါတယ်။  လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ် EC တွေ၊ အောင်နိုင်ရေးအဖွဲ့တွေ၊ လူငယ်အဖွဲ့တွေ အားနဲ့စုစည်းပြီး စည်း ရုံးရေးဆင်းမှာ ဖြစ်ပါတယ်၊ ကွယ်လွန်သွားတဲ့ ကျွန်တော်တို့ ပါတီက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်းရဲ့ တာဝန်ကို ဆက်ပြီး ထမ်းဆောင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်''ဟု ပြောကြားခဲ့သည်။
.
ထို့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ စိုင်း အောင်ထွန်းလေးကလည်း ''ဗဟို၊ ပြည်နယ်၊ မြို့နယ်ကလူကြီးတွေ၊ လွှတ် တော်ကိုယ်စားလှယ်တွေနဲ့ မဲဆွယ် စည်းရုံးရေးဆင်းဖို့ တိုင်ပင်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်''ဟု ဆိုသည်။
.
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးကာလကို ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ရက်ပေါင်း ၆ဝ  သတ်မှတ် ပေးထားပြီး လဲချားမြို့နယ်ပြည်သူ့ လွှတ်တော်နေရာကို  SNDP ၊ SNLD နှင့် NLD ပါတီတို့မှ ဝင်ရောက်ယှဉ် ပြိုင်ကြမည်ဖြစ်ကာ အဆိုပါ သတ် မှတ်ကာလအတွင်း လဲချားမြို့နယ်ရှိ မြို့ပေါ် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၁၉ ခုတွင် သက်ဆိုင်ရာ ပါတီအသီးသီး က မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ကြမည် ဖြစ်သည်။
.
''ပါတီလိုက် အစီအစဉ်တွေ ဆွဲနေ ကြတယ်လို့တော့ သိထားပါတယ်။ မဲ ဆွယ်စည်းရုံးခွင့်လာတင်ပြီး ၃ ရက် အ ကြာမှ ခွင့်ပြုမိန့်ချပေးဖို့ရှိပါမယ်။ ဒီလ အတွင်းမှာလည်း ရွေးကောက်ပွဲဆိုင် ရာ အကြိုသင်တန်းတွေကို ရပ်/ ကျေး တွေမှာ ဖွင့်လှစ်ဖို့ရှိပါ့မယ်''ဟု လဲချား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းမွေဖောင်က ပြောသည်။
.
လာမည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဆန္ဒမဲ ပေးမည့် မဲဆန္ဒရှင်ဦးရေမှာ နိုဝင်ဘာ လ ၃ ရက်အထိ စာရင်းများအရ  ၃၉၃၂၁ ဦးရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats